Lifestyle

ဇိမ်ခံစားရမဲ့မုန့်ပဲသရေစာများ

 

ပရိသတ်ကြီးတို့ရေ အိမ်တွင်းအောင်းချိန်မှာ အများဆုံးဘာတွေလုပ်ဖြစ်ကြလည်း။ ရုပ်ရှင်ကြည့်ဖြစ်တာများမယ်ထင်ပါတယ်။

ရုပ်ရှင်ကြည့်မယ်ဆိုရင် တစ်ခုခုစားပြီး ကြည့်ရတာပိုအဆင်ပြေမယ်ထင်ပါတယ်။

အောက်မှာဇိမ်ခံပြီး စားရမဲ့ မုန့်ပဲသရေစာလှလှလုပ်နည်းလေး ၃ မျိူးရှိတယ်နော်။ ဆက်ပြီးဖတ်လိုက်ကြအုန်းနော်။

 

ပေါင်မုန့်အသားကပ်ကြော်

စာရေးသူနဲ့စာရေးသူအမေတို့ ခုတစ်လောအတွင်းကို အရမ်းလုပ်စားဖြစ်နေကြပါတယ်။ အသားကြိိတ်ပြီး ကြက်သွန်နီ၊ဖြူ နှင့် ဂျင်းတို့ကို ထောင်းပြီး နယ်ထားပါ။ ရေခဲသေတ္တာထဲသိမ်းထားပါ။ ပေါင်မုန့်အကြမ်းမှာကပ်ပြီးဆီနည်းနည်းလေးနဲ့ကြော်ပါ။ ကြက်ဥလေးနဲ့လည်း ထပ်ပြီးကပ်ကြော်လို့ရပါတယ်။ ကိုကြိုက်တဲ့အသီးအရွက်လေးတွေကိုလည်း အသားထဲထည့်နယ်ထားလို့ရပါတယ်။

စပါကတီ

ခရမ်းချဉ်သီးအနှစ်လေးကို ဗူးလေးတွေနဲ့ ဝယ်ထားလို့ရပါတယ်။ စပါကတီခေါက်ဆွဲလေးကို ပျော့အောင်ပြုတ်ပြီး ခရမ်းချဉ်သီးအနှစ်လေးဆမ်းပြီး အရသာ လိုသလိုထည့်ပြီး ချိစ်လေးတွေ ထည့်လို့ရပါတယ်။ အသားလုံးနဲ့  အခြား အဆာပလတွေကတော့ ကို့သဘော နှင့်ကိုပါပဲရှင်။

ကိုရီးယားခေါက်ဆွဲပြုတ်

အထုပ်တွေအပြင်မှာဝယ်လို့ရပါတယ်။ စာရေးသူကတော့ သာမန်ပြုတ်မစားပါဖူး။ အသားမျိုးစုံ အသီးအရွက်တို့အပြင် ချိစ်ပါထည့်စားပါတယ်ရှင်။ ခေါက်ဆွဲကိုပြုတ်ရေစစ်ပြီး အမှုန့်များနှင့်နယ်ပြီးရင် မုန့်နှစ်ကပ်ကာ လုံးပြီးကြော်စားလို့ ရပါသေးတယ်။

ဇိမ်ခံပြီးရုပ်ရှင်လေး ကြည့်ကာဖြည်းဖြည်းလေး စားကြနော်။

ပရိတ်သတ်ကြီးတို့ရေ လက်ဆေးပါလို့မှာချင်ပါသေးတယ်။

စိတ်မချမရမချင်း အပြင်ထွက်တာရှောင်ကြပါနော်။

ကျန်းမာရွှင်လန်းကြပါစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top