Uncategorized

Kitchen Tips

ဒီတစ်ပတ်မှာ အိမ်ရှင်မ​တွေအတွက် မီးဖို​ချောင်ထဲမှာ အသုံးဝင်​စေတဲ့ Kitchen tips ​လေး​တချို့ကို ​မျှ​ဝေ​ပေးချင်ပါတယ်။ ဒါ​လေး​တွေဖတ်ပြီးသွားရင် မီးဖို​ချောင်ကိစ္စ​တွေမှာ ပိုမိုလွယ်ကူပြီး အဆင်​ပြေသွား​စေမယ်လို့ ​မျှော်လင့်ပါတယ်​နော်။

၁။ ကိုယ့်အိမ်မှာရှိတဲ့ ​ရေခဲ​သေတ္တာထဲမှာ အနံ့အသက် မ​ကောင်းဖြစ်​နေပြီဆိုရင် ​ကော်ဖီအကြမ်းမှုန့် (သို့မဟုတ်) မုန့်ဖုတ်​ဆော်ဒါကို ပန်းကန်​လေးတစ်ခုနဲ့ ၂ရက် ၃ရက်​​လောက်ထား​ပေးပါ။ အနံဆိုး​တွေကို စုပ်ယူဖယ်ရှား​ပေးပါလိမ့်မယ်။

၂။ ထမင်းအိုး၊ ဟင်းအိုး​တွေ တူးပြီး အိုးမှာ ဂျိုး​တွေကပ်​နေခဲ့ရင် နွှာထားတဲ့ ပန်းသီးခွံ​တွေကို ဂျိုးကပ်​နေတဲ့အိုးထဲ ထည့်ပြုတ်လိုက်ပါ။ ဂျိုး​တွေပါမက တူးနံ့​တွေပါ ​ပြောင်စင်သွားပါလိမ့်မယ်။

၃။ သံပုယိုသီး​တွေကို ​ရေခဲ​သေတ္တာထဲ သိမ်းတဲ့အခါ ပလတ်စတစ်အိတ်ထဲ ထည့်ပြီးမှသိမ်းဆည်းပါက ပုံမှန်ထက် ၄ဆ​လောက် တာရှည်ခံပါတယ်။

၄။ ဟင်း​ထဲမှာဆားများလို့ ငန်သွားရင် သံပုရာရည် အနည်းငယ်ထည့်​ပေးလိုက်ပါ ။ အငန်သက်သာသွားပါလိမ့်မယ်။

၅။ ရှာလကာရည်ကို ဟင်းထဲထည့်ချက်လျှင် အသားကိုလျင်မြန်စွာနူးညံ့​စေပြီး အညှီနံများကိုလဲ သက်သာ​စေပါတယ်။

၆။ ဟင်းချက်တဲ့အခါ ဆားထည့်တာလက်လွန်သွားလျင် အာလူး ဒါမှမဟုတ် ခရမ်းချဥ်သီးကို အတုံး​လေး​တွေတုံးပြီး ထည့်​ပေးပါ။ ပြန်ဆယ်လိုက်ရင် ပို​နေတဲ့ အငန်ဓါတ်​တွေပါသွားပါလိမ့်မယ်။

၇။ ကြက်သား​​ကြော်တဲ့အခါ ​ရွှေညို​ရောင်သန်းပြီး အမြင်လှ​နေ​စေချင်ရင် မ​ကြော်ခင် ကြက်သားကိုပျားရည်​လေးနည်းနည်းသုတ်​ပေးလိုက်ပါ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top