Lifestyle

Coffee ၏ ကောင်းကျိုးများ

Coffee က တကမ္ဘာလုံးမှာ သောက်သုံးမှု အများဆုံး beverage ဖြစ်နေပေမယ့် သူရဲ့ effect တွေကို ငြင်းခုန်နေကြတုန်းပါပဲ။ Scientists တွေကလည်း အဖြေအမျိုးမျိုးတွေ ထုတ်ဖော်ပြသနေကြပါတယ်။ ဒီ post လေးမှာ Coffee နဲ့ပတ်သက်တဲ့ ကောင်းကျိုးလေးတွေကို  ပြောပြချင်ပါတယ်။

Coffee က ပျော်ရွှင်မှုကို ဖြစ်စေတယ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က လေ့လာမှုတခုမှာ “Coffee is happy juice” လို့ ပြောခဲ့ပါတယ်။ Coffee သောက်သုံးခြင်းက အကောင်းဘက်ဆောင်တဲ့ ခံစားချက်တွေနဲ့ ချိတ်ဆက်နေတယ်လို့လဲ ပြောပါတယ်။

Fight Depression

Depression ဆိုတာက အန္တရာယ်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ ဖြစ်ပြီး ကိုယ့်ရဲ့နေ့စဥ်ဘဝကို ထိခိုက်နိုင်ပါတယ်။ Harvard က လေ့လာမှုတခုအရ တနေ့ကို ၄ခွက်အထက် သောက်တဲ့ အမျိုးသမီးတွေဟာ depression ဖြစ်နိုင်ချေကို ၂၀ ရာခိုင်နှုန်း လျော့ချနိုင်ပါတယ်။

ကျန်းမာရေးအတွက် ကောင်းစေတယ်

၂၀၁၄ ၂၀၁၅ ၂၀၁၆ ဝန်းကျင်မှာ လေ့လာချက်တွေအရ coffee က အသည်းအတွက်ကောင်းတယ်၊ heart attack ကို လျော့ကျစေတယ်၊ colon cancer ကိုတောင် ပျောက်ကင်းနိုင်တယ်လို့ ပြောကြပါတယ်။

အသက်ရှည်စေတယ်

Coffee သောက်သုံးနေကျသူတွေဟာ ရောဂါဖြစ်နိုင်ချေ နည်းစေတဲ့အတွက် အသက်ရှည်စေတယ်လို့ ပြောကြပါတယ်။ တနေ့ကို တခွက်ကနေ ငါးခွက်အထိ သောက်မယ်ဆိုရင် စောစောသေဆုံးမှုကို လျှော့ချပေးပါတယ်လို့ Journal Circulation မှာ ဖော်ပြထားပါတယ်။

နာကျင်မှုတွေကို လျှော့ချပေးတယ်

Coffee နှစ်ခွက်သောက်သုံးခြင်းက muscle pain ကို ပျောက်ကင်းစေတယ်လို့ တွေ့ရှိချက်ရှိပါတယ်၊ ဒါပေမယ့် ရှာဖွေမှုက ပုံမှန်သောက်နေကျလူတွေကို စမ်းသပ်ခဲ့ခြင်းဖြစ်တယ်။ နောက်ထပ် တွေ့ရှိမှုကတော့ အလုပ်မှာ ကွန်ပျူတာရှေ့မထိုင်ခင် Coffee သောက်တဲ့ သူတွေဟာ neck နှင့် shoulder pain ကို လျော့ကျစေပါတယ်။

Energy level ကို မြင့်တင်ပေးပြီး ထက်မြက်စေတယ်

Coffee က ပင်ပန်းမှုတွေကို လျော့ကျစေပြီး energy level ကို မြင့်တင်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ Coffee မှာ Caffeine ဓာတ်ပါဝင်တဲ့အတွက် Coffee သောက်ပြီးတဲ့အခါ caffeine ကို သွေးထဲကို စုပ်ယူသွားပြီး ဦးနှောက်ထဲကို ပို့ပေးတဲ့ အတွက်ကြောင့်ဖြစ်တယ်။

အဆီလောင်ကျွမ်းစေတယ်

Caffeine က အဆီကို လောင်ကျွမ်းစေတဲ့ ဓာတ်အဖြစ် ကျော်ကြားပါတယ်။ Caffeine ဓာတ်က metabolic rate ကို ၃ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းထိ မြှင့်တင်ပေးနိုင်ပါတယ်လို့ တွေ့ရှိချက်တွေ ရှိပါတယ်။ ဒါပေမယ့် coffee သောက်တာ ကြာတဲ့ သူတွေအတွက်တော့ ဒီလို effect တွေက ထိရောက်ဖို့ အခွင့်အရေးနည်းတယ်လို့ လေ့လာရပါတယ်။

Coffee သောက်တာက ကောင်းကျိုးတွေလဲ များတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ လွန်လွန်ကျူးကျူးသောက်ရင် side effect တွေရှိတဲ့အတွက် တနေ့ကို ၁ခွက် ၂ခွက်ပဲ သောက်သင့်ပါတယ်။

Photo Credit

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top