Lifestyle

ဆောင်းတွင်းမှာ မီးဖိုချောင်သုံးပစ္စည်းများနဲ့ အသားအရေထိန်းမယ်

ဆောင်းတွင်းမှာဆိုရင် အသား‌အရေနဲ့ ပတ်သတ်တဲ့ ပြသနာလေးတွေကြုံရတတ်ပါတယ်။ အသားပတ်ခြင်း ၊ အသားမာတက်ခြင်း၊ အသားအရေမွဲခြောက်ခြင်း နှင့် အသားယားတာတို့ဟာ အဖြစ်များပါတယ်။ တချိူ့အိမ်ရှင်မတွေ အနေနဲ့ အသားအရေထိန်းသိမ်းဖို့ အချိန်မပေးနိုင်တဲ့အခါမှာ မီးဖိုချောင်သုံးပစ္စည်းများကို အသုံးချကာ အချိန်ကုန်ငွေကုန်သက်သာစွာနဲ့ အသားအရေထိန်းသိမ်းဖို့နည်းလမ်းလေးတွေဖော်ပြလိုက်ရပါတယ်။

၁။သောက်ရေ


နောက်နေတာလားလို့မတွေးလိုက်ပါနဲ့။ ရေများများသောက်မှ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေပြီး အသားအရေမွဲ‌ခြောက်ခြင်းကိုကာကွယ်ပေးပါတယ်။

၂။ သံလွင်ဆီ


ဟင်းချက်ရာမှာ သုံးတဲ့သံလွင်ဆီကို ခြေဖဝါး၊လက်ဖဝါးတွေမှာ ညအိပ်ခါနီးတိုင်းလူးပေးရင် ခြေထောက်အသားမာတက်ခြင်းကိုကုသပေးနိုင်ပြီး လက်ဖဝါးလေူတွေပိုနုလာတာကိုလည်းတွေ့ရမှာပါ။

၃။အာလူး


ဝယ်ရလည်းလွယ်သလို လှီးရလည်းလွယ်ပါတယ်။ အပြားလေးတွေလှီးပြီးမျက်နှာကပ်ရင် ရေဓာတ်ဖြည့်ပေးရုံတင်မကပဲ မျက်ကွင်းညိုတာပါ ပျောက်ကင်းစေပါတယ်။

၄။ပျားရည်


မျက်နှာကို ပျားရည်သုတ်ပြီး ငါးမိနစ်ကြာမှဆေးကြောတဲ့ နည်းလမ်းက မျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်လို့ အသားအရေမွဲခြောက်ခြင်းကို ကင်းစင်စေနိုငိပါတယ်။

၅။ သံပုရာသီး


‌ရေဓာတ်နည်းတဲ့သူဂာ လက်သည်းခြေသည်းဝါနေတတ်ပါတယ်။လက်သည်းနီမဆိုးခင်သံပုရာသီးစိတ်လေးတွေနဲ့လက်သည်းလေးတွေကိုတိုက်ပေးရင် အနံ့အသက်ပါကောင်းတဲ့အပြင် ကျန်းမာတဲ့လက်သည်းလေးတွေရနိုင်ပါတယ်။

၆။ဗာဒံဆီ


ဆောင်းတွင်းမှာဆံကေသာခြောက်ကပ်ကပ်မဖြစ်စေဖို့ ခေါင်းမလျော်ခင် ဗာဒံဆီကိုရွဲအောင်လူးပြီးမှလျော်ပါ။

၇။နနွင်း


ဆောင်းတွင်းမှာ တချို့ကအရေပြား ဓာတ်မတည့်ခြင်းကိုခံသားရတတ်ပါတယ်။ရေမချိုးခင် နနွင်းတစ်ကိုယ်လုံးလူးပြီးမှချိူးပါ။သက်သာလာပါလိမ့်မယ်။
ပရိတ်သတ်ကြီးတို့ရေ ရှာရတာခက်ခဲတဲ့အရာပါမယ်မထင်ပါဖူး။
အရေပြားကိုဂရုစိုက်ဖို့မမေ့နဲ့နော်။
ဘာလို့လည်းမေးရင် ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်နေလို့ပါပဲ။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top