Lifestyle

ဟင်းချက်ဆီအမျိုးမျိုးအကြောင်းသိကောင်းစရာ


ယနေ့ခေတ်မှာ ရွေးချယ်စရာဟင်းချက်ဆီတွေအမျိုးမျိုးရှိပါတယ်။ ကျန်းမာရေးအတွက် အသင့်တော်ဆုံးနှင့် ဈေးသင့်တာကိုရွေးဖို့ခက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဟင်းချက်ဆီတို့ရဲ့ ဋီကာကို အသေးစားလေးရေးပေးထားပါတယ်။ရွေးချယ်ဖို့လည်းမခက်တော့ဘူးပေါ့နော်။

၁။ပဲဆီ


မြန်မာတို့ရဲ့ လက်ရွေးစင်ပါပဲ။ အဆီများပြီး အနံ့အရသာကတော့ အံ့မခန်းပါပဲ။ လိုတာထက်ပိုမိုစားသုံးခြင်းက ကျန်းမာရေးထိခိုက်စေပါတယ်။ အကြော်အလှော်များအတွက်ကတော့ အသုံးပြုသင့်ဆုံးပါ။

၂။ သံလွင်ဆီ


ကျန်းမာရေးနှင့်အထူးသင့်တော်‌ပါတယ်။ ‌ဈေးလည်း‌ကြီးသလို အနံ့ကတော့ မရှိသလောက်ပါပဲ။ ဟင်းချက်ရာတွင်သုံးသင့်ပါတယ်။

၃။ ပဲပိစပ်ဆီ


ဝိတ်ချနေသူများအတွက်‌ ရွေးချယ်စရာပါ။ ကိုလက်စထရော အနည်းငယ်သာပါဝင်ပါတယ်။ ပဲပိစပ်အနံ့ကတော့ ကြိုက်တဲ့သူနည်းပါတယ်။ ဈေးလည်းသက်သာပြီး လူသုံးများပါတယ်။


၎။ဟင်းသီးဟင်းရွက်ဆီ

ဆီးချိုရှိတဲ့သူများက‌တော့ ဒါကအကောင်းဆုံးပါ။ ဈေးကွက်ထဲမှာတော့ ဈေးနှုန်းအစုံရှိပါတယ်။ အရည်အသွေးကွာသွားတာပေါ့နော်။

 
၅။ စားအုန်းဆီ


တကယ်သန့်တဲ့စားအုန်းဆီကတော့ ရှားပါတယ်။ သဘာဝစားအုန်းဆီစစ်စစ်က ဈေးလည်းသက်သာတဲ့အပြင် ကျန်းမာရေးလည်းမထိခိုက်‌စေပါဘူး။

 
၆။အုန်းဆီ

သန့်
ဟင်းချက်ရာမှာသုံးတဲ့ အုန်းဆီသန့်က ဈေးလည်း အတန်မြင့်သလို အနံ့အရသာက သူမတူပါဘူး။ ကျန်းမာရေးအတွက်တင်မက ဝိတ်ပါကျစေပါတယ်။


၇။နေကြာဆီ


နောက်ပိုင်း အသုံးများလာတာတွေ့ရပါတယ်။ ကြော်လှော်တာတွေအတွက်က တစ်ခါလောက်ပဲ သုံးသင့်ပါတယ်။ ဈေးကလည်း အမျိုးမျိုးပါပဲ။


၈။နှမ်းဆီ


အဆီအနှစ် အပြည့်နဲ့ အနံအရသာကတော့ ဘုရင်ပါပဲ။ များများစားသုံးတာကတော့ ဘေးဖြစ်စေနိုင်ပါတယ်ရှင်။ ဈေးကတော့အကြီးဆုံးပါပဲရှင်။


တော်တော်လေးလည်းများနေပါပြီ။စုံလည်းစုံနေပါပြီ။ ပရိသတ်ကြီးရေ တစ်ခုပဲမှာချင်ပါတယ်။ အဆီစားလို့အသားမဖြစ် အဆီများလျှင်ဘေးဖြစ်မည်တဲ့။ကျန်းမာကြပါစေဆုတောင်းရင်း။
Nicki Rangoon

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top