သုံးသပ်ချက်များ

VIP မုန့်ပျားသလက် (မုန့်ရေပါး)

Mandalay food

ဒီတစ်ခါတော့ မုန့်ပျားသလက် ကြိုက်သူတိုင်း သွားစားကြည့်သင့်တဲ့နေရာလေးကိုေြပာပြမယ်။ ကိုယ်လဲသိတာမကြာသေးဘူး… သူများတွေပြောတာတော့ မအေးသောင်းတို့တောင် နာမည်ကြီးလွန်းလို့ လာစားသွားပြီလို့ပြောတာပဲ… ကျွန်တော်ကတော့ မန္တလေးမှာနေပြီး မသိလိုက်ဘူးဖြစ်သွားတယ် So sad…
Mandalay Snacks

တစ်နေ့ကတော့ မရောက်ရောက်အောင်သွားစားခဲ့ပြီး တစ်ကယ်ကိုအားရမိလို့ Doemal ကချစ်တို့ကို လက်တို့ချင်တာ။ ဆိုင်ကတော့ မြို့သစ်ထဲမှာရှိတယ်။ မြို့ထဲကနေလာမယ်ဆို ၆၈ လမ်းအတိုင်း တည့်တည့်လာခဲ့ပြီး မနော်ဟရီလမ်းကြီးကိုကျော်တာနဲ့ စိန်ပန်းလမ်းကိုရှာလိုက်ပါ။ စိန်ပန်းလမ်းရောက်ရင် အနောက်ဖက်ခြမ်းကိုကွေ့ဝင်ခဲ့လိုက်တဲ့အခါ လမ်းမွှာလေးတွေထပ်တွေ့ရပါလိမ့်မယ်။ အဲ့ဒီလမ်းမွှာတွေထဲက ပိတောက်လမ်းရောက်တဲ့အခါ တောင်ဖက်လာခဲ့လိုက်ရင် ဆိုင်ကိုတန်းတွေ့ပါလိမ့်မယ်။ ဆိုင်နာမည်လည်း မှတ်ရမခက်ပါဘူး။ VIP မုန့်ပျားသလက်ဆိုင်တဲ့။ ဆိုင်ကလဲ တို့တွေမန္တလေးမှာတွေ့ရများတဲ့ လမ်းဘေးမှာ ဒီတိုင်းမီးဖိုလေးနဲ့ချရောင်းေနတဲ့ဆိုင်မျိုးမဟုတ်ဘူးနော်… ရောက်ရင်သိပါလိမ့်မယ်။

Mandalay Snacks

ဒီမှာ မုန့်ပျားသလက် (သူကတော့ မုန့်ရေပါးလို့ပဲခေါ်ရမယ်ထင်တယ်) ကို မျိုးစုံကြိုးခုန်ပြီးစားလို့ရတယ် 😁😁😁။  ဘယ်လိုမျိုးစုံစားလို့ရတာလဲဆိုရင် သူက ကြက်ဥ ငုံးဥ ဝမ်းဝမ်းကြက်အူချောင်း စတာတွေကို မျိုးစုံထည့်စားလို့ရတာပါပဲ။ ဘာမှမထည့်ပဲအလွတ်လဲစားလို့ရပါတယ်။ သူတို့ဆီမှာ လူကြိုက်အများဆုံးကတော့ VIP မုန့်ပျားသလက်တဲ့။ သူကတစ်ခုကို ကြက်ဥ ၂ လုံး၊ ငုံးဥ ၅ လုံး၊ ဝမ်းဝမ်းချောင်းတစ်ချောင်း ပါတဲ့အပြင် ပဲပြုတ်၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက် စတဲ့အစာပလာများနဲ့ ပြင်ဆင်ပေးတာဖြစ်ပါတယ်။ စျေးကလဲတန်မှတန် တစ်ချပ်ကို ၉၀၀ ပဲပေးရတာ။ VIP တစ်ချပ်စားရင်ကို ကိုယ်လိုအစားကြီးတဲ့သူ ဗိုက်ရိုက်နေလို့ရတယ်… ငိငိ။

ဗိုက်ရိုက်လို့ရတယ်ဆိုပေမယ့်လဲ ကိုယ်ကအမျိုးစုံအောင် စားကြည့်ချင်တာနဲ့တစ်မျိုးကိုတစ်ခုစီမှာစားခဲ့တာပေါ့နော်။ တော်သေးတယ် သူငယ်ချင်းတွေပါလို့ မဟုတ်ရင် ဒီတိုင်းထားခဲ့ရတော့မှာ 😁😁😁

အရသာကကျတော့ ဘယ်လိုပြောရမလဲ ကြက်ဥ ငုံးဥတွေရဲ့အစိမ့်အရသာအပြင် မုန့်ပျားသလက် (မုန့်ရေပါး)ရဲ့ အရသာလုံးဝမပျက်ပဲ အတော်စားလို့ကောင်းတယ်လို့ မှတ်ချက်ချမိပါတယ်။ မုန့်ရေပါးကြွပ်ကြွပ်လေးကို တစ်ဂျွမ်းဂျွမ်းဝါး ပဲစေ့လေးတွေ ကြက်ဥအနှစ်လေးတွေနဲ့ ရောပြီးအရသာခံကြည့်ရင်… အင်းမပြောတော့ဘူး ကိုယ့်ဟာကိုယ်သာတွေးကြည့်ပေတော့…

Mandalay Snacks

ရနိုင်တဲ့ပုံစံတွေက…

ကြက်ဥပဲပါတာ – 350
ငံုုးဥပဲပါတာ – 350
ဝမ်းဝမ်းချောင်းချည်းပါတာ – 350
ကြက်ဥ ငုံးဥ – 550
ကြက်ဥ ဝမ်းဝမ်းချောင်း – 500
ငုံးဥ ဝမ်းဝမ်းချောင်း – 500
ကြက်ဥ ငုံးဥ ဝမ်းဝမ်းချောင်း – 900
အလွတ် – 150
ပွဲစျေးတွေမှာဆို ဘာမှမပါ အလွတ်ချည်းကို တစ်ခု ၅၀၀ ပေးနေရတဲ့မန္တလေးမှာ ဒီဆိုင်လေးကတော့ တစ်ကယ်ကိုစျေးချိုတာမို့ သွားရောက်မြည်းစမ်းကြည့်ကြပါဦးလို့…

မန္တလေးက ဆိုင်ကောင်းကောင်းလေးတွေကို www.doemal.com/getdoemal မှာ ရှာကြည့်လို့ရပါတယ်နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top