ယခုလို ကိုရိုနာ ဗိုင်းရပ်(စ်) တွေ ဖြစ်နေဆဲ ကာလမှာ ကျန်းမာပြီး ကိုယ်ခံအားကောင်းအောင် နေဖို့က အလွန်အရေးကြီးနေပါတယ်။ ကိုယ်ခံအားကောင်းအောင် ဘာတွေ စားရမလဲဆိုတာ ဒိုးမယ်ကနေ ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အံသြစရာကောင်းလောက်အောင်ပဲ မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေ ပါဝင်ပါတယ်။
ကြက်သွန်ဖြူက မြန်မာနိုင်ငံရဲ့ ဟင်းလျာတွေ တော်တော်များများထဲမှာ ပါဝင်ပါတယ်။ အအေးမိတာတွေကို ကာကွယ်ပေးနိုင်ပြီး ယခုဆိုရင် ကြက်သွန်ဖြူနဲ့ ထုတ်လုပ်ထားတဲ့ ဆေးတွေ တော်တော်များများ ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။
၂။ နေကြာစေ့
နေကြာစေ့က အနောက်နိုင်ငံတွေမှာဆိုရင် salad စားတဲ့အခါ ထည့်စားရင် ပိုအရသာ ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နေကြာစေ့ကို သရေစာအဖြစ် စားကြတာ များပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ Antioxidant နှင့် Vitamin E တို့ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
ပန်းဂေါ်ဖီအစိမ်းက ဗီတာမင်စီနှင့် Sulforaphane ကဲ့သို အစွမ်းထွက်သော Antioxidants များ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ရဲ့ ကျန်းမာရေးကို ထောက်ပံ့ရန်အတွက် ပုံမှန် စားပေးဖို့ လိုအပ်ပါတယ်နော်။
၎။ Green Tea
Green Tea မှာလည်း ကဖိန်းဓာတ်အနည်းငယ်ပဲ ပါဝင်လို့ အခုဆိုရင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်အစား လက်ဖက်စိမ်းကိုပဲ သောက်လာကြပါပြီ။ Green Tea ကတော့ ကိုယ်ခံအားစနစ်ကို ကောင်းစေရုံသာမက Flavonoids တွေ ပါဝင်လို့ အအေးမိခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်
၅။ Dark Chocolate
အခုဆို တော်တော်များများဟာ ရိုးရိုးချောကလက်အစား Dark Chocolate ကို စားသုံးလာကြပါတယ်။ Dark Chocolate ဟာ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ emotions တွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ Dark Chocolate မှာ ပါဝင်တဲ့ Antioxidant တစ်မျိုးဖြစ်တဲ့ Theobromine ဟာလဲ ကိုယ်ခံအား စနစ်ကို တိုးမြင့်စေတာကြောင့် စားသုံးပေးရန် တိုက်တွန်းချင်ပါတယ်ရှင်။
အခုဆိုရင် မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ အစားအစာတွေနဲ့ပဲ ကိုယ်ခံအားကောင်းဖို့အတွက် စားသုံးဖို့ အရေးကြီးလာပြီနော်။ ဒါတွေသာ နေ့စဉ်ပုံမှန်စားသုံးပေးရင် ဘယ်ရောဂါမှ ကြာကြာမနေနိုင်ဘူးဆိုတာ ဒိုးမယ်မှ အာမခံပေးလိုက်ပါပြီရှင်။
