Lifestyle

ကူးစက်ရောဂါဆိုးကြီးကိုအိမ်တွင်းသုံးပစ္စည်းများနဲ့ ကာကွယ်ကြမယ်။

လက်သန့်စင်ဆေးရည်၊ လက်အိတ်၊ mask နဲ့ လက်ဆေးဆပ်ပြာ အစရှိတဲ့ အရာတွေက ဒီကပ်ရောဂါဆိုးကြီးကို ကာကွယ်ဖို့ အရေးပါတဲ့အရာတွေပါ။ အဝယ်များလာတဲ့အခါမှာစျေးတက်လာပြီး ဝယ်ရတာလည်းရှားပါးလာပါတယ်။တချို့မတတ်နိုင်တဲ့သူတွေအတွက်ကော ဝယ်ရတာရှားပါးတဲ့အတွက်ကော ဘယ်လိုအစားထိုးအသုံးပြုနိုင်လည်းဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ လက်သန့်စင်ဆေးရည်

လက်သန့်စင်ဆေးရည်ကဝယ်ရတာ ခက်နေပါပြီ။ လက်သန့်စင်ဆေးရည်ကို အရက်ပြန်၊ ရှားစောင်းလက်နှင့်ဗိုက်တာမင်အီး အဆီတို့ပေါင်းရင်ရပါတယ်။  ဝယ်ရတာလွယ်ကူတဲ့အရာတွေပါ။ အရက်ပြန်ပါဝင်မှုများလေကောင်းလေပါပဲ။

၂။ Mask

Wet tissue ကိုဘေးနှစ်ဖက်ကဖြဲပြီး နှစ်ထပ်လောက်ထပ်တာပါပဲ။ အသားအရေထိခိုက်မှာစိုးရိမ်ရင် အစပေါ်ကို အရက်ပြန်လေးအနည်းငယ်ဖြန်းလိုက်ပါ။

၃။လက်အိတ်

မဖြစ်မနေစျေးလည်းဝယ်ရမယ်။ ရာဘာဆေးလက်အိတ်ကလည်း ဝယ်မရဘူးဆိုရင် မီးဖိုချောင်သုံးလက်အိတ်နှစ်ထပ်စွပ်ပြီး အစားထိုးသုံးနိုင်ပါတယ်။ စျေးဝယ်စရာတွေကိုင်တွယ်နိုင်ပါတယ်။အရမ်းကြီးစိတ်ချရတာမဟုတ်တဲ့ အတွက် မစွပ်ခင်ကော ချွတ်ပြီးရင်ကော လက်ဆေးပါ။ လက်အိတ်စွပ်ထားချိန်အတွင်းမှာ မျက်နှာတစ်ဝိုက်ကိုလုံးဝမကိုင်တွယ်ဖို့သတိပြုပါ။

၄။လက်ဆေးဆပ်ပြာရည်

ဆပ်ပြာအရည်ဝယ်ရခက်ရင် ဆပ်ပြာအတုံးကို ရေများများနဲ့ကျိုပြီး ဒက်တောအဆီအနည်းငယ်သာရောလိုက်ပါ။

၅။အမြင်ကျယ်ပါ

အစားထိုးရမဲ့ အရာတွေထဲမှာ ကျန်းမာရေးအမြင်ပါပါတယ် ထင်လို့ မဆိုင်ပေမဲ့ စာရေးသူရဲ့ ပါလေရာငပိချက်ဝါသနာက တားမရလို့ပါ။သတင်းအမှန်ကိုသာယုံကြည်ပြီး တမာရွက်တို့လို အခြေအမြစ်မရှိတဲ့ သတင်းတွေထက် ကျန်းမာရေးအမြင်ကိုချဲ့ပြီး လိုက်နာဆောင်ရွက်ကြပါ။

ပရိသတ်ကြီးတို့နဲ့ တူတူလက်တွဲတိုက်ထုတ်ပြီး စာရေးသူတို့ဒိုးမယ်ကနေ ရောဂါဆိုးကြီးပြီးမြောက်ပါစေဆုတောင်းနေပါ့မယ်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top