အစားအစာသစ် မိတ်ဆက်ခြင်း

Classic ဆန်ဆန်လည်း Chill ချင်တယ် အစားကောင်းကောင်းလေးတွေလည်း တ၀ကြီးစားချင်တဲ့သူတွေအတွက် လက်တို့ချင်တဲ့ The Merchant ရဲ့ Sunday buffet

 

The Merchant Restaurants ကတော့ ဆူးလေ မှာရှိတဲ့ Pullman Hotel Yangon Center point မှာ ဖွင့်ထားတာပဲဖြစ်ပါတယ်။

နာမည်ကြီး အီတာလီလျှံလူမျိုး စာဖိုးမှူးကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ အီတာလျှံအစားအစားကောင်းကောင်းလေးတွေအပြင် လတ်ဆက်ပြီး တကယ်အရသာထူးတဲ့ Seafood ဟင်းလျှာအစုံအလင်ကို တစ်နေရာတည်းမှာ စိတ်ကြိုက်စားသုံးနိုင်မှာပဲဖြစ်ပါတယ် ။

Buffet ရရှိတဲ့အချိန်ကတော့ Only Sunday 12:30 to 3:00 ပဲဖြစ်ပါတယ်။ အသောက်ကြိုက်တဲ့သူတွေအတွက်လည်း အသောက် Buffet ကိုပါတွဲယူလို့ရပါတယ်။

 

Sunday buffet ဆိုတဲ့အတိုင်း ဟင်းလျှာတွေကလည်း  တော်တော်လေးကို စုံစုံလင်လင်ရတယ် ။

တမျိုးကိုတစ်ခုပဲစားရင်တောင် ဗိုက်ပေါက်ထွက်လောက်တယ်ဗျာ…

 

 

အကြမ်းဖျင်းပြောရရင်တော့

Seafood counter – King Crab , mussel , lobster တွေထားပေးထားတယ် ။ king crab ပါရုံနဲ့ တော်တော်တန်နေပြီပြောလို့ရတယ် ။

BBQ counter – တော်တော်လတ်ဆတ်တဲ့ အသားတွေကို အပီဆွဲလို့ရတယ် ။

ဂျပန်စာဆို ဆူရှီ တူနာ ဆယ်မွန် ရေဘဝဲ salad အစုံရတယ်

နောက်ပြီး hotpot ကြိုက်သူတွေအတွက် hotpot session လည်း ထားပေးထားတယ်

Pasta နဲ့ spaghetti အတွက်လည်း ကိုယ်ကြိုက်သလို ရောစပ်ပြီးစားလို့ ရမယ့် pasta live station ရှိတယ်

Cheese crazy တွေအတွက်ကတော့ cheese အမျိုးမျိုးထားပေးထားသေးတယ် ။

 

အချိုပွဲအနေနဲ့ homemade pastries တွေ ၊ cake ၊ ice-cream အမျိုးမျိုးရတယ်။ ဆိုင်ရဲ့ special dessert တစ်ခုဖြစ်တဲ့ vanilla sauce လေးနဲ့ တွဲပေးထားတဲ့ apple studdle လေးကတော့ admin ရဲ့ favourite ပဲ ။

 

Drinks တွေဆိုရင် draught beer ၊ cocktail ၊ juice ၊ red wine ၊ white wine ၊ sparkling wine တွေရတယ် ။

ပြောရရင်တော့ taste ကလည်း လတ်လတ်ဆတ်ဆတ်ရှိပြီး စားလို့ကောင်းတယ် ။ ဆိုင်ရဲ့ အပြင်အဆင်ကလည်း Pullman hotel ထဲမှာဆိုတော့ ပြောစရာမလိုဘူး ။ Very Classic ပါပဲဗျာ.

 

ဈေးနှုန်းတွေကတော့

Without Drink – 35$ per person

With Drink – 45$ per person လောက်ပေးရတယ် ။

ဆိုင်နာမည်- The Merchant

 

လိပ်စာ- Pullman Hotel Yangon Center point ( Corner Of Sule Pagoda Rd And Merchant St )

Buffet အချိန်ကတော့ Sunday 12: 30 to 3: 00 အတွင်းပါ ။

အထာကျကျ chill ချင်တဲ့သူတွေအတွက်တော့ တကယ်ကောင်းတဲ့ အခွင့်အရေးပဲနော်.

booking ကြိုလုပ်ထားချင်သူများကတော့ 01 382 687 ကိုဆက်သွယ်လို့ရပါတယ်နော် ။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top