(၁) ရှောက်သီးသုပ်

ပါဝင်ပစ္စည်းများ
(၁) ရှောက်သီးမျှင်
(၂) ကြက်သွန်နီပါးပါးလှီး(၄)လုံး
(၃) ပုဇွန်ငါးပိအနည်းငယ်
(၄) ဟင်းခတ်မှုန့်
(၅) ငရုတ်သီးစိမ်း(၅) ထောင့်ညှပ်ပြီးသား
ရခိုင်ပုံင်္စဖြစ်သောကြောင့် ဆီမထည့်ပဲ အားလုံးကိုပန်းကန်လုံးထည့်ပြီး ရောသုပ်လိုက်ပါ။
(၂)မျှစ်သုပ်
ပါဝင်ပစ္စည်းများ
(၁) ပြုတ်ထားသော မျှစ်မျှင်
(၂) ကြက်သွန်နီဆီချက်
(၃) သံပုရာသီးစိတ် (၂)ခြမ်း
(၄) ငရုတ်သီးစိမ်း(၃)ထောင့်ညှပ်ပြီး
(၅) ဟင်းချိုမှုန့်
(၆) ငံပြာရည်
ပုဇွန်ခြောက် ကြိုက်ပါက အနည်းငယ်ထည့်ပြီး အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုပန်းကန် လုံးထဲထည့်ပြီးရောသုတ်ပေးပါ။
(၃) မြင်းခွာရွက်သုပ်

ပါဝင်ပစ္စည်းများ
(၁) မြင်းခွာရွက်
(၂) ကြက်သွန်နီ(၃) လုံးပါးပါးလှီးပြီသား
(၃) သံပုရာသီးစိတ် (၂)ခြမ်း
(၄) မြေပဲဆန်ထောင်းမှုန့်
(၅) ဆီချက်
(၆) ဆား
(၇) ဟင်းချိုမှုန့်
(၈) ငရုတ်သီးစိမ်း(၃)ထောင့်ညှပ်ပြီး
အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုပန်းကန် လုံးထဲထည့်ပြီးရောသုတ်ပေးပါ။
credit to all photos
