သုံးသပ်ချက်များ

၂၀၁၇ မှာ Foodie တွေကြား ခေတ်စားခဲ့တဲ့ အစားအစာများ

2017 trend food

Hi Doemal Foodie တို့ရေ…. အခုဆိုရင် ၂၀၁၈ ခုနှစ်ရဲ့ နှစ်စလည်း ရောက်နေပြီဆိုတော့ ၂၀၁၇ ခုနှစ်က ကိုယ်ဘာတွေ စားခဲ့တယ်ဆိုတာ မှတ်မိသေးရဲ့လား။ မြန်မာနိုင်ငံက Foodie တွေကြားမှာ ၂၀၁၇ ခုနှစ်အတွင်းမှာ အရမ်းရေပန်းစားတဲ့ အစားအစာလေးတွေ ရှိခဲ့ပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာကရော ၂၀၁၇ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ အစားအစာထဲမှာ ပါလားမပါလားကြည့်လိုက်ရအောင်။

မာလာရှမ်းကော

2017 trend food
တရုတ်အစားအစာ ပူပူစပ်စပ် မာလာရှမ်းကော လေးက ၂၀၁၇ ခုနှစ်ရဲ့ ရေပန်းအစားဆုံး အစားအစာပါ။ မာလာနံ့ မွှေးမွှေးလေးနဲ့ပူပူထုံထုံအရသာနဲ့ မာလာရှမ်းကောကတော့ အခုဆိုရင် ရန်ကုန်မြို့ ကဆိုင်တော်တော်များမှာ ရနိုင်နေပါပြီ။

ဟော့ပေါ့ ဘူဖေး

2017 trend food
ကိုယ်လို အစားပုပ်တွေ အကြိုက် ဟော့ပေါ့ ဘူဖေးလေးကလည်း ၂၀၁၇ ခုနှစ်မှာ လူကြိုက် အများဆုံး အစားအစာထဲမှာ ပါပါတယ်။ ဟင်းရည် အရသာ ကိုယ် ကြိုက်တာ ရွေးသောက်လို့ရသလို ကိုယ်လိုသလောက် အသားနဲ့ အရွက်တွေပါ ထည့်လို့ရတော့ Foodie တွေ ကြိုက် မယ်ဆိုလည်း ကြိုက်လောက် စရာပဲလေ။

 အသားကင်ဘူဖေး
2017 trend food
မီးသွေးအကင်ဗန်းပေါ်မှာ တရှဲရှဲ နဲ့ မွှေးနေတဲ့ အကင် လေးတွေကလည်း၂၀၁၇ ခုနှစ်မှာတော်တော့်ကို လူကြိုက် များခဲ့ပါတယ်။

Spicy Noodle

2017 trend food
ပူပူစပ်စပ်၊ စားလိုက်ရင် ဗြင်းကနဲ၊ ရှိန်းကနဲ ပွင့်ထွက်သွားမယ့် ခေါက်ဆွဲပြုတ် ပူပူစပ်စပ်လေးတွေကလည်း ၂၀၁၇ မှာ တော်တော်များများ အကြိုက်တွေ့ခဲ့ကြတယ်။ အစပ် အရသာကိုမှ Level အလိုက် ကိုယ် အဆင်ပြေသလို ရွေးပြီး စားလို့ရတာဆိုတော့ အစပ် မစားနိုင်တဲ့ သူတွေအတွက် လည်း Ok တယ်။

ကိုရီးယား အစားအစာ

2017 trend food
အညာဆေးရိုး…..ကိုရီးယားဇာတ်ကားတွေထဲက အိုပါးတွေက ချောသလို၊ ကိုရီးယား အစားအစာတွေကလည်း မြန်မာနိုင်ငံမှာတော့်တော်ကို ခေတ်စားလာခဲ့တယ်။ ကိုရီးယားထမင်းသုပ်၊ တော့ပုကီတွေကလည်း နေရာတိုင်းလိုလိုမှာ တွေ့နေရပါပြီ။

 ပင်လယ်စာ

2017 trend food
ပင်လယ်စာတွေကတော့ ၂၀၁၇ ခုနှစ်မှာ တော်တော်ကြီးကို လူကြိုက်များလာတာ တွေ့ခဲ့ရပါတယ်။ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကိုမှ ချဉ်စပ် အရသာ၊ ကင်စားကြတာ၊ သုပ်စားကြတာ မျိုးစုံ ကြိုးခုန်တဲ့ မီနူးတွေ ကတော့ Foodie တွေ အသဲစွဲပါပဲ။

ဝက်သားတုတ်ထိုး
2017 trend food
ဝက်သားတုတ်ထိုး ဆိုတာကတော့ ဘယ်ခေတ်ဘယ်အချိန်ပဲ ဖြစ်ဖြစ် ခေတ်စားတဲ့ အစားအစာပါ။ တစ်ခါစားရင် အချောင်း၂၀ လောက် တစ်ခါတည်းစားတဲ့ Foodie တွေ အသိဆုံးဟုတ်။

 ပီဇာ


ပီဇာဆိုင်တွေ ၂၀၁၇ ခုနှစ်မှာတော်တော်များများခေတ်စားလာတာ မြင်တွေ့ရပါတယ်။ Home Delivery တွေလည်းရှိတော့ ပီဇာဆိုတာ လူစုံနေတဲ့ အချိန်ဗိုက်ဆာရင် စားတဲ့ အစားအစာလို့တောင် ခေတ်စားခဲ့ပါတယ်။

ရေခဲမုန့်ကြော်

2017 trend food
ရေခဲမုန့်ကြော်ဆိုတာကတော့ သာမန်ရေခဲ မုန့်နဲ့ မတူပဲ အလိပ်လိပ်လေးတွေ လိပ်ပြီး ကြော်ထားတာ ဆိုတော့ ကလေးတွေ ကြိုက် ကြသလို၊ လူငယ်တော်တော်များများလည်း ကြိုက်ကြတယ်။ အရသာအနေနဲ့လည်းရွေးချယ်စရာ အများကြီးပဲဆိုတော့ စိတ်ကြိုက်ရွေးစားလို့ရတာပေါ့။

အခုပြောပြပေးထားတဲ့ အစားအစာလေးတွေက တော့ ၂၀၁၇ ခုနှစ်မှာ ရေပန်းစားခဲ့တဲ့ အစားအစာလေးတွေပါ။ ဒီအစားအသောက်လေးတွေကို စားချင်တယ်၊ ဘယ်မှာ စားရမလဲ မသိဘူးဆိုရင်တော့ Doemal   မှာ လွယ်လွယ်ကူကူလေး ရှာဖွေလို့ရပါတယ်ရှင့်။

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top