သုံးသပ်ချက်များ

Menu ဆန်းဆန်းလေးတွေနဲ့ Halal ရတဲ့ ဆိုင်လေး

32 Kitchen

Halal ဆိုပေမယ့် တရုတ်အစားအစာ နဲ့ ထိုင်းအစားအစာ ရနိုင်တယ်ဆိုတော့ စိ်တ်ဝင်စားသွားလား။ဒီ့ထက်ပို စိတ်ဝင်စားစရာလေးတွေ ရှိသေးတယ်နော် Doemal foodie တို့ရေ……..

ဆိုင်လေးက အေးအေးဆေးဆေးထိုင်လို့ရတဲ့အပြင် menu လေးတွေက ဆန်းတော့ မိုက်သားနော်။

အုန်းစိမ်းတုံခ

32 Kitchen

အုန်းသီးကိုမြင်လိုက်နဲ့ အုန်းရည်သောက်ချင်သလိုတောင်ဖြစ်သွားသေးတယ်။ ဒါပေမယ့် အထဲမှာ ပင်လယ်စာနဲ့ အုန်းရည် ကို ရောချက်ထားတာဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲနော်။ အုန်းရည်အနံ့ မွှေးမွှေးလေးနဲ့ အရသာလေးကလည်း အရမ်းလည်း မစပ်တော့ စားလို့သောက်လို့ကောင်းတယ်။
စျေးနှုန်းလေးက ၇၀၀၀ ကျပ် ပါ။

အာလူးထောင်းဂဏန်းကင်

32 Kitchen

32 Kitchen

ဂဏန်းကို ပြုတ်တာတို့ ချက်တာတို့ ကြော်တာတို့ စားဖူးပေမယ့် ကင်ထားတော့ မစားဖူးသေးဘူး။
အထဲမှာ အာလူးထောင်းပါ ပါတယ်ဆိုတော့ ပိုစိတ်ဝင်စားသွားတယ်။ ဂဏန်းက ကင်ထားတာဆိုတော့ မွှေးမွှေးလေးနဲ့ အသားကလည်း မာမာလေး စားလို့ကောင်းတယ်။အာလူးထောင်းပျောက်နေလို့ ရှာနေလိုက်သေးတယ်။ အာလူးထောင်း စိမ့်စိမ့်လေးကတော့ ဂဏန်းအခွံထဲမှာပါနော်။
စျေးလေးကတော့ ၆၀၀၀ ကျပ်ပါ

ပင်လယ်စာသင်္ဘောသီးထောင်း

32 Kitchen

32 Kitchen

သင်္ဘောသီးမျှင်မျှင်လေးတွေနဲ့ သင်္ဘောသီးထောင်းလေးက ချဉ်ချဉ်စပ်စပ်လေးနဲ့ စားကောင်းတယ်။
ပင်လယ်စာလေးလည်းပါတော့ အိုကေမှ စိုပြေပဲ။
စျေးနှုန်းလေးက ၅၅၀၀ ကျပ်

ကြက်သားကြက်ဥအစာသွပ်ကြော်

32 Kitchen

32 Kitchen

အထဲမှာ ကြက်ဥပြုတ်လေးကို အပြင်ကနေ ကြက်သားကို နုပ်နု်ပ်စင်းပြီး ရလာတဲ့မုန့်နှစ်လေးနဲ့ ကြော်ထားတာ ဆိုတော့ အရသာလေးကလည်း မဆိုးဘူး စားကောင်းတယ်နော်။
စျေးလေးက ၄၅၀၀ ကျပ်ပါ

ငါးတန်မျှစ်ချဉ်မြေအိုး

32 Kitchen

မျှစ်ချဉ်အနံ့မွှေးမွှေးလေးနဲ့ အရသာလေးက ချဉ်ပြုံးပြံုးလေး စားလို့ကောင်းတယ်။ ငါးတန်လေးလည်း ပါတယ်။ အရည်လေးကလည်း ပျစ်ပျစ်လေးနဲ့ မွှေးမွှေးလေး ရှယ်ပဲ။
စျေးနှုန်းလေးက ၅၀၀၀ ကျပ်ပါ

ကြက်တောင်ပံငရုတ်နီ

32 Kitchen

ထိုင်းတောင်ပိုင်း စတိုင် အရသာအတိုင်း ချက်ထားတဲ့ ငရုတ်နီအနှစ်လေးနဲ့ ကြက်တောင်ပံလေးက မြန်မာတွေ ပါးစပ်နဲ့ ကွက်တိပဲ။ အရသာလေးက လေးလေးနစ်နစ်လေးနဲ့ အရမ်းလည်း မငံဘူး စားလို့ကောင်းတယ်။
စျေးနှုန်းလေးက ၄၅၀၀ ကျပ်

တုံယမ်းကြေးအိုး

32 Kitchen

တုံယမ်းကြေးအိုးဆိုတော့ သာမာန်ကြေးအိုးတွေနဲ့ မတူပဲ အရသာလေးက တုံယမ်းဆိုတဲ့အတိုင်း ချဉ်ချဉ်စပ်စပ်လေး လုံးဝမအီဘူး။ သောက်လို့ကောင်းတယ်။ သူကတော့ ကြက်သားနဲ့လုပ်ထားတာပါ။
စျေးနှုန်းလေးက ၃၅၀၀ ကျပ်

ငါးကောင်လုံးစတူး

32 Kitchen

32 Kitchen

ကြက်စတူး ၀က်စတူးမဟုတ်ပဲ ငါးကောင်လုံးစတူး ဆိုတော့ ဆန်းဆန်းလေးနော်။ အရသာက ချိုချိုလေးဆိုတော့ အစပ်မစားတဲ့သူတွေအတွက် အဆင်ပြေတယ်နော်။
စျေးနှုန်းလေးက ၅၅၀၀ ကျပ်ပါ

ပုစွန်နှစ်ထမင်းကြော်

32 Kitchen

32 Kitchen

ထမင်းကြော်လေးက အရသာစားကောင်းတဲ့ အပြင် ပုစွန်လေးလည်း ပါတော့ ရှယ်ပဲ စားလို့ကောင်းတယ်။
စျေးနှုန်းလေးက ၄၀၀၀ ကျပ်ပါ

မလေးရှားကန်စွန်းရွက်ကြော်

32 Kitchen

မလေးရှားစတိုင်ကြော်ထားတဲ့ ကန်စွန်းရွက်ကြော်လေးက အနှစ်လေးတွေ အများကြီးနဲ့ စပ်စပ်လေး။
သူကတော့ တစ်ပွဲကို ၃၅၀၀ ကျပ်ပါ

32 Kitchen

အော် ဒါနဲ့ ဆိုင်မှာ အရက်မရောင်းဘူးတဲ့နော်။ စိတ်မကောင်းတော့ မဖြစ်ပါနဲ့ ဆိုင်ကိုယူလာရင်တော့ သောက်လို့ရပါတယ်နော်။bottle charges ထပ်ပေးစရာမလိုဘူးနော်။ဆိုင်က အပေါ်ထပ် အောက်ထပ် နှစ်ထပ်ရှိတော့ မွေးနေ့တွေ ပါတီတွေ လုပ်လို့ရသေးတယ်နော်။ အဲ့အတွက်လည်း ၀န်ဆောင်ခ မပေးရပါဘူးတဲ့။

32 Kitchen

32 Kitchen

ကဲ ဘယ်လိုလဲဲ သွားစားကြတော့မလား။ Halal ဆိုတော့ လူမျိုးဘာသာမရွေးစားလို့ရတယ်နော်။ ဆိုင်မှာ Doemal ရဲ့ REBATE REDEEM လည်း ရနေပြီဆိုတော့ REBATE REDEEM လုပ်ဖို့မမေ့နဲ့နော်

ဆိုင်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဒီ Link ထဲမှာ ကြည့်ကြည့်လိုက်နော်

စားမယ်သွားမယ်ဆို Doemal ရှိတယ်  ->>> Download Link

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top