Lifestyle

Expired ဖြစ်သွားတဲ့ အသီးတွေကို ပြန်သုံးကြမယ်

စာရေးသူတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ ပုပ်သွားတာပဲ ဖြစ်ဖြစ် ဒိတ်လွန်သွားတဲ့ဟာတွေပဲ ဖြစ်ဖြစ် လွှင့်မပစ်ကြနဲ့နော် တစ်နေရာမှာ အသုံးဝင်နိုင်မှာ ဖြစ်လို့ ဒိုးမယ်က ပြောပြပေးမယ်

၁။ ထောပတ်သီး

ထောပတ်သီး ဝယ်ပြီဆို အမှည့်လွန်ပြီး စားလို့မရတာတွေကို ကြုံဖူးကြလားမသိဘူး စာရေးသူကတော့ ခဏခဏကြုံဖူးပါတယ် အဲ့လိုဖြစ်ပြီဆို မလွှင့်ပစ်ဘဲ ဆံပင်ပေါင်းတင်တဲ့ နေရာမှာ ပြန်သုံးပါတယ်
ထောပတ်ကို သံလွင်ဆီ နဲ့ နယ်ပြီး ဆံပင်ကို သုတ်လိမ်းပြီး မိနစ် ၃၀ ကြာပေါင်းတင်ပါတယ် ခေါင်းလျှော်ပြီးရင်တော့ နူးညံ့အိစက်နေမှာ အမှန်ပါပဲရှင်

 

 

 

 

၂။ကြက်ဥခွံများ

ကြက်ဥအနှစ်တွေကို သုံးပြီးရင် ကျန်တဲ့ အခွံလေးတွေကို သစ်ပင်စိုက်တဲ့ နေရမှာ သုံးလို့ရပါတယ်။ ကြက်ဥအခွံတွေကို ခြေပြီး မြေဆီလွှာအဖြစ် ပြန်အသုံးပြုလို့ရပါတယ်

 

 

 

 

၃။ ဟင်းသီးဟင်းရွက်အနွမ်းများ

ဟင်းသီးဟင်းရွက်တွေ ဝယ်ပြီး ရေခဲသတ္တာထဲမှာ မသုံးပါထားရင် နွမ်းသွားတက်ပါတယ် အဲ့ခါကျရင် ပလက်စတစ်အလုံပိတ်အိတ်လေးတွေထဲ ထည့်ပြီး ခဲထားပေးပါ ကြက်စွပ်ပြုတ်တို့မှာ ပြန်သုံးလို့ ရပါသေးတယ်

 

 

 

 

 

၄။ အစေ့များ

သစ်သီး စားလို့ ကုန်သွားရင် မလွှင့်ပစ်ဘဲ ကျန်တဲ့ အစေ့တွေကို အခြောက်လှမ်းပြီး သစ်ပင်စိုက်လို့ ရပါသေးတယ် ကို်ယ်စိုက်ထားတဲ့ အပင်လေးတွေ ကြီးထွားလာတာ မြင်ရတာလဲ စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ

 

 

 

 

 

၅။ငှက်ပျောသီးအခွံ

ငှက်ပျောသီးစားပြီးရင် ကျန်တဲ့အခွံကို leather ဖိနပ်တွေ တိုက်တဲ့ နေရာမှာ ပြန်သုံးလို့ရပါတယ် ငှက်ပျောခွံမှာ potassium ပါတာမို့လို့ shoe တွေ တိုက်တဲ့နေရာမှာ အသုံးဝင်ပါတယ်။

 

 

 

 

ကဲ နောက်ဆို အစားအသောက်တွေ ဒိတ်လွန်တိုင်း လွှင့်မပစ်နဲ့တော့နော်။ စာရေးသူပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်းပြန်လည်အသုံးပြုကြည့်ပေးနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top