
ဒိုးမယ်ပရိတ်သက်ကြီးအတွက် ဒီတစ်ပတ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေမျှဝေပေးသွားပါမယ်။
အသီးအရွက်တွေကိုတော်တော်များများက သိပ်မကြိုက်ကြဘူးထင်တယ် ဒါပေမယ့် သူတို့ရဲ့ အကျိုးအာနိသင်တွေကတော့ အရမ်းအစွမ်းထက်တယ်နော်
ကဲ..ဆက်ဖတ်ကြည့်လိုက်ရအောင် 💁♀️
၁။ ခဝဲသီးရဲ့ ကောင်းကျိုးများ
– ကင်ဆာဖြစ်နှုန်းကို လျော့ချပေးခြင်း
– ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း
– အရိုးပွရောဂါဖြစ်နှုန်းကိုလျော့ချပေးခြင်း
– စွမ်းအင်ပြည့်ဝစေခြင်း
– နှလုံးကျန်းမာစေခြင်း
၂။ ကြက်ဟင်းခါးသီးရဲ့အာနိသင်
– ကိုယ်ခံစွမ်းအားကို တိုးတတ်ကောင်းမွန်စေခြင်း
– အမြင်အာရုံကို ကောင်းမွန်စေခြင်း
– သွေးကိုသန့်စင်စေခြင်း
– ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးခြင်း
– ပန်းနာရင်ကြပ်ကို သက်သာစေခြင်း
၃။ ကိုက်လံရဲ့ အကျိုးအာနိသင်
– သံဓါတ်နှင့် ကယ်စီယမ်၊ vitamin A၊ vitamin D ပါဝင်
– ရောင်ရမ်းမှုကိုသက်သာစေသည်။
– နှလုံးနှင့်သွေားကြောရောဂါများမှကာကွယ်ပေးခြင်း
– ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း
၄။ ပြောင်းဖူးရဲ့ကောင်းကျိုးများ
– ကိုယ်ဝန်ဆောင်မိခင်များအတွက်ကောင်းတယ်။
– အားအင်အပြည့်အဝပေးတယ်။
– မျက်လုံးအတွက်ကောင်းတယ်။
– အသားအရည်ကို လှပစေတယ်။
၅။ ပဲပင်ပေါက်ရဲ့အကျိုးကျေးဇူး
– နှလုံးအတွက်ကောင်းသည်။
– ကိုလက်စထရော လျော့ကျစေသည်။
– ကိုယ်ခံအားဖြည့်တင်းပေးသည်။
– ရေဓါတ်ပြည့်ဝစေသည်။
– အစာချေစနစ်နှင့် အာရုံကြောအတွက်ကောင်းစေသည်။
၆။ ပန်းဂေါ်ဖီစိမ်း ကောင်းကျိုး
– ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း။
– နှလုံးရောဂါကိုတိုက်ထုတ်ပေးခြင်း။
– သွေးဖိအားကိုထိန်းညှိပေးခြင်း။
– ဟော်မုန်းပမာဏကိုထိန်းပေးခြင်း။
– အလွန်အကျူးစားချင်စိတ်ကို ထိမ်းချုပ်ပေးခြင်း။
အသီးအရွက်တွေမှာ Vitamin များစွာပါဝင်လို့ မဖြစ်မနေ စားပေးသင့်ပါတယ်နော်။
