မြန်မာ

ငွေဆောင်မှ နာမည်ကြီးပင်လယ်စာဆိုင်များ

ငွေဆောင် သွားမယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာ စားဖို့ပါပဲ ကမ်းခြေရောက်ရင် ဘယ်က စားရမလဲ ဘာတွေ စားရမလဲဆိုတာ Facebook Review တွေ ကြည့်ပြီး ရှာရတာ အမော ဂဏန်းမဆလာတို့ ရေဘဝဲချဉ်စပ်တို့ ပုဇွန်ချက်တို့ မြင်တာနဲ့ ကိုယ့်မှာ မနေနိုင်။ ငွေဆောင်က ချောင်းသာလောက် အစားအသောက်မပေါပေမဲ့ ကမ်းခြေ လူရှင်းတာရော ဓါတ်ပုံရိုက်လို့ကောင်းတာရော ရေလဲ ကြည်တာမို့လို့ ငွေဆောင်ကိုတော့ ရောက်အောင် သွားဖြစ်ခဲ့တယ်

နေ့ခင်းဆိုရင်တော့ ချက်ပို့တွေက အဆင်ပြေပြီး ညဘက်ကိုတော့ ရွာဘက်က အပြင်ဆိုင်တွေမှာ သွားစားကြည့်ပါ။

ချက်ပို့များနာမည်ကြီး

ငွေဆောင်ချက်ပို့တွေက ချောင်းသာလောက် အားမရပါဘူး
အဲ့ထဲကမှ ကောင်းတဲ့ ချက်ပို့ဆိုင်တွေကို ရေးပေးထားပါတယ်။

၁။ အားလုံးညွှန်းကျတဲ့ ကိုညီပါ

ချောင်းသာ အရသာအတိုင်း တစ်ထပ်တည်း ရစေရမယ်။ အရသာက ရှယ်ကောင်းပြီး စျေးကတော့ များပါတယ်။ ဒါပေမဲ့ စားရတာနဲ့ တန်ပါတယ်။ တစ်ချို့သူတွေဆိုရင် Ko Nyi မှ Ko Nyi ဖြစ်နေပါပြီ။
ဒါပေမဲ့ တချို့ Foodie တွေကလဲ သေးတယ် ပုံမှန် အိမ်ချက်ပဲ လို့ ပြောနေကျတဲ့ အတွက် သေချာမှာပါနော်။

၂။ မမြင့်မြင့်စိုး

ဂဏန်းမဆလာ၊ ပြည်ကြီးငါးသုပ် နှင့် ပုစွန်ချဉ်စပ် ကို အားလုံးပေါင်း ၂၅၀၀၀ ကျပါတယ်။ ဂဏန်းက ၆ ကောင်ပါ ပါတယ်။ ကျန်တဲ့ အရံဟင်းတွေ တို့စရာ ငပိထောင်းတို့၊ ကန်စွန်းရွက်ကြော်တို့လဲ ပါပါတယ်။ နေ့ခင်းဆိုတော့ နေပူပူ အပြင်မထွက်ဘဲ ဟိုတယ်မှာပဲ စားတာ အကောင်းဆုံးပါပဲ။
၀၉-၄၅၁၀၉၃၄၈၁၊ ၀၉-၂၆၁၂ ၇၇ ၃၅၁

၃။သီတာစမ်း

မြန်မာ အစားသောက်တွေလဲ ရသလို ပင်လယ်စာမှာဆိုလဲ နာမည်ကြီးပါတယ်။ စျေးကလဲ သင့်တင့်ပြီး ငွေဆောင်မှာဆို ကိုညီပြီးရင် သီတာစမ်းပဲ။ သီတာစမ်းက seafood ထမင်းကြော်လေး ကောင်းတယ်။ ဆိုင်မှာ သွားစားရင် ပိုကောင်းတာပေါ့။ တို့စရာ ငပိ အစုံအလင်နဲ့။

၀၉-၂၅၀ ၄၂၆၆၉၆၊ ၀၉-၄၂၂၄၄၃၃၈၂
ရွာဘက်က စားသောက်ဆိုင်များ
မင်မင်တို့ကတော့ ဟိုတယ်တည်းကတည်းက ရွာဘက်နဲ့ နီးတဲ့ Grand Hotel မှာဘဲ တည်းဖြစ်တယ်။ ညနေဘက်ဆို စက်ဘီးနဲ့ ချစ်သူများကျွန်းကို သွားတယ် နဲဲဲနဲတော့ ဝေးပေမယ့် လေညှင်းခံစားရင်း စီးရတာ အရမ်းမိုက်တယ်။ အပြန်ကျရင်တော့ ရွာဘက်ကို သွားဖြစ်တယ်။

၁။ Garden Breeze

ရွာဘက်ဝင်ဝင်ချင်းမှာ ရှိပါတယ်။ စျေးအစားစား ရှိပြီး ငွေဆောင် သွားတဲ့ သူတွေ အလာများဆုံး ဆိုင်ပါ။ အကယ်၍ budget ချွေတာချင်တယ်ဆိုရင်လဲ seafood ထမင်းကြော်ဆိုရင် ၃၅၀၀ ပဲ ရှိတယ်။ မင်မင် ဂဏန်းမဆလာ ဝယ်စားတာတော့ ခရမ်းချဉ်သီးတွေနဲ့ ချက်ထားလို့ မကြိုက်ပါဘူး

၂။ Blue Sky

အကုန် အရှင်တွေချည်း။ စားချင်တဲ့ အချိန်မှ ချက်ပေးတာ။ စျေးကလဲ သင့်တင့်တယ်ပြောလို့ရတယ်။ ကမာက ၆ ကောင်ကို ၆၀၀၀ ဆိုတော့ တစ်ကောင် တစ်ထောင်ပဲ ကျတယ်။ ဂဏန်းမဆလာဆိုရင် တစ်သောင်းကျတယ်။

၃။ Poe La Min

ကိုယ်က မနက်ပိုင်း ဟိုတယ်ရောက်လို့ breakfast မကျွေးရင် ရွာဘက်မှာ tea shop တွေ အများကြီးရှိပါတယ်။ ဟိုတယ်က မနက်စာစားရင် ဘူဖေးပေမဲ့ တစ်ယောက် ၅၀၀၀၊ ၇၀၀၀ လောက်ကုန်မှာမို့လို့ လဘ္ဘက်ရည်ဆိုင်ပဲသွားပြီး မနက်စာ စားပါ။ ဒါမှမဟုတ်လဲ ပါဆယ်ဆွဲလာပြီး ကမ်းခြေကို မျက်နှာမူပြီး ကို့အခန်းလေးမှ အေးဆေး chill ပြီီး စားလို့ရတယ်။ ပိုးလမင်း tea shop လဲ စျေးနှုန်းသက်သာပြီး အကုန်ရတယ်။ ဆိုင်လဲ သန့်သန့်ရှင်းရှင်းလေး။

၄။ Table 5

မင်မင်တို့ ငွေဆောင် သွားတာ နှစ်ရက်မြောက်နေ့မှာ Table 5 မှာ စားဖြစ်တယ်။ နေ့ခင်းဆိုတော့ ပူလို့ သစ်ပင်ရိပ်လေးတွေနဲ့ အေးတဲ့ စားသောက်ဆိုင်ရှာတာ အတော်ပဲ တွေ့သွားတယ်။ စျေးကတော့ ကြီးပြီး စားလို့တော်တော်ကောင်းတယ်။ ငပိထောင်းက အရံဟင်းထဲမှာ ပါပြီး စားလို့အရမ်းကောင်း။ သူ့စီမှာ set တွေလဲ ရှိတယ်။

ကဲဒါတွေကတော့ မင်မင်တို့ ငွေဆောင်သွားရင်းနဲ့ စားခဲ့တဲ့ ဆိုင်တွေပါ။ ပင်လယ်စာ စားမယ်ဆိုရင် ငွေဆောင်မှာ ဆိုင်တိုင်းလိုလိုက စျေးကြီးတဲ့ အတွက် တစ်နပ်ကို ၆၀၀၀ ၇၀၀၀ လောက် ကျပါတယ်  ။ ရောက်တုန်းရောက်ခိုက်ဆိုတော့ တန်အောင် ပင်လယ်စာတွေ စားခဲ့ကြနော်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top