ကျန်းမာရေးနဲ့လည်း ညီညွတ်အသားအရေအတွက်လည်းအထောက် အကူပြုတဲ့ခရမ်းချဉ်သီးသုပ်နည်းလေး ပြုလုပ်ပုံကိုဝေမျှပေးလိုက်ပါသည်။
ပါဝင်ပစ္စည်းများ
(၁) ခရမ်းချဉ်သီး ၅လုံး
(၂) ကြက် သွန်နီ ၂ လုံး
(၃) ပုဇွန်ခြောက်မှုန့်
(၄) မြေပဲလှော်မုန့်
(၅) ဆီချက်
(၆) ငံပြာရည်
(၇) ငရုတ်သီးစိ်မ်း ၅ ထောင့်
(၈) dashi
(၉) နံနံပင်
ပြုလုပ်နည်းအဆင့်ဆင့်
(၁)ရေဆေးထားသောခရမ်းချဉ်သီး ၅လုံးကို ပါးပါးလှီးပြီး ပန်းကန်လုံးထဲ ထည့်ထားပေးပါ
(၂) ကြက်သွန် နီကိုပါးပါးလှီးပြီး ရေဆေးပေးပါ
(၃) ပုဇွန်ခြောက်မှုန့်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း
(၄) မြေပဲလှော် မှုန့်လက်ဖက်ရည်တစ်ဇွန်း
(၅) ဆီချက်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့်တစ်ဝက်ကို
(၆) ငံပြာရည် လက်ဖက်စား၂ဇွန်း
(၇) dashi လက်ဖက်စား၁ဇွန်း
(၈) ငရုတ်သီး၅ထောင့်ကိုကတ်ကြေးနဲ့ ညှပ်ပြီး
အဆင့်(၂) မှ (၈)အထိ ခရမ်းချဉ်သီးထည့်ထားသော ပန်းကန်လုံးထဲကို ရောထည့်လိုက်ပြီး လက်အိတ်လေးနှင့် ပါဝင်ပစ္စည်းများကို ရောပြီး သုပ်ပေးပါ။
(၉) စားသုံးမည့်ပန်းကန်ပြား(သို့) ပန်းကန်လုံးထဲသို့ ခရမ်းချဉ်သီးသုပ် ကို ထည့်ပြီး အပေါ်ကနံနံပင်လေးအုပ်ပေးပါ
ဒါဆိုရင် အရသာရှိသော ခရမ်းချဉ်သီး သုပ်တစ်ပွဲရရှိပါပြီ။
