အတာသင်္ကြန် လည်းရောက်တော့မှာဖြစ်သလို ကမ္ဘာနှင့်တစ်ဝန်းမှာလည်း ကပ်ဘေးကြီးဆိုက်ရောက်နေတာလည်း အကုန်အသိပါပဲ။ အတာသင်္ကြန်ပွဲဆိုတာကလည်းမြန်မာတို့ရဲ့ အထွတ်အထိပ်ထားရာပွဲတော်ဖြစ်တဲ့ အတွက် လူတိုင်းက အပြင်မထွက်ကြရင်တောင် အိမ်တွင်းကနေ ကျင်းပကြမယ်ဆိုတာယုံကြည်နေပါတယ်။ အိမ်တွင်းမှာနေရတဲ့ကာလမှာ ပွဲတော်စာလေးတွေလုပ်စားဖို့အလွယ်ကူဆုံး နဲ့ စျေးအသက်သာဆုံးဖြစ်မဲ့ အစားအသောက်တွေကို တင်ပြလိုက်ရပါတယ်။
၁။ မုန့်လုံးရေပေါ်
လွယ်လည်းလွယ်တယ်။ ဆန်မှုန့် နှင့် ကောက်ညှင်းမှုန့်ကလည်း ဝယ်ရတာ မခက်ပါဖူး။စျေးလည်းသက်သာမှာ အသေအချာပါပဲ။ လုပ်နည်းကတော့သိပြီးသားလို့ယုံကြည်ပါတယ်။ မသိရင်တော့ စာရေးသူရဲ့ မြန်မာမုန့်လုပ်နည်းအပိုင်းဆက် ဆောင်းပါးတွေကို ဒိုးမယ်မှာ ရှာဖတ်လိုက်နော်။
၂။ သာကူ
ထန်းလျက် နှင့် သာကူစေ့ရယ်ကအဓိကပါပဲ။ ထန်းလျက်ကို မုန့်လုပ်ထန်းလျက်ကို အသုံးပြုတာပိုကောင်းပါတယ်။ ထန်းလျက်အရည်ပျော်အောင်ကျိူပြီးရင် သာကူစေ့ပစ်ထည့်ပြီး မွှေပေးရုံပါပဲ။ အုန်းနို့ဗူးလေးတွေဝယ်ထားပြီး ကြိုက်တတ်ရင်ထည့်လို့ရပါတယ်။ အာလူး သို့မဟုတ် ကန်စွန်းဥလေးတွေလည်း လှီးထည့်လို့ရပါတယ်။
၃။မုန့်လက်ကောက်နဲ့နှမ်းကပ်ကြော်
လွယ်ပြီးစျေးလည်းသက်သာပါတယ်။ ကောက်ညှင်းမှုန်တို့ဆန်မှုန့်တို့ဆိုတာ အဆင်သင့်အထုပ်လေးတွေရှိပါတယ်။ ကြော်ပြီး ထန်းလျက်ရည်လေးနဲ့တို့စားရုံပါပဲ။
၄။သာကူအုန်းနို့ဆမ်း
သာကူလေးကိုသကြားနဲ့ကြိုပါ။ ခဲသွားအောင်အအေးခံပါ။ အသင့်စားအုန်းနို့ဗူးကို အရေကြဲလေးဖြစ်သွားအောင် ရေရောလိုက်ပါ။ သာကူတုံးလေးတွေလှီးပြီး အုန်းနို့ရေကြဲလေးစမ်းစားပါ။ ရေခဲ နှင့် အချိူကိုလိုသလောက်ထည့်ပါ။
၅။ ကျောက်ကျော
ကျောက်ကျောထုပ်လေးဝယ်ပြီး ကျိူလိုက်ရုံပါပဲ။သိပ်မခက်ပါဖူး။ အရသာကတော့ကို့စိတ်ကြိုက်ပါပဲ။ အုန်းစိမ်းရည်လေးတွေပေါနေတော့ အုန်းစိမ်းကျောက်ကျောလေးဆိုမဆိုးဖူးနော်။
၆။ ကျောက်ကျောအုန်းနို့ဆမ်း
အပေါ်မှာဖော်ပြထားသလိုပါပဲ။ ကျောက်ကျောလေးလုပ်ပြီး အုန်းနို့သာကူလုပ်သလိုပဲ သာကူနေရာမှာ ကျောက်ကျောလေးထည့်လိုက်ရုံပါပဲ။
၆ မျိူးလောက်ဆိုလောက်ပြီထင်ပါတယ်။ကဲ အိမ်တွင်းအောင်းခါနီး စျေးဝယ်လေးထွက်ထားနော်။
အိမ်တွင်းမှာနေပြီး ကျန်းမာကြပါစေ ဆုတောင်းရင်း ဒီမှာပဲနားပါရစေ။
