သုံးသပ်ချက်များ

အကောင်းဆုံးသော တရုတ်အစားအစာများ ရရှိရာ – First House Restaurant and Bar

First House Restaurant and Bar

First House Restaurant and Barတရုတ်အစားအစာများသည် ကမ္ဘာပေါ်တွင် ကျော်ကြားလာသည်နှင့်အမျှ တရုတ်စားသောက်ဆိုင်များ ကို နေရာ အနှံ့အပြားတွင် တွေ့မြင်နိုင်ပါသည်။ ရန်ကုန်မြို့တွင်လည်း များပြားလှသော တရုတ်စားသောက်ဆိုင်များ၊ တရုတ် အစားအစာ ရောင်းချရာနေရာများကို မြောက်များစွာ တွေ့မြင်နိုင်ပါသည်။ အကောင်းဆုံးသော တရုတ်အစားအစာများ ရရှိနိုင်ပြီး သက်တောင့်သက်သာရှိလှပြီး လှပလှသော ပတ်ဝန်းကျင် အနေအထား နှင့် မိတ်ဆုံစားပွဲများအတွက် အသင့်တော်ဆုံးသော စားသောက်ဆိုင်ကို ရှာဖွေနေသည်ဆိုလျှင် အကောင်းဆုံးသော တရုတ်အစားအစာများကို ရရှိနိုင်မည့် First House Restaurant and Bar နှင့် မိတ်ဆက်ပေးချင်ပါသည်။.


First House Restaurant and BarRestaurant and Bar သည် ရန်ကုန်မြို့ရှိ အဆင့်တန်းမြင့်မားကောင်းမွန်သော တရုတ် စားသောက်ဆိုင်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ကာ သာယာလှပသော ပတ်ဝန်းကျင်အနေအထားကြောင့် အထူးကျော်ကြားပါသည်။

First House Restaurant and Barဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ်(၁) အင်းလျားလမ်းတွင် တည်ရှိကာ လှပလှသော ကိုလိုနီစတိုင် အဆောက်အဦး ပုံစံမျိုးဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအကြိုက်တွေ့စေနိုင်မည့် ဥယျာဉ် ငယ်လေးတည်ရှိကာ စိမ်းလန်းစိုပြေလှသော သစ်ပင်ပန်းမာန်များဖြင့် လှပနေသော နေရာလေး တစ်ခု ဖြစ်ပြီး သဘာဝ လေကောင်းလေသန့်များကို တဝကြီး ရှုရှိုက်နိုင်မည့်နေရာလည်း ဖြစ်ပါသည်။

First House Restaurant and Barလှပလှသော ပြင်ဆင်ထားမှုများနှင့် လက်ရာမြောက်လှသော ပန်းချီကားများကို ဆိုင်၏ နေရာ အနှံ့အပြားတွင် တွေ့မြင်နိုင်ပါသည်။ သူငယ်ချင်းများ မိတ်ဆုံစားခြင်း၊ အထူးတွေ့ဆုံမှုများ နှင့် ပါတီ ကျင်းပလိုသူများ အဆင်ပြေစေနိုင်မည့် သီးသန့် အခန်းငယ်များ ရှိပြီး အခန်းတစ်ခန်းစီတိုင်းတွင် အံ့သြဖွယ် လက်ရာမြောက်လှသော တရုတ်စတိုင် အခန်းတွင်း ပြင်ဆင်မှုများကို တွေ့မြင်နိုင်ပြီး တရုတ်ရိုးရာ အလှဆင် ပစ္စည်းလေးများ၊ ပန်းချီကားကြီးမျး ဖြင့် ခမ်းနားစွာ အလှဆင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။ ရှေးဟောင်းပစ္စည်း ကြိုက်နှစ်သက်သူများအတွက် ရှေးခေတ် ဗီဒီယို ရိုက်ကူးသော ဗီဒီယို ကင်မရာ ကို First House Restaurant and Bar တွင် မြင်တွေ့နိုင်ပါသည်။

First House Restaurant and BarFirst House Restaurant and Bar တွင် အကောင်းဆုံးသော တရုတ်အစားအစာများကို သုံးဆောင်နိုင်ပြီး အထူးသဖြင့် ဟိုင်နန်နှင့် စီချွမ် ပြည်နယ်တို့၏ အစားအစာများကို အဓိက ရရှိပါသည်။ တရုတ် ဆေးဘက်ဝင် သစ်ဥ သစ်ဖု များ ဖြင့်ဖော်စပ်ထားသော တရုတ်ရိုးရာ အရက်ကိုလည်း ဒီဆိုင်တွင် ရရှိနိုင်ပါသေးသည်။ အကောင်းဆုံးသော ဟော့ပေါ့များ၊ ပင်လယ်စာများ နှင့် တရုတ်အစားအစာ အစုံအလင်ကို ကျွမ်းကျင်လှသော တရုတ် စားဖိုမှူးကြီးများက ချက်ပြုတ်ပြင်ဆင်ပေးထားပြီး အများအားဖြင့် ချက်ပြုတ်သည့် ဟင်းလျာများတွင် ဟိုင်နန်နှင့် စီချွမ် အရသာပြင်ဆင်မှုများ ပါဝင်နေသည်ကို တွေ့မြင်နိုင်ပါသည်။

First House Restaurant and Barဆိုင်၏ အကျော်ကြားဆုံးသော ဟင်းလျာ များမှာ ဆိတ်သား နှင့် ဘဲသား ဟော့ပေါ့၊ ပင်လယ်ငါးပေါင်း၊ ကြက်သားအစပ်ဟင်း၊ Mapo တို့ဟူးဝက်သားကြော်၊ နှင့် ပုစွန် ဟင်းလျာ အမျိုးမျိုးတို့ ဖြစ်ပါသည်။ အကောင်းဆုံးသော ကော့တေးများ၊ ယမကာ၊ ဘီယာနှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်များကို သုံးဆောင်နိုင်မည့် ဘားလည်းရှိပါသည်။

First House Restaurant and Barဝန်ထမ်းများ၏ ဝန်ဆောင်မှုမှာ အထူးကောင်းမွန်လှပြီး စိတ်ကျေနပ်မှုပေးစွမ်းပါသည်။ ကျယ်ဝန်းသော ကားပါကင်အနေအထားကြောင့် ကားပါကင်နေရာမရခြင်း အတွက် စိုးရိမ်စရာ မရှိနိုင်ပါ။ မြန်နှုန်းမြင့် ဝိုင်ဖိုင် တပ်ဆင်ထားခြင်းကြောင့် သက်တောင့် သက်သာ ဖြင့် အေးချမ်းလှသော ပတ်ဝန်းကျင်တွင် အေးဆေးစွာအလုပ်လုပ်နိုင်ပါသည်။

First House Restaurant and Bar သည် သင့်အား အကောင်းဆုံးသော တရုတ်အစားအစာများ၊ စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများနှင့် စိတ်အပန်းဖြေစေနိုင်မည့် ပတ်ဝန်းကျင် အနေအထား နှင့် ပြည့်စုံသော ဆိုင် ဖြစ်တာကြောင့် သွားရောက် ကြည့်ဖို့ အကြံပြုချင်ပါတယ်ခင်ဗျာ။




Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top