Lifestyle

(မ)ဟော်မုန်း ထိန်းညှိရန် စားသင့်သောအစားအစာများ

လာမည့် မတ်လ (၈) ရက်နေ့မှာကျရောက်မဲ့ နိုင်ငံတကာအမျိူးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုဆောင်းပါးလေးကို ရေးသားရခြင်း ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ ဖိုဟော်မုန်းကော မဟော်မုန်းကော ကိုယ်ခန္ဓာအတွင်းမှာ ရှိနေတာကို ပရိသတ်ကြီးတို့ သိမယ်လို့ မျော်လင့်ပါတယ်။ ဟော်မုန်းဟာ မွေးရာပါလိင်နဲ့ လားလားမှ မသက်ဆိုင်ပါဖူး။ ကိုယ့်ရဲ့ မျိူးရိုးဗီဇ နှင့် နေထိုင်စားသောက်မှုအပေါ် မူတည်ပါတယ်။ ဟော်မုန်းမမှျတခြင်းဟာ စိတ်ကျန်းမာရေးကိုသာမက ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအပြင် ရုပ်သွင်ပြင်လက္ခဏာအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အမျိူးသမီး တော်တော်များများကတော့ အမျိူးသားများထက် ပိုပြီး ဟော်မုန်းမညီမျှတဲ့ ပြသနာကို ခံစားရလေ့ရှိပါတယ်။ ဓမ္မတာလာချိန်အတွင်းမှာဆိုရင် ပိုမိုသိသာစွာ ခံစားရပါတယ်။ ပရိတ်သတ်ကြီးတို့ရေ ဒီဆောင်းပါးလေးမှာဆိုရင် ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ မဟော်မုန်းတွေကို ထိန်းညှိပေးနိုင်မဲ့ အစားအစာတွေကို ေးသားဖော်ပြပေးထားပါတယ်။

၁။ ထောပတ်သီး

ထောပတ်သီးဟာဆိုရင် အမျိူးသမီးများ ဓမ္မတာလာချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဖိစီးမှုကို သက်သာစေရုံတင်မကပါဖူး။ မဟော်မုန်းများကို လိုအပ်ရင်ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။

 

 

 

 

၂။သလဲသီး

သလဲသီးဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်များကို လျော့ကျစေခြင်းကြောင့် မလိုအပ်ပဲ မဟော်မုန်းများ ပိုမိုထုတ်လုပ်ခြင်းကို ဟန့်တားစေပါတယ်။

 

 

 

 

၃။ပဲနို့

ပဲနို့မှာ မဟော်မုန်းတင်မကပါဖူး။ မဟော်မုန်းကို လက်ခံအားကောင်းစေတဲ့ ပရိုအက်စထရိုဂျင်ဟော်မုန်းပါ ထပ်ဆောင်းပါ‌ဝင်နေပါတယ်။

 

 

 

 

 

၄။ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီအစိမ်းရောင်ဟာ ကျန်းမာရေးအထောက်အကူပြုတဲ့နေရာမှာ မပါမဖြစ်ပါ။ မဟော်မုန်းကိုထိန်းညှိပေးပြီး ကယ်ဆီယံဓာတ်ကိုလည်း အားကောင်းစေပါတယ်။

 

 

 

 

 

၅။ နနွင်း

နနွင်းဟာ ဒဏ်ရာအကျက်မြန်စေတဲ့အာနိသင် ရှိတယ်ဆိုတာ ငြင်းလို့မရပါဖူး။ ဒဏ်ရာတင်မကပါဖူး ပျက်ဆီးသွာတဲ့ဟော်မုန်းတွေကိုပါ အသစ်တစ်ဖန် လျင်မြန်စွာ ပြန်လည်ဖြစ်ထွန်းစေပါတယ်။

 

 

 

 

 

၆။ဝိုင်နီ

စာရေးသူအကြိုက်ဆုံးပါပဲရှင်။
တစ်ပတ်တစ်ခွက်လောက်ပုံမှန်သောက်သုံးပေးရင် သွေးလည်ပတ်မှုကောင်းစေပြီး အမျိုးသမီးတွေရဲ့ ဟော်မုန်းကိုထိန်းညှိပေးပြီး သွေးဆုံးချိန်မှာဖြစ်‌တတ်တဲ့ ‌ဆိုးကျိုးတွေကိုလည်း လျော့နည်းစေပါတယ်။

 

 

 

 

 

 

 

ပရိသတ်ကြီးတို့ရေ အမျိုးသမီးတိုင်းဟာ မတူညီတဲ့ အလှတရားတွေကို ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်။ အလှတရားဆိုတာကလည်း ကျန်းမာမှ ပိုပြီး သိသာတာပါ။ကျန်းမာခြင်းသည် လာဘ်တစ်ပါး  ဖြစ်တဲ့အတွက် ကျားမမရွေး မိမိဟော်မုန်းအကြောင်း မိမိသိပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top