အစားအစာသစ် မိတ်ဆက်ခြင်း

FLORAL FLAVORS

 ၂၀၁၈ မှာ

ရေပန်းစားနေတဲ့ Food Trend တွေကတော့ SUPER FOOD, FLORAL FLAVORS, FUNCTIONAL MUSHROOMS စတာတွေနဲ့ အခြားသောအစားအသောက်တွေဖြစ်ပါတယ်။
ဒီထဲကမှ FLORAL FLAVORS FOOD တွေအကြောင်းမိတ်ဆက်ပေးချင်ပါတယ်။ ဒီအစားအသောက်တွေဟာ မကြာသေးခင်ကမှ U.S မှာ လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။

လာဗန်ဒါ လက်တေး၊ ခေါင်ရန်းပန်းလက်ဖက်ရည် စသည်ဖြင့် လာဗန်ဒါ၊ ခေါင်ရန်းပန်း၊ နှင်းဆီ စတဲ့ပန်းရနံ့တွေကို ကော်ဖီ၊ အအေး၊ ကော့တေးတွေနဲ့ အခြားအဆာပြေအစားအစာတွေမှာထည့်သွင်းလာကြပါတယ်။

ကမ္ဘာတဝှမ်း အသုံးများတဲ့ ပန်းရနံ့တွေကတော့ စံပါယ်၊ နှင်းဆီ၊ လာဗန်ဒါ စတာတွေဖြစ်ပါတယ်။ Symrise မှာဖော်ပြထားချက်တွေအရ ဒီပန်းရနံ့တွေနဲ့ အစားအသောက် trend ဟာ ၂၀၁၅ ခုနှစ် Summer Fancy Food Show ကနေစပြီး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် ဒီလို floral flavor food တွေဖြစ်တဲ့ Masala Pop Saffron Rose Popcorn Vosges Haut-Chocolat Blood Orange Hibiscus Caramel Marshmallows ကိုခင်းကျင်းပြသခဲ့ပါတယ်။ ဒီ Fancy Food Show ကို စီစဉ်ခဲ့တဲဲ့ Specialty Food Assosiation က ဒီ Floral Food တွေဟာ ၂၀၁၆ ခုနှစ်မှာ ရေပန်းစားလာမယ့် trend တွေထဲက တစ်ခုဖြစ်မယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပန်းသီးကိုထည့်သွင်းပြုလုပ်ထားတဲ့ Cham Cold-Brew Tea၊ နှင်းဆီရိုင်းရဲ့ အသီး၊ ခေါက်ရမ်းပန်း၊ ရက်စ်ဘယ်ရီသီး၊ လာဗန်ဒါချိစ်၊ ပျားအုံ၊ Bissinger’s Blackberry Hibiscus Gummy Pandas စတဲ့ ထုတ်ကုန်အသစ်တို့ကိုမိတ်ဆက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ဒီလို အစားအသောက်ပုံစံအသစ်တွေထွက်ပေါ်လာခဲ့တာဟာ ၁၆ ရာခိုင်နှုန်းအထိရှိတယ်လို့ Mintel ဝက်ဘ်ဆို်ဒ်မှာဖော်ပြထားပါတယ်။
တရုတ်ပြီးနောက် ဂျာမနီ၊ ပြင်သစ်၊ အိန္ဒိယ နဲ့ US တို့မှာတော့ (၅) ရာခိုင်နှုန်းထိရှိခဲ့ပြီး မကြာခင်မှာလည်း ဒီလိုပန်းပွင့်တွေ၊ ရနံ့တွေနဲ့ထုတ်လုပ်မယ့်အစားအစာတွေဟာ စားသုံးသူူတွေနဲ့ရင်းနှီးလာတော့မှာဖြစ်ပါတယ်။
မကြာသေးခင်က အမေရိကန်မှာတင်ဆက်ခဲ့တဲ့ ထုတ်ကုန်အသစ်တွေကတော့

• Ciao Bella Pear Hibiscus Sorbet

• Valdenza Bis Frolla Flowers & Fruit Cake (includes black billberry jam, red mulberry jam and natural flavorings of violet flowers)

• Liberte French Lavender Organic Whole Milk Yogurt

• Coco Polo Milk Chocolate with Elderberry


တို့ဖြစ်ပါတယ်။

Symrise မှာ သဘာဝပန်းပွင့်တွေနဲ့ ဖန်တီးမယ့် အစားသောက်သစ်တွေမှာ လူကြိုက်အများဆုံးဖြစ်တဲ့ စံပါယ်ပန်း၊ ခေါက်ရမ်းပန်း၊ ကြာပန်း၊ လာဗန်ဒါ၊ ဘယ်ရီ စတဲ့ ပန်းတွေ၊ အသီးတွေရဲ့ အငွေ့အသက်တွေပါဝင်မှာဖြစ်ပါတယ်။

ဒီပန်းပွင့်တွေ၊ အသီးတွေကို ဒိန်ချဉ်၊ ရှောက်သီး၊ စတာတွေနဲ့ ပေါင်းစပ်ပြီး ရေခဲမုန့်၊ ဒိန်ချဉ်၊ လက်ဖက်ရည်၊ soft drinks နဲ့ အခြားအချိုမုန့်တွေကို စမ်းသပ်ပြုလုပ်နေကြပြီး စားသုံးသူတွေထံကို မျှော်လင့်ထားတာထက်ပိုတဲ့ အနံ့အရသာ နဲ့အစားအသောက်သစ်တွေကိုခေါ်ဆောင်လာမှာပဲဖြစ်ပါတယ်။

Writer_Moe Pwint Phyu

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top