စားသောက်နေထိုင်နည်း

During Stay-Home ,the effective things we should do

ယခုလို stay home ကာလမှာ အိမ်ထဲမှာ ပျင်းနေတဲ့သူတွေအတွက် အိမ်မှာနေရင်း အကျိုးရှိစေမဲ့ အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်

၁။ဝါသနာများ

 ပုံမှန် ဆို ရုံးတက်ရုံးဆင်းနဲ့ နေ့စဉ်လည်ပတ်နေရတာမို့ ကိုယ်ဝါသနာပါတဲ့အရာတွေကို ကျွန်မတို့ အများစု အချိန်မပေးနိုင်ကြပါဘူး။ ဒါကြောင့်ခုလို stay home ကာလမှာ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ လုပ်ပြီး stay home ကာလကို အကျိုးရှိရှိ ဖြတ်သန်းပါ။ ဥပမာ-( စက်ချုပ်တာ၊ဂစ်တာတီးတာ )

၂။အိမ်သန့်ရှင်း ရေး နှင့် အလှဆင်ခြင်း

Stay home ဆိုတဲ့အတိုင်း အိမ်ထဲမှာပဲ အလုပ်ရှာရတာပေါ့နော်။အရင်က အလုပ်တွေရှုပ်နေလို့ သိပ်ဂရုမစိုက်ဖြစ်ခဲ့ရင် အခု အချိန်ရနေတုန်း အိမ်သန့်ရှင်းရေးနဲ့ အိမ်အလှဆင်ခြင်းလုပ်ပါ။ပရိဘောဂတွေကို နေရာပြောင်းထားကြည့်ပါ၊ ဒီလိုပြုလုပ်ခြင်းက အမြင်ပြောင်းလဲပြီးစိတ်လန်းဆန်းစေပါတယ် ။အိမ်ထဲမှာပဲနေရလို့ငြီးငွေ့နေရင် လုပ်ကြည့်ပါနော်။

၃။စားပါ

ဟုတ်ပါတယ် ဝိတ်မလျော့ကြနဲ့ စားပါနော်။ ကိုယ်ခံအား ကောင်းဖို့အတွက် အာဟာရ ပြည့်ဝတဲ့ အစားအစာစားပေးပါ။ ကိုယ်က အချက်အပြုတ်ဝါသနာပါသူတယောက်ဆိုလည်း အချိန်ရနေတုန်း လက်စွမ်းပြလိုက်ပါ။

၄။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

အခုလိုကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ အရေးကြီးဆုံးက ကျန်းမာရေး ပါ။ကိုယ်ခံအားကောင်းစေဖို့ အာဟာရရှိ သော အစားအစာ စားပေးရမည့်အပြင် သက်လုံကောင်းစေဖို့ လေ့ကျင့်ခန်း တခုခုပုံမှန်လုပ်ပေးဖို့လိုပါတယ်။ နေ့စဉ် တနာရီလောက်ပုံမှန် အချိန်ပေးပြီးလုပ်ပေးပါ။ ကိုယ်နှစ်သက်တဲ့ အမျိုးအစားရွေးလုပ်နိုင်ပါတယ် ။နောက် blog တွေမှာ အိမ်မှာ အလွယ်တကူလိုက်လုပ်နိုင်တဲ့ platform များကို ပြောပြပေးပါမယ်။

၅။လေ့လာပါ

နောက်တခုကတော့ ကိုယ်အရင်က လေ့လာချင်ပေမဲ့ အချိန်မပေးနိုင်ခဲ့တဲ့ ဘာသာရပ်များကို လေ့လာပါ .အခုဆို online class တွေ အများကြီးရှိလာပြီမို့ အရမ်းအဆင်ပြေပါတယ်နော်။

၆။ရုပ်ရှင်ကြည့်ပါ

Online မှာ ရုပ်ရှင်တွေ တွေ့တိုင်း အမြဲ save ပြီး အချိန်မရှိလို့ မကြည့်ဖြစ်တာတွေများနေရင် အခုချိန်ကြည့်ပါ ။မင်မင် ကတော့ September တလလုံးကြည့်နေတာ မကုန်သေးဘူး ။

၇။မိသားစုကိုအချိန်ပေးပါ

အရင်ကဆို မိုးလင်း အလုပ်သွား အလုပ်ကပြန်တော့မိုးရှုပ်သွားတာနဲ့ မိသားစု ကိုအချိန်မပေးဖြစ်ရင် အခု stay home မှာ မိသားစုနဲ့ activities လေးတွေလုပ်ပေးပါ ပျော်စရာကောင်းပါတယ်။ဥပမာ -(မုန့်လုပ်စားတာ၊ရုပ်ရှင်ကြည့်တာ၊ငယ်ငယ်တုန်းကအကြောင်းတွေပြောကြတာ )

၈။အိပ်ပါ

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပဲနော် အားလုံးကြိုက်ကြတယ်ဟုတ် မနက်ဆိုလဲ alarmပေးစရာမလို နေ့လည် မှာလည်း ထပ်အိပ် ဘယ်လောက်မိုက်လဲနော။သင်ရဲ့ အိပ်ခန်းလေးထဲမှာ အိပ်နေရုံနဲလည်း ကမ္ဘာကြီးကို ကယ်တင်ရာရောက်ပါတယ်။

မင်မင်ပြောပြပေးတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့် ပြီး အားလုံး အပျင်းပြေ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ် ကမ္ဘာကြီး လဲ မြန်မြန် နေကောင်းပါစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top