Lifestyle

Suncream မလိုတဲ့နေလောင်ဒဏ်ကာကွယ်နည်းများ

နွေရာသီရောက်ပြီဆိုရင် နေပူကြီးထဲမှာ အပြင်ကို ခဏခဏ ထွက်ရတဲ့ သူတွေ အတွက်တော့ အသားမည်းမှာကတော့ မလွဲပါပဲနော်။ suncream လိမ်းရင်လဲ နေပူရတဲ့ထဲ ချွေးတွေနဲ့ ချွဲပစ်ပစ်ကြီး ဖြစ်နေမှာကိုလဲ မကြိုက်ဘူးဆိုရင် ဒီအသီးတွေ စားပြီး sun burn ဖြစ်တာကို ကာကွယ်ကြမယ်။

၁။ ဖရဲသီး

 ဖရဲသီးကလဲ အရည်ရွမ်းပြီး အခုဆို ဈေးထဲမှာ ပေါပေါလွင်လွင် ရနေပြီဆိုတော့ သောင်းကျော်တန် suncream ကြီး ၀ယ်မဲ့ အတူတူ ဖရဲသီးပဲ စားတော့မယ်။ ခရမ်းချဉ်သီးမှာ ပါသလိုပဲ ဖရဲသီးမှာလဲ UVA နှင့် UVB ကို စုပ်ယူနိုင်တဲ့ antioxidant ပါဝင်တာကြောင့် နေ့စဉ်စားသွားပေးရင် နေလောင်တာကို ကာကွယ်ပေးမှာပါ။

၂။မြေပဲနှင့် အစိအဆံများ

မြေပဲတို့မှာ omega-3 fatty acides ပါဝင်ပါတယ်။ မိမိ body မှ omega-3 ကို ကိုယ်တိုင် မပြုလုပ်လိုက်နိုင်တဲ့အတွက် စားသုံးတဲ့ အစာတွေထဲက ရရှိဖို့ လိုအပ်ပါတယ်။ omega-3 က နေပူထဲမှာ ကြာကြာသွားလာရတဲ့ အခါ နေလောင်တာတွေကို သဘာဝအလျောက် ခံနိုင်ရည် ရှိစေပါတယ်။

၃။မုန်လာဥနီနှင့် အစိမ်းရောင် အရွက်များ

မုန်လာဥနီနှင့် အစိမ်းရောင် အရွက်တွေမှာ antioxidants lutein နှင့် zeaxanthin တို့များစွာ ပါဝင်ပြီး နေရောင်ခြည်ဒဏ်နှင့် အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်

၎။ Green Tea

Green Tea မှာ ပါဝင်တဲ့ Flavanol ကြောင့် ခရမ်းလွန်ရောင်ခြည်အလင်းမှ အရေပြား ပျက်စီးမှုကို လျော့ကျစေပြေီး ကော်လာဂျင်လျော့နည်းမှုကနေ ကာကွယ်ပေးပါတယ်။ နေ့စဉ် သောက်သုံးသွားမယ်ဆိုရင် ကျန်းမာရေးအတွက်လဲ ကောင်းတာမို့လို့ 

အကုန်လုံးကို ကိုယ်နေ့စဉ်စားသုံးနေကျမှာ ပုံမှန် စားသုံးသွားပေးမယ်ဆိုရင် မိမိရဲ့ အသားအရေလေး နေလောင်မှာကို စိုးမရိမ်ရတော့ဘူးနော်။ နောက်ထပ်လဲ Doemal မှာ ဗဟုသုတလေးတွေ တင်သွားပေးမှာမို့လို့ အမြဲစောင့်မျော် ဖတ်ရှုပေးနော်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top