စားသောက်နေထိုင်နည်း

ချောကလက်အကြောင်းသိကောင်းစရာ

ဖေဖော်ဝါရီလဆိုတာနဲ့ လူတိုင်းရဲ့အတွေးထဲမှာ ဘာအရင်ဆုံး ရောက်လာမယ်လို့ ပရိသတ်ကြီးတို့ ထင်လည်း။

ချစ်သူများနေ့ဆိုတဲ့အတွေးက အရင်ဆုံး ရောက်‌လာတာပေါ့။

ဆက်ပြီးတော့ အတွေးထဲ ရောက်လာမှာက ချောကလက်ဝယ်ဖို့ဆိုတာ အသေချာပါပဲ။

ချစ်သူများနေ့မှာ စာရေးသူတို့ ချောကလက်သာ ဝယ်ဝယ်ကျွေးနေပြီး ချောကလက်ရဲ့ ရာဇဝင်ကို မသိရင် အနှစ်သာရ‌ နည်းနေနိုင်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ချောကကလက်ရဲ့ ရာဇဝင်ကို ဆက်လက် ဖတ်ရှုလိုက်ကြပါအုန်းလို့။


1500BCလောက်တုန်းက ချောကလက်ဆိုတာ မရှိသေးပါဖူး။ ကိုကိုးစေ့တွေကို အရင်က ပြောင်းဆံ နဲ့ ငရုတ်ကောင်းတို့ကို ရောပြီး အရည်အနေနဲ့ပဲ သောက်ခဲ့ကြတာပါ။ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အက်ဇတက်ယဉ်ကျေးမှုမှာတော့ ကိုကိုးစေ့တွေကို ငွေကြေးအဖြစ် သုံးခဲ့ကြပါတယ်။

ချောကလက်ဆိုတာ အစပြိုးခဲ့တာ 1519ခုနှစ် စပိန်နိုင်ငံမှာ အစပြိုးခဲ့ပါတယ်။ ကိုကိုး‌အရည်ကို ဗနီလာ နဲ့ ပျားရည်တို့လို ချိူတဲ့အရာတွေနဲ့ ရောသောက်ရာက စတင်ခဲ့ပါတယ်။ 1828မှာတော့ အမ်စတာဒမ်မြို့မှာ ကိုကိုးအမှုန့်ကို စတင်ထုတ်ပြီး 1828မှာတော့ ဆွစ်ဇာလန်မှာ နို့မှုန့်တွေရောပြိး နို့ချောကလက်ကို စတင် ထုတ်ခဲ့ပါတယ်။ ချစ်သူများနေ့မှာ ချောကလက်ပေးတဲ့ အလေ့အထကတော့ 1519ဝန်းကျင်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီခေတ်အခါက တန်ဖိုးအထားရဆုံး ပစ္စည်းဟာ ချောကလက် ဖြစ်တဲ့အတွက် ‌တယုတယနဲ့ လက်ဆောင်အဖြစ် ပေးခဲ့ရာကနေ စတင်ခဲ့ပါတယ်။ ‌ယနေ့ခေတ်မှာ ချောကလက်ကို  အရသာအမျိုးမျိုးနဲ့ တွေ့နေရပေမဲ့ တကယ်တမ်းမှာတော့ အဓိကအနေနဲ့ သုံးမျိုးပဲရှိပါတယ်။ ပုံမှန်ချောကလက်၊ နို့ချောကလက် နှင့် ချောကလက်အဖြူတို့ပဲဖြစ်ပါတယ်။ ကဲ ချစ်သူများနေ့မှာ ချောကလက်ကျွေးရင် ပိုပြီးအနှစ်ရသာရှိသွားအောင် သေချာလေးရှင်းပြပြီး‌ ကျွေးလိုက်ဖို့မမေ့ပါနဲ့ ပရိသတ်ကြီးတို့ရေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top