Lifestyle

အုန်းဆီ၏ အသုံးဝင်ပုံများ

မြန်မာများရဲ့ အိမ်တိုင်းမှာ အုန်းဆီရှိပါတယ်။ နေရာတော်တော်များများမှာလည်း အသုံးဝင်ပါတယ်။ ကျန်းမာရေး၊ အသားအရေတင်သာမက အခြားသောနေရာများတွင်လည်းအသုံးဝင်ပါတယ်။


၁။ ခေါင်းမလျှော်ခင်တစ်နာရီအလို အုန်းဆီများများလူးပါက ဆံကေသာကို ပျော့ပြောင်းစေပါတယ်။


၂။ ခြေဖဝါးအသားမာတက်ကာ ကွဲအက်ပါက ညမအိပ်မှီ အုန်းဆီလူးပေးပါ။


၃။ အသားအရေစိုအောင်လည်း လူးနိုင်ပါတယ်။


၎။ အုန်းဆီကို ဂွမ်းစတွင်စွပ်ကာ မိတ်ကပ်ဖျက်နိုင်ပါတယ်။


၅။ အုန်းဆီအသန့်အား ထမင်းမစားမှီသောက်သုံးပါက ကိုလက်စရောဓာတ်လျော့ကျစေနိုင်ပါတယ်။


၆။ အစာမကြေကာ ဗိုက်အောင့်ပါက နနွင်း နှင့် အုန်းဆီ ရောကာ ဗိုက်ကိုလူးနိုင်ပါတယ်။


၇။ဆောင်းတွင်းအချိန်ခါတွင်ဖြစ်လေ့ဖြစ်ထရှိသော နှုတ်ခမ်းခြောက်ပြီး ကွဲအက်ပါက အုန်းဆီလူးနိုင်ပါတယ်။


၈။ ဟင်းချက်ရာတွင်သုံးသော အုန်းဆီသန့်သည် ကျန်းမာရေးကို အတော် အထောက်အကူပြုပါသည်။


၉။ နားဖောက်ထားသောသူများ နားပေါက်တစ်ဝိုက်အား အုန်းဆီစွတ်ပေးပါက အကျက်မြန်ပြီး အနာသက်သာပါတယ်။

ကဲ ….ပရိသတ်ကြီး သိထားရင် အသုံးဝင်တာတွေအများကြီးပါနော်။ ဖတ်ရုံတင်မကပဲ မှတ်သားထားစေလိုပါတယ်။ နောက်ထပ်ဆောင်းပါးတစ်ခုမှာ ပြန်ဆုံမယ်နော်။
Nicki Rangoon

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top