Lifestyle

နေ့စဉ် ကော်ဖီ တစ်ခွက် သောက်သုံးရင် ဘာတွေ ဖြစ်လာနိုင်လဲ

ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ကော်ဖီ မသောက်ရရင် မနေနိုင်တဲ့ သူတွေ ရှိကြလား? ကော်ဖီကတော့ အလုပ်ရောက်ရင် မသောက်ဘဲ မနေနိုင်တဲ့ အရာလေးဖြစ်နေပြီနော်။ ကော်ဖီလေး သောက်လိုက်မှ အလုပ် လုပ်လို့ ကောင်းပြီး နေသာထိုင်သာလေး ရှိသွားတယ်။

ကော်ဖီ တစ်နေ့ တစ်ခွက် သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးကတော့ အများကြီးရှိပါတယ်။ အဲ့ထဲကမှတစ်ချို့ကို ဖော်ပြပေးပါမယ်။



၁။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားနာကျင်မှုကို 48% ထိ လျှော့ချပေးပါတယ်။

၂။ ဆီးချိုရောဂါ ဖြစ်နိုင်ချေ လျော့နည်းပါတယ်။

၃။ ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။၎။ စိတ်ကျရောဂါကို ခုခံနိုင်စွမ်းပေးပါတယ်။

ဒါပေမဲ့လည်း ကော်ဖီ တစ်နေ့ကို (၃) (၄) ခွက်ကနေ (၁၀) ခွက်ထိတောင် သောက်တဲ့သူရှိတာမို့လို့ အဲ့လိုမျိုးဆိုရင်တော့ အရမ်းအန္တရယ်များပါတယ်။ လုံးဝ မသောက်သင့်ပါဘူး။ ကော်ဖီက စွဲတတ်တဲ့ သဘာဝရှိလို့ ပတ်ဝန်းကျင်မှာ အဲ့လို ကော်ဖီကို စွဲနေတဲ့ သူရှိရင် သတိပေးဖို့ မမေ့နဲ့နော်။

မနက်စောစော အစာအိမ် ဗလာပေါ်မှာ ကော်ဖီသောက်ရင် Hydrocholic acid ကို ထုတ်ပေးပါတယ်။ အမှန်တကယ်ဆိုရင် အစားအစာ ကြေညက်ဖို့အတွက်သာ Hydrocholic acidကို ထုတ်ပေးသင့်တာကြောင့်  ကိုယ်ကကော်ဖီသောက်တိုင်း HCI ကို မကြာမဏ ထုတ်ပေးနေရမယ်ဆိုရင် နောက်ဆက်တွဲ အူသိမ်အူမကြီး ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွှတ်စွာ သောက်သုံးပေးဖို့ ဒိုးမယ်မှ မှာကြားပေးချင်ပါတယ်ရှင်….

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top