ဒီတစ်ခါစာရေးသူက ဗိုလ်ကြီးရှိတဲ့ မြောက်ကိုရီးယားက အစားအသောက်လေးတွေအကြောင်းပြောပြပေးမယ်နော်။
(၁) Injo Gogi Bap
အင်ဂျို ဂိုဂီဘတ်သည် ၁၉၉၀ ပြည့်နှစ်များက အငတ်ဘေးကြောင့် မြောက်ကိုရီးယားမှ အစားအစားများကို ဖြုန်းတီးရန် ခွင့်မပြုသောကြောင့်ကျန်ရှိသောပဲပုပ်များကိုဝက်အူချောင်းထဲသို့ အစာသွပ်ကာ အလွန်စပ်သောငံပြာရည်နှင့် ထမင်းတို့တွဲဖက်စားသုံးကာ လူကြိုက်များသော အစားအစာတစ်ခုဖြစ်လာသည်။
(၂) Kimchi (ကင်မ်ချီ)
ကင်မ်ချီကတော့ မြောက်ကိုရီးယား ရော တောင်ကိုရီးယားမှာပါ နေ့စဉ်မပါမဖြစ်စားသုံးနေသော အစားအစာပါ။
(၃) Porridge (ပြောင်းဖူးဆန်ပြုတ်)
ပြောင်းဖူးဆန်ပြုတ်ကိုတော့ မြောက်ကိုရီးယားလူမျိုးများသည် မနက်စာအဖြစ်စားသုံးကြပါတယ်။
(၄) Naengmyun (နဲမြောင်း)
နဲမြောင်း လို့ခေါ်တဲ့ ဂျုံအာလူးတို့ဖြင့် ပြုလုပ်ထားသော ခေါက်ဆွဲအေးကိုတော့ မြောက်ကိုရီးယားလူမျိုးများပုံမှန်စားသုံးသော အစားအစာတစ်မျိုးပါ။
(၅) Tofu Bap (တို့ဖူးဘတ်)
နောက်ထပ်မြောက်ကိုရီးယား အစားအစာတစ်မျိုးကတော့ ဆန်အစာသွပ်တို့ဖူးပါ။
(၆) Soondae (ဆွန်ဒဲ)
သွေးဝက်အူချောင်းလို့ခေါ်တဲ့ ဆွန်ဒဲကတော့ မြောက်ကိုရီးယားရဲ့ လမ်းဘေးအစားအစာပါ။ ဆွန်ဒဲကို လတ်ဆတ်တဲ့ ဂျင်း၊ နှမ်း နှင့် ဝက်သား (သို့မဟုတ်) အမဲသားတို့ဖြင့် ပြုလုပ်ထားပါတယ်။
ကဲအခုလောက်ဆိုရင်တော့ မြောက်ကိုရီးယားလူမျိုးတွေ နေ့စဉ်ဘာတွေစားသုံးလဲဆိုတာ သိလောက်ပြီထင်ပါတယ်နော်။ အခုလို အစားအသောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ဒိုးမယ် Website ကနေ စောင့်ကြည့်ဖတ်ရှုဖို့လဲ ပြောပါရစေ။
