အခုလတ်တလောမှာဆိုရင် လူတိုင်းနီးပါးဟာ Home Quarantine ဝင်ကာအတတ်နိုင်ဆုံးရောဂါဆိုးကြီးကို ကာကွယ်နေကြပါတယ်။ ကမ္ဘာနှင့်အဝန်းမှာ ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့ကြိုးစားနေရတဲ့ အတွက် စီးပွားရေးအခြေအနေ တွေကလည်း ကျဆင်းနေတာ နေရာတော်တော်မျာများမှာ တွေ့နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာဆိုရင် လုံးဝကို ချွေတာရေးနဲ့ ကိုက်ညီပြီး အာဟာရလည်းပြည့်စုံမဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ဆန်ပြုတ်
ဆန်တစ်မျိုးတည်းရှိတာနဲ့ အလုပ်ဖြစ်ပါတယ်။ ဆန်ကိုပြုတ်ပြီး အမျိုးမျိုးပုံစံပြောင်းစားလို့ရပါသေးတယ်။
၂။ခေါက်ဆွဲပြုတ်
သက်သာတာက မြေကြီးလက်ခတ်မလွဲပါ။ ပရိုတင်းဓာတ်ရအောင် အသားလေးတော့ထည့်စား စေချင်ပါတယ်။
၃။ဂျုံစေ့ပြုတ်
ဂျုံစေ့ကိုပြုတ်ပြီး အုန်းနို့လေးနည်းနည်းထည့်ပြီး ဆန်ပြုတ်လိုစားလို့ရပါတယ်။
၄။နံပြား
နံပြားလုပ်တယ်ဆိုတာ ဖိုမလိုပါဖူး။ ဂျုံနယ်ထားပြီးပြားပြီး မီးခဲပေါ်တင်လိုက်လို့ရပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွေမှာ မီးပုံပေါ်တင်ကြတာပါ။ မဲသွားတဲ့ အပိုင်းတွေကို ဓားနဲ့ခြစ်ချဖို့မမေ့နဲ့နော်။
၅။ထမင်းခြောက်ကြော်
ထမင်းခြောက်ကြော် ဆိုတာတော့ သက်သာရုံတင်မကပါဖူး။ ထမင်းပိုနေခဲ့ရင်ဖြုန်းရာမကျပါဖူး။ထမင်းပိုတာလေးတွေကို နေလှန်းပြီး ဆီပူပူလေးနဲ့ကြော်စားရပါတယ်ရှင်။
၆။ အသားမွှကြော်
ဝက်သား၊ ကြက်သား နဲ့အမဲသားတို့ကို ပြုတ်ပြီးမွှကြော်လေးလုပ်ထားရင် တာရှည်သိမ်းထားလို့ရသလို ထမင်းစားရလည်းမြိန်စေမှာပါ။
၇။ငါးခြောက်ကြော်
ငါးခြောက်မျိုးစုံတိုင်းလုပ်စားလို့ရပါတယ်။ စျေးလည်းသက်သာပါတယ်။ အသားတွေထက်စာရင် သက်သာပါတယ်။
ကဲ….. ဒီလောက်ဆိုရင် ပရိသတ်ကြီးတို့ အိမ်တွင်းအောင်းရမယ့်ရက်တွေအတွက် သက်သာသွားမှာပါ။ စိတ်အေးအေးနဲ့ သက်သက်သာသာဖြတ်သန်းကြပါနော်။
