Uncategorized

လူမသိသေးသော မီးဖိုချောင်မှဆေးဝါးများ

 


ပရိသတ်ကြီးတို့ရေ မီးဖိုချောင်ဟာ သင်တို့အတွက် ရတနာသိုက်တစ်ခုဆိုတာ သိကြရဲ့လား။ 
မီးဖိုချောင်သုံးပစ္စည်းများဟာ နေရာတော်တော်များများမှာ အသုံးဝင်နေတာကို သတိပြုသင့်ပါတယ်။ အရေးပေါ်အခြေအနေအတွက်တင်သာမက ချွေတာရေးအတွက်ပါ သိသင့်တာမို့ ဒီဆောင်းပါးလေးမှာတော့ မီးဖိုချောင်ထဲက ဆေးဝါးအဖြစ်အသုံးပြုလို့ရမဲ့ပစ္စည်းတွေကို ဖော်ပြလိုက်ပါတယ်နော်။


၁။ဆား 

ဆားဟာတော်တော်လေးအသုံးဝင်ပါတယ်။ ခြေဖဝါးအသားမာများကို ဆားရေနွေးစိမ်လျင် ပျောက်ကင်းပါတယ်။ ဆားနှင့်သကြားကိုရောနှောကာ ဓာတ်ဆားအစားထိုး အရေးပေါ်သုံးနိုင်ပါတယ်။ အသားအရေအား ပွတ်တိုက်ပြီး‌ ချေးချွတ်နိုင်ပါသေးတယ်။


၂။နနွင်း

 အနာမရင်းစေရန် လူးနိုင်ပါတယ်။ နနွင်းနှင့်ပျားရည် ရောသောက်ပါက အစာအိမ်နှင့် ပတ်သတ်သောရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။ မီးနေသည်များ ခေါင်းမူးပါက နနွင်းမှိုင်းရှူလျင် ပျောက်ကင်းပါတယ်။ 


၃။ ပန်းသီးဗီနီကာ

ရင်ပူပြီးမောပါက ပန်းသီးဗီနီကာတစ်ဇွန်းကို ရေတစ်လီတာနှင့်ရောသောက်ပါ။

၎။ ဂျင်း

အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဂျင်း နှင့် ထန်းလျက်ပြုတ်သောက်ပါက ကိုက်ခဲခြင်းကိုသက်သာစေပါတယ်


၅။ကြက်သွန်နီ


ကြက်သွန်နီကို ခြမ်းကာ မီးဖုတ်ပြီး နှင်းဂူဖြစ်သောနေရာတစ်ဝိုက်ကို ပွတ်ပေးပါ။


၆။ ကြက်သွန်ဖြူ
 

အပူငုတ်ပြီးဖျားနာလျင် အစိမ်းစားပါက ချွေးပျံပြီးအပူပွင့်စေပါတယ်။ ပျားတုပ်ခံရပါကလည်း အတုပ်ခံရသောနေရာကို ကြက်သွန်ဖြူကိုချေကာ လိမ်းပါက သက်သာပါတယ်။
၇။သံပုရာသီး
 

သွေးတိုးပါက သံပုရာရည်သောက်ပါ။ သံပုရာသီးအစေ့အား ဝါးစားပါ။ ပေါင်ကြားတွင် ‌ယားယံပါက သံပုရာသီးနှင့်ပွတ်ပေးပါ။
၈။ အာလူး
 

မျက်ရည်ပူများကျကာ မျက်လုံးစပ်နေပါက မျက်လုံးကို အာလူးကွင်းဖြင့်ကပ်ပေးပါ။


၉။ရေနွေး
 

ရေနွေးဖြင့် ရေချိုးပါက ညောင်းညာကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။ လေပွပြီး ဗိုက်အောင့်လျှင်လည်း ရေနွေးအိတ်ကပ်နိုင်ပါတယ်။


၁၀။ရေခဲတုံး
 

လိပ်ခေါင်းရှိသူများ ရုတ်တရက်နာကျင်ကိုက်ခဲလာပါက စအိုတစ်ဝိုက်အား ရေ‌ခဲကပ်ပေးပါ။ အမျိုးသားများ အူကျလျင်လည်း ဆီးစပ်တစ်ဝိုက်အား ကပ်ခြင်းဖြင့် အရေးပေါ်ကုသနိုင်ပါတယ်။


အာရောဂျံ ပရမံလာဘံလို့အဆိုရှိတဲ့အတွက် ကျန်းမာရေးအတွက်အရေးပေါ် သိထားသင့်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီးတို့ စိတ် နှင့် ကိုယ် ကျန်းမာချမ်းသာကြပါစေရှင်။
Nicki Rangoon

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top