အခုအချိန်မှာ ကမ္ဘာနဲ့တစ်၀န်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တိုက်ဖျက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ ဖြစ်နိုင်ခြေနည်းသလို ဖြစ်ခဲ့ရင်လည်း သက်သာဖို့မြန်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ကတော့ မိမိကိုယ်တိုင်ရဲ့ နေထိုင်စားသောက်မှုအပေါ်မှာ မူတည်ပါတယ်။ အဲ့ဒါကြောင့် အောက်မှာ ဘယ်လို စားရသောက်ရမလဲဆိုတာ ဆက်လက်ဖတ်ရှူလိုက်ကြပါတော့နော်။
ကာဘွန်ဟိုက်ဒရိတ်ပါသော အစားအစာများ
အဓိကအားဖြင့် ဆန်၊ဂျုံနှင့် အာတာတို့လို အရာတွေကိုဆိုလိုတာပါ။ လူတိုင်း နေ့တိုင်းနီးပါးစားတဲ့ အရာတွေပါ။ ကမ္ဘာအနှံ့မှာတော့ ပုံစံမျိုးစုံနဲ့ စားသုံးကြပါတယ်။
ပရိုတင်းဓာတ်
အတိုချုံးပြောပြရရင် အသားလည်းစားစေချင်တာပါ။ အသားဓာတ်ကလည်းလိုအပ်ပါတယ်။ ပဲအမျိုးအစားတွေအကုန်လုံးမှာလည်း ပါဝင်လို့ အသားတွေရှားပါးရင်သိပ်မပူပန်ပါနဲ့။
ရေဓာတ်ဖြည့်ပါ
အခုဆို စာရေးသူတို့နိုင်ငံမှာ နွေရာသီဖြစ်တဲ့အတွက် ရာသီဥတုကပူပါတယ်။ ရေဓာတ်နည်းပါးရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ရေကိုပုံမှန်သောက်သုံးပေးကြပါ။ ရေကိုသန့်စင်စေရန်လည်း ဂရုပြုကြပါ။
ဗိုက်တာမင်ဒီ
ဗိုက်တာမင်ဒီဟာဆိုရင် ကိုယ်ခံအားစနစ်ကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ တအားကိုလိုအပ်ပါတယ်။ဒိန်ချဉ်မှာ ဗိုက်တာမင်ဒီဓာတ်များစွာပါဝင်လို့ မကြာခဏစားသုံးပေးသင့်ပါတယ်။
ဗိုက်တာမင်အီး
ဗိုက်တာမင်အီးဟာ ကိုယ်ခံအားစနစ်ပုံမှန်လည်ပတ်ဖို့အတွက် အရမ်းကိုအရေးပါပါတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ မှာများစွာပါဝင်ပါတယ်။ ထောပတ်သီးကိုအားထားစားသုံးလို့ရပါတယ်။
ဗိုက်တာမင်စီ
ဗိုက်တာမင်စီဟာ ကိုယ်ခံအားစနစ်တွေ တိုက်ခိုက်ခံရတဲ့အခါမျိုးမှာ လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူပြုပါတယ်။ အချဉ်ဓာတ်ပါတဲ့အသီးအနှံ့တွေမှာ ပြည့်ဝစွာပါဝင်ပါတယ်။
အထက်မှာရှင်းပြပေးထားတဲ့အရာတွေကို အခုတလောမှာ အလေးထားစားသုံးသင့်ပါတယ်။ ပရိသတ်ကြီးတို့ရေ လက်လည်းဆေးပါမှာချင်ပါတယ်။ အပြင်ကိုမလိုအပ်ပဲမထွက်ပါနဲ့။ သတင်းအမှန်တွေကိုဖတ်ရှူပြီး ကျန်းမာရေးအသိလည်း ဖွံဖြိုးပြီးအမြင်ကျယ်ကြပါစေတောင်းဆုပြုလိုက်ရပါတယ်။
