ဖြစ်ရပ်များ

ပျော်ရွှင်ဖွယ်ရာ”Doemal” အက်ပလီကေးရှင်းမိတ်ဆက်ပွဲနှင့် ရုံးသစ်ဖွင့်ပွဲ။

လွန်ခဲ့တဲ့ ဇွန်လ ၉ရက်နေ့ သောကြာနေ့မှာတော့ ကျွန်တော်တို့ Code2LAB Co.,Ltd က မိုဘိုင်း အက်ပလီကေးရှင်း အသစ်ဖြစ်တဲ့ “Doemal” ကိုမိတ်ဆက်ခြင်းနှင့် ရုံးသစ်ဖွင့်ပွဲကို ပုလဲကွန်ဒိုမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

Ceremonyဒီ Launch ပွဲလေး အောင် မြင်စွာ ကျင်းပ နိုင်ဖို့ အတွက် ကျွန်တော်တို့ “Code2Lab” အဖွဲ့ဝင်တွေအားလုံး တက်ညီလက်ညီနဲ့ ကြိုးစားထားခဲ့ပါတယ်။ ပွဲအခမ်းအနား မစတင်ခင်ကတည်းက ပွဲအခမ်းအနားအတွက် အဘက်ဘက်မှ ထောင့်စေ့အောင် စီစဉ်ရတာတွေ၊ Presentation တွေ၊ အစားအသောက် မှာယူမှုတွေ အစရှိတဲ့များစွာတဲ့ အလုပ်တွေနဲ့ အဖက်ဖက် က အလုပ်တွေရှုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်းကျွန်တော်တို့ CEO အပါအဝင်  ဝန်ထမ်းတွေအားလုံး ညီညီညွှတ်ညွတ် ဝိုင်းဝန်း ပြင်ဆင်ပြီး ကြတဲ့ အခါမှာတော့ ပွဲလေးကျင်းပ ဖို့ အဆင်သင့် ဖြစ်သွားခဲ့ပါတယ်။Doemal_Shirt

ပွဲအခမ်းအနား ကျင်းပပြုလုပ်မယ့် ဇွန်လ (၉) ရက်နေ့နေ့လည်ပိုင်းမှာတော့ ပိုမိုကောင်းမွန်အောင် ထပ်မံပြင်ဆင်မှုတွေပြုလုပ်လိုက်တဲ့အခါ မှာတော့ တကယ်ကို ပြီးပြည့်စုံသွားပါတယ်။ အားလုံးပြင်ဆင်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့ Code2Lab ဝန်ထမ်းတွေအားလုံး အမဲရောင် Code2LAB တီရှပ် နှင့် Doemal ဦးထုပ်နီနီလေးတွေကိုဆင်တူ ဝတ်ဆင်လိုက်ကြပါတဲ့ အခါမှာတော့ တစ်စိတ်တဝမ်း တည်း ဖြစ်သွားတယ်လို့ တကယ်ကို ခံစားမိပါတယ်။

Group_photoပွဲအခမ်းအနား စတင်ဖို့ နာရီဝက်အလိုမှာတော့ Code2lab ဝန်ထမ်းတွေအားလုံး ပျော်ပျော်ရွင်ရွင် စုံစုံညီညီနဲ့ Group ပုံလေးတွေ အမှတ်တရ ရိုက်ကူးခဲ့ကြပါတယ်။ ဒီအချိန်လေးကတော့ ကတော့ တကယ်ကို အမှတ်တရကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးပြီး မကြာခင်မှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ မီဒီယာတွေ ရောက်ရှိလာ ကြပါပြီ။

အခမ်းအနားပွဲ မစတင်မီ Code2LAB ဝန်ထမ်းများက ဧည့်သည်တော်များကို ရုံးခန်းသစ်နေရာများကို လိုက်လံပြသခြင်း၊ အမှတ်တရ လက်ဆောင် ပေးကမ်းခြင်း၊ CEO မှ မီဒီယာ အင်တာဗျူးများ လက်ခံ ပြောကြားပေးခြင်း တို့ကိုပြုလုပ်ခဲ့ပါတယ်။

CEO's speechည (၇) နာရီ။ ပွဲအခမ်းအနား စတင်ပါပြီ။ ပွဲအခမ်းအနား အစီအစဉ် (၁) အနေ နဲ့ ကျွန်တော်တို့ ရဲ့ Marketing Head မလပြည့်အောင်က အဖွင့်စကားပြောကြားပါတယ်။ အစီအစဉ် (၂) အရ ကျွန်တော်တို့ Code2LAB ရဲ့ CEO ကိို မင်းဇေယျာ ဖြိုးကနေ Code2LAB ဖြစ်ပေါ်လာပုံအကြောင်းနှင့် အနာဂတ်လုပ်ငန်းအစီအစဉ်များ အကြောင်းကို ရှင်းလင်းပြောပြကာ Code2 LAB ရဲ့ စားသောက်ကုန် လုပ်ငန်းသုံး Point of Sale တစ်ခုဖြစ်တဲ့ SmartSales အကြောင်း နှင့် စားသောက်ဆိုင်များကို အလွယ်ကူဆုံးနှင့် အလျင်မြန်ဆုံး ရှာဖွေနိုင်တဲ့ “Doemal” အက်ပလီကေးရှင်း ကို ရှင်းလင်းပြောပြကာ ဗီဒီယိုဖိုင်နဲ့တကွ ပြသပေးခဲ့ပါတယ်။

ဒီပွဲလေးမှာ မိတ်ဆက်ပေးခဲ့တဲ့ “Doemal” အက်ပလီကေးရှင်းဆိုတာကတော့ အစားအသောက်ချစ်သူများအတွက် မြန်မာပြည်အနှံ့ မှ စားသောက်ဆိုင်များ၊ လူအနည်းစုသာ သိရှိတဲ့ ဆိုင်နေရာကောင်းများကို အလွယ်တကူ ရှာဖွေနိုင်မယ့် အက်ပလီကေးရှင်း တစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲကတော့ ကိုယ့် အနီး တစ်ဝိုက်မှာ ရှိတဲ့ စားသောက်ဆိုင်၊ ဘား၊ ကလပ် တို့နှင့် ပတ်သတ်တဲ့ သီတင်း အချက်အလက်တွေ ၊ အစားအသောက်ပုံစံ၊ ငွေပေးချေမှု နှင့် နေရာထိုင်ခင်း စတဲ့ အချက်တွေပေါ် မူတည့်ပြီး ကိုယ့် အကြိုက်နှင့် ကိုက်ညီတဲ့ ဆိုင်ကို လွယ်ကူစွာ ရှာဖွေနိုင်မယ့် အရာ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “Doemal” က ရေးသားပေးထားသော စားသောက်ဆိုင်များအကြောင်းကို ဖတ်ရှု နိုင်ကာ ကိုယ် စားသုံးခဲ့တဲ့ စားသောက်ဆိုင်ကို အဆင့် သတ်မှတ်ပေးခြင်း၊ ထင်မြင်ချက်များ ရေးသားနိုင်ခြင်း၊ ပျော်ရွှင်စရာ အမှတ်တရ ဓါတ်ပုံများကို မှတ်တမ်းတင်နိုင်ခြင်း၊ ဆိုင်နှင့် ပတ်သတ်သော စိတ်ခံစားချက် ၊ အတွေ့အကြုံ အခိုက်အတန့်များကို သူငယ်ချင်းများနှင့်အတူ ဝေမျှနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စားသောက်ဆိုင် လုပ်ငန်းရှင်များအတွက် စားသုံးသူများနှင့် အလွယ်တကူ ထိတွေ့နိုင်မယ့် ကြားခံ အထောက်အပံ့တစ်ခုလည်း ဖြစ်ပါတယ်။ Android version ကိုတော့ မတ်လက Launch လုပ်ခဲ့ပြီး Google Play Store မှာ Download ရယူနိုင်ပြီ ဖြစ်ပါတယ်။ ယခုဇွန်လအကုန်မှာတော့ IOS version ကို ရရှိမှာ ဖြစ်ပြီး ယခုလတ်တလောမှာတော့ အင်္ဂလိပ်ဘာသာ စကားဖြင့် သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး မကြာခင်ကာလမှာတော့ မြန်မာဘာသာ စကားဖြင့်ပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ချစ်သူတွေအတွက် ဘယ်အစားအစာတွေကို ဘယ်နေရာမှာ ရနိုင်ပါမလဲဆိုပြီး ခေါင်းကိုက်နေစရာ မလိုတော့ပဲ “Doemal” နဲ့တကယ်ကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်ပြီပေါ့နော်။CEO မိန့်ခွန်းပြောကြားနေစဉ်အတွင်း မိုးကရုတ်တရက်ကြီး ရွာချလာတော့ CEO ကပွဲတက်ရောက်လာတဲ့ ဧည့်သည်တွေအားလုံးကြားရအောင် အသံကုန်ဟစ်ပြီး ပြောခဲ့ရတာတော့ တကယ်ကို အမှတ်တရပါ။

ဒီအချိန်ပြီးသွားရင်တော့အားလုံးစောင့်မျှော်နေတဲ့ ပျော်စရာ ပါတီအချိန်ကို ကျရောက်လို့ လာပါပြီ။လာရောက်တဲ့ဧည့်သည်တွေကိုတော့ Tokyo Café က အရသာ ရှိတဲ့အစားအစာတွေ၊ အမျိုးအစားစုံလင်လှတဲ့ ဗော်ကာ၊ ကော့တေး၊ ဘီယာ နှင့် ဝိုင် တို့ဖြင့် တည်ခင်း ဧည့်ခင်းခဲ့ပါတယ်။ Party မှာ ဖွင့်ထားတဲ့ အမိုက်စားသံစဉ်နှင့် စိတ်လွတ်ကိုယ်လွတ် လိုက်က တဲ့ သူတွေ ရှိကြသလို၊Code2LABစုပေါင်းကာစကား ဖောင်ဖွဲ့ ပြောနေကြသူများကိုလည်း တွေ့မြင်ရပါတယ်။

ပါတီလေးက ည(၁၀) နာရီ ကျော်တဲ့ အထိ ပျော်ဖို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ ၁၀နာရီခွဲကျော်ကျော်လောက်မှာတော့ပွဲလေးပြီးဆုံးသွားပြီး ပစ္စည်းများကိုသိမ်းစည်းခဲ့ကြပါတယ်။ဒီလို ပွဲလေးကို ပျော်ပျော်ရွှင်ရွှင်နှင့် အောင်မြင်အောင် ကျင်းပ ပြုလုပ်နိုင်ခဲ့တဲ့ အတွက် ကျွန်တော် တို့ Code2LAB အဖွဲ့ဝင်တွေအားလုံးက ဂုဏ်ယူုပီတိဖြစ်ခဲ့ရပါတယ်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top