စားသောက်နေထိုင်နည်း

Detox Water ၏ အက်ိဳးေက်းဇူးမ်ား

Detox Water (အဆိပ္ေျဖရည္) ဆိုတာ အသီးအႏွံေတြ၊ ဟင္းသီးဟင္းရြက္ေတြနဲ႔ ေဆးဖက္ဝင္အရြက္ေတြကို စိမ္ထားတဲ့ေရျဖစ္ပါတယ္။

Detox water ကို ကိုယ္ႀကိဳက္တဲ့ု လတ္လတ္ဆတ္ဆတ္ အသီးအႏွံ နဲ႔ အသီးအရြက္ ေတြကိုသံုးၿပီး အိမ္မွာပဲ လြယ္လြယ္ကူကူ ျပဳလုပ္လို႔ရပါတယ္။ blender သံုးၿပီးႀကိတ္စရာ အရည္ညႇစ္စရာမလိုပဲ တစ္ခါေသာက္စာ ေရပုလင္း ဒါမွမဟုတ္ ေရဘူးထဲမွာ ေရထည့္ၿပီး အသီးအရြက္ေတြကိုထည့္စိမ္လိုက္ရံုပါပဲ။ ဒါေၾကာင့္ detox water မွာ ကယ္လိုရီ မပါသေလာက္ကိုနည္းပါးတယ္။

Detox water ကို ကိုယ္အေလးခ်ိန္ခ်တဲ့အခါ သၾကားဓာတ္ျမင့္မားစြာပါင္ဝင္တဲ့ ဆိုဒါနဲ႔ အေအးေတြေနရာမွာ အစားထိုးေသာက္စရာအေနနဲ႔ အၾကံျပဳၾကပါတယ္။

ေအာက္ကအခ်က္ေတြကေတာ့ ခိုင္ခိုင္လံုလံုသက္ေသျပထားတဲ့ detox water ေသာက္ျခင္းးရဲ႕ အက်ိဳးေက်းဇူး ေတြျဖစ္ပါတယ္။

*ကိုယ်အလေးချိန်ကိုကျစေခြင်း

ေရေသာက္တဲ့အခါ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္ပ်က္မႈျဖစ္စဥ္ကို ခဏတာ ျမႇင့္ေပးတဲ့အတြက္ ကယ္လိုရီေတြကို ျမန္ျမန္ေၾကပ်က္ေစၿပီး ဝိတ္က်ေစပါတယ္။ ေရရဲ႕ ဒီလိုစြမ္းရည္ေၾကာင့္ detox water က ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ ကူညီေပးမွာျဖစ္ပါတယ္။

* အစာကြေလွယ်ခြင်း

ေရဓာတ္က အစာေျခဖ်က္ရာမွာ ကူညီေပးမွာျဖစ္ၿပီးေတာ့ အူလမ္းေၾကာင္းကို႐ွင္းေစတဲ့အတြက္ ပံုမွန္ဝမ္းသြားေစပါတယ္။

 

*ကိုယ်ခံအားတက်စေခြင်း

အသီးအႏွံ ေတြ အသီးအရြက္ ေတြကိုစားတဲ့အခါ ကိုယ္ခံအားစနစ္ကို အမွန္တကယ္ ေထာက္ပံေပးမွာျဖစ္ပါတယ္။ အထူးသျဖင့္ detox water ထဲထည့္ေလ့႐ွိတဲ့ အသီးအရြက္ ေတြမွာ ကိုယ္ခံအားစနစ္ကို အေထာက္အကူ ျဖစ္ေစတဲ့ ဗီတာမင္စီဓာတ္ ႂကြယ္ဝစြာပါဝင္လို႔ ပံုမွန္ေသာက္ေပးမယ္ဆိုရင္ ကိုယ္ခံအားေကာင္းေစၿပီး မၾကာခဏ ဖ်ားနာျခင္းေတြကို ကင္းေဝးေစမွာျဖစ္ပါတယ္။

*စိတ်ခံစားမှုနဲ့ စွမ်းအင်ကို မြှင့်ပေးခြင်း

 

ေရေသာက္နည္းၿပီး ေရဓာတ္ခမ္းေျခာက္မႈျဖစ္လွ်င္  အာရံုခံစားမႈ၊ အာရံုစူးစိုက္မႈ နဲ႔ အလုပ္လုပ္ႏိုင္စြမ္းေတြကို က်ဆင္းေစမွာျဖစ္ပါတယ္။ ေလ့လာမႈေတြအရ ေရဓာတ္ခမ္းေျခာက္မႈ တစ္ရာခိုင္ႏႈန္းသာ ျဖစ္ခဲ့တယ္ဆိုလွ်င္ေတာင္ အာရံုခံစားမႈ၊ အာရံု စူးစိုက္ႏိုင္မႈေတြက်ဆင္းၿပီး ေခါင္းကိုက္တာေတြျဖစ္တယ္လို႔ဆိုပါတယ္။ တကယ္လို႔ ကိုယ္က တစ္ေန႔တာ ေရအလံုအေလာက္မေသာက္ျဖစ္ခဲ့ဘူး၊ မေသာက္ခ်င္ခဲ့ဘူးဆိုလွ်င္ detox water လို သြယ္ဝိုက္ေသာနည္းနဲ႔ ေရဓာတ္ျဖည့္တင္းၿပီး အာရံုစူးစိုက္မႈနဲ႔ အလုပ္လုပ္ႏိုင္စြမ္းေတြကို ျမႇင့္တင္ႏိုင္မွာျဖစ္ပါတယ္။

 

Writer_Venus

[Unicode]

Detox Water ၏ အကျိုးကျေးဇူးများ

Detox Water (အဆိပ်ဖြေရည်) ဆိုတာ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင်အရွက်တွေကို စိမ်ထားတဲ့ရေဖြစ်ပါတယ်။


Detox water ကို ကိုယ်ကြိုက်တဲ့ု လတ်လတ်ဆတ်ဆတ် အသီးအနှံ နဲ့ အသီးအရွက် တွေကိုသုံးပြီး အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်လို့ရပါတယ်။ blender သုံးပြီးကြိတ်စရာ အရည်ညှစ်စရာမလိုပဲ တစ်ခါသောက်စာ ရေပုလင်း ဒါမှမဟုတ် ရေဘူးထဲမှာ ရေထည့်ပြီး အသီးအရွက်တွေကိုထည့်စိမ်လိုက်ရုံပါပဲ။ ဒါကြောင့် detox water မှာ ကယ်လိုရီ မပါသလောက်ကိုနည်းပါးတယ်။
Detox water ကို ကိုယ်အလေးချိန်ချတဲ့အခါ သကြားဓာတ်မြင့်မားစွာပါင်ဝင်တဲ့ ဆိုဒါနဲ့ အအေးတွေနေရာမှာ အစားထိုးသောက်စရာအနေနဲ့ အကြံပြုကြပါတယ်။
အောက်ကအချက်တွေကတော့ ခိုင်ခိုင်လုံလုံသက်သေပြထားတဲ့ detox water သောက်ခြင်းးရဲ့ အကျိုးကျေးဇူး တွေဖြစ်ပါတယ်။

*ကိုယ်အလေးချိန်ကိုကျစေခြင်း

ရေသောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို ခဏတာ မြှင့်ပေးတဲ့အတွက် ကယ်လိုရီတွေကို မြန်မြန်ကြေပျက်စေပြီး ဝိတ်ကျစေပါတယ်။ ရေရဲ့ ဒီလိုစွမ်းရည်ကြောင့် detox water က ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးမှာဖြစ်ပါတယ်။

* အစာကြေလွယ်ခြင်း

ရေဓာတ်က အစာခြေဖျက်ရာမှာ ကူညီပေးမှာဖြစ်ပြီးတော့ အူလမ်းကြောင်းကိုရှင်းစေတဲ့အတွက် ပုံမှန်ဝမ်းသွားစေပါတယ်။

*ကိုယ်ခံအားတက်စေခြင်း

အသီးအနှံ တွေ အသီးအရွက် တွေကိုစားတဲ့အခါ ကိုယ်ခံအားစနစ်ကို အမှန်တကယ် ထောက်ပံပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် detox water ထဲထည့်လေ့ရှိတဲ့ အသီးအရွက် တွေမှာ ကိုယ်ခံအားစနစ်ကို အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်လို့ ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေပြီး မကြာခဏ ဖျားနာခြင်းတွေကို ကင်းဝေးစေမှာဖြစ်ပါတယ်။

*စိတ်ခံစားမှုနဲ့ စွမ်းအင်ကို မြှင့်ပေးခြင်း

ရေသောက်နည်းပြီး ရေဓာတ်ခမ်းခြောက်မှုဖြစ်လျှင် အာရုံခံစားမှု၊ အာရုံစူးစိုက်မှု နဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို ကျဆင်းစေမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ ရေဓာတ်ခမ်းခြောက်မှု တစ်ရာခိုင်နှုန်းသာ ဖြစ်ခဲ့တယ်ဆိုလျှင်တောင် အာရုံခံစားမှု၊ အာရုံ စူးစိုက်နိုင်မှုတွေကျဆင်းပြီး ခေါင်းကိုက်တာတွေဖြစ်တယ်လို့ဆိုပါတယ်။ တကယ်လို့ ကိုယ်က တစ်နေ့တာ ရေအလုံအလောက်မသောက်ဖြစ်ခဲ့ဘူး၊ မသောက်ချင်ခဲ့ဘူးဆိုလျှင် detox water လို သွယ်ဝိုက်သောနည်းနဲ့ ရေဓာတ်ဖြည့်တင်းပြီး အာရုံစူးစိုက်မှုနဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

 

Writer_Venus

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top