ဂျပန်

အကောင်းဆုံးသော ကော်ဖီနှင့်အစားအစာများရရှိရာ ” Tokyo Cafe & Bar”

 

စမ်းချောင်းဆိုတာ အစားအသောက်ကောင်း ချစ်သူတွေအတွက် အစားအသောက်ကောင်းများစွာကို ရ ရှိနိုင်တဲ့ ရန်ကုန်မြို့ရဲ့နာမည် ကျော်နေရာတစ်ခုဖြစ်ပါတယ်။  ဒီတခါမှာတော့ စျေးနှုန်းသင့်တင့်ပြီး တကယ်ကို ချစ်စရာကောင်းလှတဲ့ Cafe & Bar တစ်ခုကို “Doemal” အဖွဲ့ က မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန် အစားအစာများနဲ့ ကော်ဖီကောင်းကောင်း ရနိုင်ပြီး ချစ်စရာ ဂျပန်ကော်ဖီဆိုင် အပြင်အဆင်ရှိတဲ့ ဆိုင်လေး စမ်းချောင်း ပဒုမ္မာလမ်းမှာ တည်ရှိပါတယ်။ ဒီဆိုင်လေးကတော့ “Tokyo Cafe & Bar” ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ် ။

ဒီဆိုင်လေးကတကယ်ကို ချစ်စရာကောင်းတဲ့ အပြင်အဆင်ရှိလှတဲ့ဆိုင်လေး ဖြစ်ပါတယ်။ အထပ်၂ထပ်ရှိပြီး ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့ နေရာ ထိုင်ခင်းရှိတာ ကြောင့် သူငယ်ချင်းတွေနဲ့တွေ့တွေ့ တယောက်တည်းပဲလာထိုင်ထိုင် တကယ်ကို အဆင်ပြေစေပါတယ်။  မိုးဖွဲဖွဲလေးရွာတဲ့အချိန်မှာ Tokyo Cafe & Barအပေါ်ထပ်မှာ မိုးဖွဲလေးတွေ ရွာနေတာကို ငေးရင်း ကော်ဖီကောင်းကောင်းလေးတစ်ခွက်သောက်လိုက်ရမယ်ဆိုရင်တော့ တကယ်ကို အရမ်းသာယာသွားပြီပေါ့နော်။  

လွတ်လပ်တဲ့ခံစားချက်ကို နှစ်သက်တဲ့ သူတွေအတွက်တော့ ဆိုင်အပြင်ဘက်မှာ တကယ်ကို လွတ်လွတ်လပ်လပ် ထိုင်လို့ရပါတယ်။ ညဘက်ဆိိုလည်း မီးရောင်လှလှလေးနဲ့ တကယ်ကို ရိုးရိုး ရှင်းရှုင်း လှပပြီး ကောင်းမွန်လှတဲ့ အစားအစာတွေသုံးဆောင်နိုင်တာကြောင့် ဒီဆိုင်လေးမှာ ချစ်သူလေးနဲ့ တွေ့မယ်ဆိုရင် တကယ်ကို အဆင်ပြေစေမယ့် နေရာလေးပါ။

ဒီဆိုင်လေးရဲ့ထူးခြားတဲ့ Decorationကတော့ ချစ်စရာကောင်းတဲ့ ကော်ဖီခွက်လေးတွေကို စင်ပေါ်မှာ တင်ကာအလှဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ရဲ့နံရံမှာ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံလှလှလေးတွေ ရှေးခေတ်က ကော်ဖီဖျော်စက်တွေ ကစိတ်ဝင်စားဖို့ ကောင်းသလို တကယ်ကို ချစ်စရာကောင်းလှပါတယ်။ အောက်ထပ်မှာရှိတဲ့ Open kitchenက ဖျော်တဲ့ ကော်ဖီနံ့မွှေးမွှေး လေးက တကယ်ကို ကော်ဖီချစ်သူတွေအတွက်  စွဲမက်ရလောက်အောင်မွှေးပျံ့နေပါတယ်။ “Tokyo Cafe & Bar” မှာ စုံလင်လှတဲ့ကော်ဖီအမျိုးစားကောင်းကောင်းတွေသုံးဆောင်နိုင်တဲ့အပြင် ဆိုင်မှာရှိတဲ့ ကော်ဖီအားလုံးကို အကောင်းဆုံးသော ကုန်ကြမ်းများနှင့်ပြုလုပ်ထားတာကြောင့် စစ်မှန်တဲ့ ကော်ဖီကောင်းကောင်း သောက်ချင်တဲ့သူတွေအတွက် နေရာကောင်းလေးဖြစ်ပါတယ်။

ဒါ့အပြင် အရသာကောင်းတဲ့ ဂျပန်အစားစာများ၊ အသုပ်များ၊  အချိူပွဲများ၊ အဆာပြေ အစားအစာများအပြင် ဘီယာ၊ Signature ကော့တေး၊ ကျန်းမာရေးနဲ့ညီညွှတ်လှတဲ့ဖျော်ရည်များ၊ ဝိုင် နှင့် စုံလင်လှတဲ့ အဖျော်ယမကာ များကိုသင့်တင့်တဲ့စျေးနှုန်းနဲ့အကောင်းဆုံးရ ရှိနိုင်တာကြောင့် သူငယ်ချင်းများနဲ့အတူ စားသောက်ပျော်ပါးလို့ကောင်းတဲ့နေရာလေးတစ်ခုလို့ Doemal အဖွဲ့က အကြံပြုပါရစေ။ TGIF မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူပျော်ပျော်ပါးပါး စားသောက်မယ် ဆိုလည်း တကယ်ကို သင့်တော်လှတဲ့ နေရာကောင်းလေး ဖြစ်ပါတယ်။ ဝန်ဆောင်မှုပိုင်းကတော့တကယ်ကို စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ဆိုင်ကို စဝင် လိုက်တာနဲ့နွေးထွေးဖော်ရွေတဲ့ ကြိုဆိုမှုကစတင်ပြီး အကောင်းဆုံးဝန်ဆောင်မှုကို ပေးနေတဲ့ဆိုင်လေး ဖြစ်တာကြောင့် အစားတလိုင်းတို့ စမ်းချောင်း ဘက်ရောက်ခဲ့ရင် သူငယ်ချင်းတွေနဲ့ တစ်ခါလောက် လာရောက်မြည်းစမ်းဖို့ နေရာသစ်လေး အဖြစ် Doemal က လမ်းညွှန်လိုက်ပါတယ်။

 Tokyo  Cafe & Bar

လိပ်စာ – ပဒုမ္မာလမ်း၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top