အစားအစာသစ် မိတ်ဆက်ခြင်း

Sedona Hotel Yangon ရဲ့အီတလီ အစားအသောက်များအား မြည်းစမ်းခြင်း

Italian Wine and Food

အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလို့လျှင် >>https://blog.doemal.com/en/a-taste-of-italy-from-north-to-south-in-sedona/

ပြည်တွင်းမှာ နေထိုင်တဲ့ သူတွေရော၊ လာရောက် လည်ပတ်တဲ့နိုင်ငံခြားသား ဧည့်သည်တွေ အတွက် အာရှတိုက်မှာ နေထိုင်ခြင်းက သင့်ဆီကို မဆုံးနိုင်တဲ့ ပျော်ရွှင်မူတွေ အတွေ့အကြုံသစ်တွေကို ဆောင်ယူလာပေးမှာပါ။

အခုပြောပြပေးမှာကတော့ အလန်းစား Hotel တွေထဲက တစ်ခုဖြစ်တဲ့ Sedona Hotel အကြောင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ တည်ရှိတဲ့ ဂုဏ်သတင်း ထင်ပေါ်ကျော်ကြားသော Sedona Hotel က 2017 မှာ ဆိုရင်တော့ဖြင် ့ Trip Traveller’s Top Spots award ကို ရရှိခဲ့ပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း Sedona Hotel ရဲ့မြေအောက်ထပ် ဝိုင်သိုလှောင်ခန်းမှာ အီတလီ အစားအသောက်နဲ့ ဝိုင် ရွေးချယ်ပွဲ ကို ကျင်းပခဲ့ပါတယ် ။

စာဖိုးမှူးကြီး Edmund Ng ကိုယ်တိုင် ဦးဆောင်ပြီး သူ့အသင်းသားများနှင့် စုပေါင်းကာ 4 course ပါတဲ့ dinner set ကို ကျွန်တော်တို့ အတွက် ပြင်ဆင်ပေးခဲ့ပါတယ် ။ အီတလီရဲ့နာမည်ကျော် ဝိုင်ထွက်ရာ ဒေသဖြစ်တဲ့ Antinori က ဝိုင် ကိုပါ မြည်စမ်းခဲ့ပါသေးတယ်။
ကျွန်တော်တို့ရဲ့ ညနေခင်းဟာဆိုရင်တော့ဖြင့် cocktail လေး ရယ်၊ အရသာလည်းရှိ အဆာပြေလည်းစားလို့ရတဲ့ အစားအသောက်လေးတွေ နဲ့ စတင်ခဲ့တယ် ။ ကျွန်တော်တို့အဖွဲ ့ဟာ အင်းလျာကန်ရေပြင်ကြီးကို မျက်နှာမူထားတဲ့ Inya Room မှာ စခန်းချခဲ့ပါတယ် ။

ကံကောင်းထောက်မှစွာနဲ့ပဲ ပွဲက ညနေ ခြောက်နာရီမှ စတဲ့အတွက်ကြောင့် ကျွန်တော်တို့တွေ အီတလီ ဝိုင်လေး သောက်သုံးရင်း ရန်ကုန်မြို့ကြီးရဲ့ ့ လှပတဲ့ ရွှေအိုရောင် နေဝင်ဆည်းဆာအလှကို ခံစားခဲ့ရတာ တကယ်ကို အမိုက်စားfeelingပါပဲဗျာ။
ပြီးတော့ ကျွန်တော်တို့ အပြင် တခြား ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ အချင်းချင်း အတွေ့အကြုံတွေ အပြန်အလှန်စကားပြောဆိုခဲ့ကြတယ်။ ကျွန်တော့်အနေနဲ့ ဒီအခိုက်အတန့်လေးကို ခဏတစ်ဖြုတ်လေး ရပ်တန့်ထားချင်မိတယ် ။
ကျွန်တော်တို့ စားသောက်စားပွဲမှာ နေရာယူခဲ့တယ် ။ လူတိုင်းလူတိုင်းက အီတလီ အစားအစာကို မြည်းစမ်းကြည့်ဖို့အတွက် အလွန်စိတ်လှုပ်ရှားနေကြမယ်လို ့ ကျွန်တော်ထင်ပါတယ်။

စာဖိုးမှူးကြီး Edmund Ng ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးထားသော အရသာရှိလှတဲ့ အီတာလီ အစားအသောက်နဲ ့အတူ Cellar Door မှာ သိုလှောင်ထားတဲ့ ဝိုင်တွေ ကို စပြီး မြည်းစမ်းခဲ့တယ် ။
ပထမဆုံး menu အနေနဲ့ Tosti Gran Cuvee ကို သောက်ခဲ့တယ်။ Tosti Gran Cuvee ဆိုတာ ပေါ့ပေါ့ ပါးပါး သောက်လို့ရတဲ့အီတလီ စပါကလင်ဝိုင်တစ်မျိုးပါ။

Seared Yellow Fin Tuna Lion

ပြီးတော့ Seared Yellow Fin Tuna Lion ကို ထပ်ပြီး မြည်းကြည့်ခဲ့တယ်။ ဟင်းနာမည်ကတော့ မြန်မာလူမျိုးတွေအတွက် အကျွမ်းတဝင်မရှိတဲ့ ထူးထူးဆန်းဆန်း နာမည်ကြီး ဖြစ်နေပေမယ့် ရှင်းအောင် ပြောမယ်ဆိုရင် ဒီဟင်းပွဲလေးကို ထောပတ်သီး ခရင်မ် ၊ အီတလီအသားလွှာ၊ ဆားငံရည်စိမ်ထားတဲ့ မုန်လာဥဝါ ၊ အကောင်းစားဆေးဖက်ဝင်အပင်တွေနဲ့ အရသာရှိအောင် ချက်ထားပါတယ်။ Chadonnay လိုခေါ်တဲ့ စပျစ်သီး အစိမ်းရောင်ကနေ ထုတ်ထားတဲ့ Capsula Viola Toscana ၀ိုင်ဖြူလေးနဲ့ ့အရမ်းကို လိုက်ဖက်တဲ့ဟင်းလျာပါပဲ။

Capsula Viola Toscana

 


အစားအသောက်တွေတည်ခင်းပေးတဲ့ သူတွေကလည်း ကျွန်တော်တို့ကို ဂရုတစိုက် service ပေးတဲ့ အတွက် စိတ်ကျေနပ်မှုအပြည့်အဝရစေတဲ့ အပြင် အီတလီ အရသာအစစ်တွေကို ပါ မြည်းစမ်းခဲ့ရတယ် ။
၀ိုင်နဲ ့အစားအသောက်တွေက အတော်လိုက်ဖက်ညီလွန်းတော့ ကျွန်တော်တို ့ခနတာ နစ်မြောသွားခဲ့ပေမယ့် စိတ်ဝင်စားစရာကောင်းလှတဲ့ အီတလီနိုင်ငံနဲ့ သူရဲ့ ့ယဉ်ကျေးမှုအကြောင်းကိုလည်း လေ့လာခဲ့ပါသေးတယ်။ တေးဂီတအဖွဲရဲ ့ ငြိမ့်ညောင်းလှတဲ့ နောက်ခံသီချင်းသံစဉ်ကြောင့် အရမ်းနွေးထွေးပြီး ကြည်နူးစရာ ညချမ်းလေး ဖြစ်ခဲ့ပါတယ်။


Lucky draw ticketတွေလည်း ရခဲ့သေးတယ်ဗျ။ ကျွန်တော်ထိုင်ခဲ့တဲ့ စားပွဲက ကံအကောင်းဆုံး နေရာဖြစ်ခဲ့တယ်လို့ ့ပြောရင် ယုံမှာလားဗျာ ။ ကျွန်တော်တော့ ကံထူးတဲ့လူတွေထဲကတစ်ယောက်ဖြစ်ခဲ့တယ်။ Cellar door ထဲက ၀ိုင်တစ်ပုလင်းပေါက်တာဗျ။ Cellar door ဆိုတာက ၀ိုင်တွေကိုအရသာကောင်းအောင် သတ်မှတ်ထားတဲ့အပူချိန်နဲ့ အအေးခံပြီးသိုလှောင်ထားတဲ့ မြေအောက်ခန်း ပေါ့ဗျာ။
Wild Mushroom Cannelloni ကိုလည်း အီတလီရဲ့ ့ နာမည်ကြီး Cadis Soave၀ိုင်ဖြူ လေးသောက်၊ အသီးလေးစားရင်း မြည်းခဲ့သေးတယ်။

Wild Mushroom Cannelloni

နောက်ထပ်ဟင်းလျာတစ်ခုကတော့ ကျွန်တော့်အကြိုက်ဆုံး Australia Beef Tenderloin ပါပဲ။ Australia Beef Tenderloin ကတော်တော်စိတ်ရှည်ပြီး ဂရုတစိုက်ချက်ရတဲ့ ဟင်းလျာတစ်ခုပါ။ ပုစွန်၊ အာလူးမီးဖုတ်၊ ကညွတ်၊ မှို၊ Foie gras ဆော့စ် တို့နဲ့ရောပြီး မီးနွေးနွေးလေးနဲ့ချက်ရတဲ့ လက်ရာမြောက်ဟင်းတစ်ပွဲ။ ဒါဟာ foodie တိုင်းရဲ ့ အိမ်မက်ဟင်းလျာဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကြည့်လိုက်ရုံနဲ့တင် မနားတမ်းစားချင်လာအောင် ဆွဲဆောင်နိုင်တာ နည်းတဲအစွမ်းလား။
Australia Beef Tenderloin နဲ ့အလိုက်ဖက်ဆုံးကတော့ဝိုင်နီပါ။ ကျွန်တော်တော့ Scialo Canicatti Terre Siciliane IGP ကိုရွေးခဲ့တယ်။ ၀ိုင်အရောင်က ပတ္တမြား ရောင်တောက်တောက်လေး၊ သူ့ရဲ့မှော်ဆန်တဲ့ အရသာကတော့ ချယ်ရီသီးရဲ ့ ပဥ္စလက်ကြောင့်ဖြစ်မယ်၊ မယုံနိုင်လောက်အောင်ပဲ။

Scialo Canicatti Terre Siciliane IGP


နောက်ဆုံးပိတ်အချိုပွဲ အနေနဲ့ Sein Ta Lone Mango Panna Cotta လေးစားခဲ့တယ်။ ဒီထက်ပိုကောင်းတဲ ့အချိုပွဲရှိလိမ့်မယ်လို့တောင် မထင်တော့ဘူးဗျာ။ ယိုထိုးထားတဲ့ ငရုတ်သီး၊ သီဟိုဠ်စေ့ ၊ ဆေးဖက်ဝင် အပင်တွေနဲ့ လုပ်ထားတာဗျ ။ ဒါကို Tosti Pink Moscato ၀ိုင် နဲ့သာတွဲစားလိုက်ရင် ဘယ်သူမဆို တင်းတိမ်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။

Tosti Pink Moscato


Australia Beef Tenderloin ၀ိုင်ကတော့ စပျစ်နံ့သင်းသင်းလေးနဲ ့ အချိုအရသာ အသင့်အတင့်ပါတဲ့ sparkling၀ိုင်တစ်မျိုးပါ။
ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်တဲ့ service ၊ ဖော်ရွှေတဲ့ အပြုံး ၊ မြေအောက်ခန်း ဝိုင်သိုလှောင်တဲ့ နေရာတွေ ကြောင့် အီတလီအရသာအစစ်ကို မြည်စမ်းခဲ့ရတဲ့ အတွက် Sedona hotel Yangon team ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် ။


သာမာန်ညနေခင်းလေး တစ်ခုမဟုတ်ပဲ Sedona Hotel Yangon မုာ ကျွန်တော်အတွက် ပျော်ရွှင်စရာ အမှတ်တရလေးတွေ ၊ အပြန်အလှန် စကားပြောဆိုတာတွေ ၊ ဝန်ထမ်းတွေရဲ့ အပြံုး ၊ ဧည့်သည်တွေ တစ်ယောက်ချင်းဆီအပေါ်နွေးနွေးထွေးထွေး ဆက်ဆံပေးတာတွေက တကယ်ကို အမှတ်တရညနေခင်းလေး တစ်ခုဖြစ်ခဲ့ပါတယ်။


Sedona Hotel နဲ့ ဝိုင်တွေသိုလှောင်ထားတဲ့ မြေအောက်ခန်း (Cellar Door) အကြောင်း ပိုသိချင်ရင် Doemal mobile application မှာ ဝင်ကြည့်လို့ရတယ်နော်။ပြီးတော့ Sedona မှာ ထူးထူးဆန်းဆန်း စားဖူးတာ ရှိတယ်ဆိုရင် တခြား foodie တွေလည်း သိသွားအောင် share ပေးအုန်းနော် ။

 

Writer_Ko Tin Maung

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top