အင်္ဂ လိပ်

ကော်ဖီနှင့် ဒိုးနပ်များ

Coffee and Donuts

ကော်ဖီနှင့်ဒိုးနတ်မုန့်များသည် ရိုးရှင်းသော မနက်စာအတွက် အကောင်းဆုံးသော အစားအစာများဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် တည်ရှိသော အရာဝတ္ထုတိုင်းတွင် အကောင်းဆုံးသော တွဲစပ်မှုများ ရှိကြသကဲ့သို့ အစားအစာများတွင်လည်း လိုက်ဖက်ညီလှသော အစားအစာအတွဲအစပ်များ ရှိပါသည်။ ကော်ဖီနှင့် ဒိုးနတ်များသည် အကောင်းဆုံးသော တွဲဖက်အစားအစာအဖြစ် လူသိများ ထင်ရှားလှပြီး ကော်ဖီ၏ ခါးသက်သက်အရသာနှင့် ဒိုးနတ်၏ ချိုမြန်သော အရသာတို့ ပေါင်းစပ်သွားသောအခါ အလိုက်ဖက်ညီဆုံး အစားအစာအဖြစ်လူအများက သတ်မှတ်ကြပြီး လူကြိုက်များလှသော ခွန်အားပြည့် မနက်စာ အဖြစ် လူအများက ရွေးချယ်တတ်ကြသည်။ ကော်ဖီနှင့် ဒိုးနပ်မုန့်များသည် အနောက်နိုင်ငံများတွင်သာ ကျော်ကြားသည်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ အထူးအောင်မြင် ကျော်ကြားသော အစားအစာ တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြသည်။ အကောင်းဆုံးသော မနက်စာဖြစ်သော ကော်ဖီနှင့် ဒိုးနပ်မုန့်များသည် တစ်ဆထက် တစ်ဆ ပိုမို ရေပန်းစားလာသောအခါ ကမ္ဘာတစ်ဝန်းလုံးရှိ ကော်ဖီဆိုင်တိုင်းလိုလိုနှင့် မုန့်တိုက်များတွင် အလွယ်တကူ ဝယ်ယူ ရရှိလာနိုင်ပါသည်။ မုန့်တိုက်များမှ ထုတ်လုပ်သော မုန့်အမျိုးအစားအများအပြား ရှိသည့်အနက် ဒိုးနတ်မုန့်များသည် ကော်ဖီချစ်သူအများစု၏ ရွေးချယ်မှု အများဆုံးသော မုန့်တစ်မျိုးဖြစ်လာပါသည်။

မွှေးပျံ့ပြီး အရသာကောင်းမွန်လှသော ကော်ဖီတစ်ခွက်သည် နေ့တစ်နေ့ကို စတင်ဖို့ရန်အတွက် လန်းဆန်းမှုကို ပေးစွမ်းပါသည်။ ကော်ဖီသည် ကျွန်တော်တို့နေ့စဉ် နေထိုင်မှု ဘဝတွင် အခြေခံကျသော မရှိမဖြစ် အရာ တစ်ခုအဖြစ် တည်ရှ်ိလာပြီး ယဉ်ကျေးမှုသဖွယ် ထွန်းကားလာပါသည်။ ကော်ဖီများကို လှော်ထားသော ကော်ဖီစေ့များမှ ပြုလုပ်ဖန်တီးကာ ကမ္ဘာ့ကော်ဖီစိုက်ပျိုးရေးတွင်အများအားဖြင့် အာရေဘီက ကော်ဖီနှင့် ရိုဘူစတာ ကော်ဖီအမျိုးအစားကို စိုက်ပျိုးကြလေ့ရှိသည်။ ၄င်းကော်ဖီပင် ၂ မျိုးတွင် ရိုဘူစတာ ကော်ဖီအမျိုးအစားသည် အာရေဘီက ကော်ဖီထက် အရသာ ပိုမိုပြင်းထန်ပါသည်။ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုများ၏ ရ၀ % ခန့်သော ကော်ဖီများသည် အာရေဘီက ကော်ဖီပင်မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အရသာ ကောင်းမွန်လှသော ကော်ဖီတစ်ခွက်သည် ကော်ဖီစေ့၏ အရည်အသွေး၊ ပါဝင်ဖျော်စပ်ပစ္စည်းများ၏ အချိုးအစား နှင့် ကော်ဖီဖျော်စပ်ရာတွင် ထည့်သွင်းဖျော်စပ်သော ရေပမာဏစသော အချက်များစွာတွင် မူတည်နေပါသည်။

၄င်းအချက်များစွာထဲတွင် အဓိက အရေးကြီးသော အချက်မှာ အကောင်းဆုံးသော ကော်ဖီစေ့ကိုသာ ကော်ဖီဖျော်စပ်ရာတွင် အသုံးပြုသင့်ပါသည်။ Black coffee, Cappuccino, Espresso, Latte, Americano, Mocha and Irish coffee စသော ကော်ဖီအမျိုးအစားများသည် ကော်ဖီဆိုင်အများစုတွင် လူကြိုက်များလှသော ကော်ဖီအမျိုးအစားများဖြစ်ပြီး ဖျော်စပ်ပုံနှင့် ပါဝင်ပစ္စည်းများပေါ် မူတည်ကာ ကော်ဖီအမျိုးအစား တစ်ခုစီတိုင်းတွင် ထူခြားသော အရသာများကိုယ်စီ ရှိကြပါသည်။

လူကြိုက်များလှသော ဒိုးနပ်မုန့်များသည် အချိုတည်းသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ရေပန်းစားလှသော ဒိုးနတ်များကို ကမ္ဘာအနှံ့ရှိ မုန့်တိုက်များ၊ အစားအစာရောင်းချသော နေရာများနှင့် အိမ်တွင် ပုံစံအမျိုးမျိုး ပြုလုပ်ဖန်တီးကြလေ့ရှိပါသည်။ ဒိုးနတ်များသည် အများအားဖြင့် ဆီကြော်မုန့် အမျိုးအစားဖြစ်ပြီး အများဆုံးတွေ့ရှိရသော ဒိုးနတ်များမှာ သစ်သီးအရသာ၊ ခရမ်များ၊ ပူတင်းမျုားနှင့် ချိုသောအနံ့အရသာများဖြင့် ပြုလုပ်ဖန်တီးထးာသော လက်စွပ်ပုံစံ နှင့် မုန့်သားပြည့် ဒိုးနပ်မုန့်ပုံစံတို့ ဖြစ်ပါသည်။ ဒိုးနတ်မုန့်အမျိုးအစားများသည် ပါဝင်အသုံးပြုသော ပစ္စည်းများနှင့် အရသာများပေါ်မူတည်ပြီး သကြားဒိုးနတ်၊ ချောကလက်ဒိုးနတ်၊ ပျားရည်ဒိုးနတ် နှင့် အစရှိသော အရသာအမျိုးအစားစုံလင်သော ဒိုးနပ်အမျိုးအစားများစွာ  ရှိပါသည်။ ကော်ဖီဆိုင်များနှင့် အသင့်စား အစားအစာ ရောင်းချသော ဆိုင်များတွင် ကော်ဖီများနှင့် အတူ ဒိုးနပ်များကိုပါ ပူးတွဲပြီး ရောင်းချလေ့ရှိကြသည်။

နေ့လည်ပိုင်း အချိန်များတွင်  ခေတ္တအနားယူချိန်အဖြစ် အလုပ်များ၌ ကော်ဖီသောက်ချိန်များ ပေးတတ်ကြပြီး ထိုအချိန်တွင် စားသုံးသော ဒိုးနပ်မုန့်များနှင့် ကော်ဖီများသည် ပြန်လည် လန်းဆန်းမှုကို အသစ်တဖန် မွေးဖွားပေးပါသည်။ ကော်ဖီနှင့် ဒိုးနပ်များကို အစည်းများ၏ ပွဲအခမ်းအနားများတွင် တစ်ခါတရံ တည်ခင်းကျွေးမွေးသော အစားအစာအဖြစ် တွေ့ရှိရတတ်သည်။ လူသားတို့အတွက် ပြီးပြည့်စုံသော အစားအစာ အတွဲဖြစ်သော ကော်ဖီနှင့် ဒိုးနတ်တွင် ကော်ဖီတစ်ခုတည်း တည်ရှိရုံမျှဖြင့် မပြည့်စုံနိုင်ပါ။ ချိုမြိန်လှသော ဒိုးနတ်မုန့်နှင် ့ကော်ဖီတွဲစပ်မှုကသာ ပြီးပြည့်စုံသော ခံစားမှုကို အပြည့်အဝပေးစွမ်းနိုင်ပါသည်။ ကျွန်တော်တို့၏ ဦးနှောက်မှ ကော်ဖီနှင့် ဒိုးနပ်များမရှိခဲ့လျှင် ယူဆောင်ပေးရန်အတွက် တိုက်တွန်းနိုင်ပါသည်။ သင်ရော ဘယ်လိုထင်မြင်မိပါသလဲ။ သင့်ကို လန်းဆန်းမှု ပေးစွမ်းနိုင်မည့် ကော်ဖီပူပူလေးတစ်ခွက်နှင့် ချိုမြန်လှသော ဒိုးနတ်တစ်ခုကို သုံးဆောင်လိုပါသလား။

အက်စ်ပီမုန့်တိုက်အက်စ်ပီမုန့်တိုက် (SP Bakery)

ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ပဲရစ်စင်ကိတ်နှင့်ကော်ဖီပဲရစ်စင်ကိတ်နှင့်ကော်ဖီ (Parisian Cake & Coffee)

အထက်ကြည့်မြင်တိုင်လမ်း၊ ရန်ကုန်မြို့။

စီစံမုန့်တိုက်စီစံမုန့်တိုက် (Season Bakery)

စီတီးမတ်စူပါမားကတ်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

မားလ်ဇက်(တ်)ကော်ဖီဆိုင် မားလ်ဇက်(တ်)ကော်ဖီဆိုင် (Mahlzeit Café)

အမှတ်(၈၄)၊ပန်းလှိုင်လမ်း၊ရန်ကုန်မြို့။

ဉာဏ်ကြီးရှင်ကော်ဖီဆိုင် (Genius Cafe)ဉာဏ်ကြီးရှင်ကော်ဖီဆိုင် (Cafe Genius)

အမှတ်၂၂၀၊ ၃၁လမ်းအပေါ်ဘလောက်၊ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top