ချက်ပြုတ်နည်းများ

သင်္ကြန်ရာသီစာမုန့်လုပ်နည်းများ

မြန်မာတို့ရဲ့ ထုံးစံအရ သင်္ကြန်ကာလာ နှစ်ကူးအချိန်မှာ သင်္ကြန်မုန့်မျိုးစုံတွေ လုပ်ပြီး အိမ်နီးချင်းတွေကို လိုက်ဝေရင်း အလှူလုပ်တဲ့ ဓလေ့လေး ရှိပါတယ်။ မုန့်မျိုးစုံထဲကမှ မြန်မာလူမျိုးတွေ အကြိုက်များတဲ့ မုန့်လုပ်နည်းတွေကို ဒိုးမယ်မှ ဖော်ပြပေးသွားပါမယ်။

မုန့်လုံးရေပေါ်

ကောက်ညှင်းမှုန့် ၂ ဆ၊ ဆန်မှုန့် ၁ ဆ၊ ရေ ၁ ဆနှင့် ဆားနဲနဲကို နယ်ပြီး ထန်းလျက်အထဲကို ထည့်လုံးပါ။
ရေနွေးဆူဆူမှာ ထည့်ပြုတ်ပြီး အပေါ်တက်လာလျှင် တစ်မိနစ်လောက်စောင့်ပြီး အုန်းသီးခြစ်ကို အပေါ်မှာ ဖြူးပြီး စားနိုင်ပါသည်။

 

 

 

 

 

 

မုန့်လက်ဆောင်း

ဝယ်ထားသော မုန့်လက်ဆောင်းဖက်များကို ဒယ်အိုးအကြီးတစ်ခု ထည့်ပြီး ရေစိမ်ထားပါ။ အုန်းနို့မုန့်လက်ဆောင်းအတွက် အိုးထဲကို အုန်းနို့ရည်များထည့်ပြီး သကြား ထည့်ကာ အရည်ပျော်အောင် အပူအနည်းငယ်ပေးပါ။ ဆားအနည်းငယ် ထည့်ပါ။
အေးသွားလျှင် အုန်းနို့အနည်းငယ်နှင့် မုန့်လက်ဆောင်းဖက်များရောကာ သောက်သုံးနိုင်ပါသည်။ အရသာ ပိုကောင်းရန် အတွက် နို့စိမ်းထည့်ကာ စားသုံးနိုင်ပါသည်။

 

 

 

 

 

ကျောက်ကျော

ကျောက်ကျောကတော့ မြန်မာအလှူပွဲတွေဆိုရင် မပါမဖြစ်ပဲနော်။ ကျောက်ကျော်ကို အမျိုးမျိုးလုပ်ထိုးကြပြီး လူကြိုက်အများဆုံးကတော့ အုန်းနို့ကျောက်ကျော်ဖြစ်ပါတယ်။
ရေ (၂)လီတာ နှင့် အုန်းနို့ ၀.၅ လီတာ၊ သကြား ၈

၀ ဂရမ်၊ ကျောက်ကျောမှုန့် အထုပ်သေး တစ်ထုပ်၊ ဆား ၁/၂ ဇွန်း တို့ကို သမအောင်မွှေပါ။ မီးပြင်းပြင်းဖြင့် အဆက်မပြတ်မွေပေးပါ။ ပန်းကန်အသေးထဲ တစ်ဇွန်းလောက်ထည့်ကာ အအေးခံပြီး ခဲလား စမ်းကြည့်ပါ။ခဲပြီဆိုမှ အားလုံးကို မုန့်ဗန်းထဲလောင်းချပြီး ခဲသွားအောင် အအေးခံပေးပါ။

၂ နာရီလောက်ကြာလျှင် အောက်အလွှာက ပိုပြီး ကြည်လာပါလိမ့်မယ်။ မစားခင် ရေခဲသတ္တာထဲ ထည့်ထားရင် အေးအေးလေးနဲ့ပိုပြီး စားလို့ကောင်းပါတယ်နော်။

 

 

 

 

ဒိုးမယ်က ပြောပြထားတဲ့ သင်္ကြန်မုန့်လုပ်နည်းတွေကို ယခုနှစ် သင်္ကြန်ကျရင် လုပ်စားကြည့်ဖို့ မမေ့နဲ့နော်။ မြန့်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဒိုးမယ်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top