Covid ကာလဖြစ်တဲ့အတွက် အပြင်ထွက်စားသောက်လို့မရပဲ delivery , takeaway နဲ့ပဲမှာယူစားသောက် နေရလို့ ငြီးငွေ့နေကြပြီလား
ဒီနေ့မှာတော့ အိမ်မှာပဲ ကိုယ်တိုင်ချက်ပြုတ်စားသောက် ခြင်းရဲ့အကျိုးကျေးဇူး (၄)ချက်ကို မျှ ေ ပေးလိုက်ပါတယ်။
(၁) ပိုက်ဆံအကုန်အကျသက်သာတယ်။
အပြင်မှာစားသောက်ခြင်းထက် အိမ်တွင်းချက်ပြုတ် စားသောက်ခြင်းက အကုန်အကျများစွာသက်သာစေပါသည်။
(၂) ကျန်းမာရေးနဲ့ညီညွတ်မျှတတာတွေ စားဖြစ်တယ်။
အပြင်အစားအသောက်တွေ သည်များသောအားဖြင့်အဆီတွေ ကျန်းမာရေးနဲ့ မညီညွတ်တာတွေများပါသည်။
အိမ်မှာချက်ပြုတ် စားသောက်သောအခါ ကိုယ်နှင့်မတည့်တာ တွေလျော့ထည့်ပြီး ချက်ပြုတ်စားသောက်နိုင်ပါသည်။
(၃) ကိုယ်နှစ်သက်ရာအစားအသောက်ကို Youtube, website and blogs တွေမှာ ရှာဖွေပြီး cooking skillတိုးတက်လာအောင်ပြုလုပ်နိုင်ခြင်း။
ဒီကာလမှာဆိုရင် ကိုယ့်ရဲ့ cooking skill တိုးတက်လာအောင်လေ့လာလို့ အကောင်းဆုံးပါ။အမြဲတမ်းနီးပါး အပြင်အစားအစာတွေ အစားကိုယ့်ဘာသာချက်ပြုတ်ပြီး challengeအသစ်တွေ ပြုလုပ်ကြည့်တာကလည်းကောင်းသောအရာ တစ်ခုဖြစ်ပါသည်။
(၄) မိသားစုနဲ့အတူတကွ အချိန်ကုန်ဆုံးနိုင်ခြင်း။
များသောအားဖြင့် အပြင်မှာသွားရောက် စားသောက်တဲ့အခါ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ခြင်းက ယေဘူယျအားဖြင့်ပိုများပါတယ်။ အခုကာလမှာဆိုရင်တော့ မိသားစုနဲ့ပိုမို အချိန်ကုန်ပြီး နွေးနွေးထွွေးထွေးလေးနေလို့ အကောင်းဆုံးပါ။
