စားသောက်နေထိုင်နည်း

ရန်ကုန်မြို့တွင်းမှ LGBT Bars နှင့် Clubs များ

ခေတ်ကာလပြောင်းလဲလာတာနှင့်အမျှ စာရေးသူတို့နိုင်ငံကလည်း တိုးတက်လာပြီး အမြင်ကျယ်လာတာကို ငြင်းလို့မရပါဖူး။
ကျန်းမာရေး ၊စီးပွားရေး၊နည်းပညာ အစရှိတဲ့ ကဏ္ဍအသီးသီးကလည်း တိုးတက်ဖွံဖြိုးလာပြီး လူမှုရေးအမြင်တွေဟာလည်း ကျယ်ပြန့်လို့လာပြီ။ LGBTအသိုင်းအဝိုင်းကိုလည်း နားလည်လက်ခံမှုတွေရှိလာကြပြီး အတူလက်တွဲကာ ရှေ့ကိုဆက်လျှောက်နေကြပါပြီ။ ဒါပေမဲ့လည်း တရားဝင်ကာကွယ်မှုမရှိသေးသလို လူတိုင်းကလည်းနားလည်လက်ခံမှုမရှိသေးပါဖူး။
ဒါပေမဲ့ ရန်ကုန်မြို့ကြီးအတွင်းမှာတော့ LGBTတွေကို နားလည်လက်ခံရုံတင်မကပဲ ပျော်ရွှင်စရာပွဲများပါ စီစဉ်ပေးပြီး LGBTများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးလာအောင် ထောက်ပံ့ပေးနေတဲ့ bar နှင့် clubတွေရှိပါတယ်။ လွတ်လပ်စွာပျော်ပါးချင်‌သူတွေအတွက် ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

၁။O’Thentic Creperie and Wine Bar

O'Thentic Creperie and Wine Bar
ယောက်လမ်းပေါ်မှာတည်ရှိပါတယ်။ LGBT တွေကိုပထမဆုံးနေရာပေးတဲ့နေရာလေးလို့ ‌ပြောလို့ရပါတယ်။ အစားအသောက်တွေကလည်းဈေးသက်သာတဲ့အပြင် အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ Drag Queenတွေရဲ့ ဖျော်ဖြေမှု‌တွေလည်းရှိပါတယ်။ အဲ့လိုညတွေမှာလည်း သောက်စရာတွေကို ဈေးလျော့ပေးပါတယ်။

၂။ Freedom Bar and Restaurant


စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းပေါ်မှာ တည်ရှိပြီး LGBT Barလို့လုံးဝကြွေး‌ကြော်ထားတဲ့Barတစ်ခုပါ။ပင်တိုင်ဖျော်ဖြေ‌တဲ့ Ladies of Fameအဖွဲ့ကလည်း မရိုးရအောင်ကိုတင်ဆက်ပေးရုံတင်မကပဲ DJတွေလည်း ရှိပါတယ်။ LGBTတွေအတွက်လွပ်လပ်စွာပျော်ပြီး မိမိကိုယ်ပိုင်ဘဝလေးကို အပျော်တွေဖုံးလွှမ်းစေဖို့ကတော့ အသေအချာပါပဲ။

၃။ 90’s Bar


လုံးလုံးကြီး LGBT barမဟုတ်ပေမဲ့ LGBT Nightတွေကိုပုံမှန်ကျင်းပပေးနေတဲ့ Barတစ်ခုပါ။
ကျောက်မြောင်း အောင်မင်္ဂလာလမ်းပေါ်မှာရှိပါတယ်။

၄။Fab Events


Clubမဟုတ်ပေမဲ့ Clubတွေမှာ Eventတွေကျင်းပပေးနေတဲ့ အဖွဲ့ပါ။ Fabပွဲတွေရဲ့ သက်တမ်းဟာ တော်တော်ကြာခဲ့ပါပြီ။ ထူးခြားတာလေးက ဒီပွဲလုပ်တဲ့ Clubတိုင်းက LGBTတွေအပေါ် နွေးထွေးစွာဆက်ဆံတာပါပဲ။ နောက် သောက်စရာလေးတွေကလည်း အမြဲဈေးသက်သာနေတတ်ပါတယ်။လက်မလွှတ်သင့်ပါဖူး။ အခုတလောမှာတော့ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်က The Maze Clubမှာ လစဉ်ကျင်းပလျက်ရှိပါတယ်။

ကဲ ပရိသတ်ကြီးတို့ရေ တစ်ခါလောက် သွားပြီး ပျော်ကြည့်လိုက်ပါ။
LGBTတွေရဲ့ ရင်ထဲက ရဲရင့်မှုတွေ၊ အပျော်တွေ နဲ့ ခံစားချက်ပေါင်းများစွာက ပရိသတ်ကြီးကို ကြည်နူးပျော်ရွှင်အားတက်စေပြီး အချစ်စစ်ရဲ့အဓိပ္ပာယ်ကို သိသွားစေမယ်ဆိုတာ စာရေးသူ ရင်နဲ့ရင်းပြီး အာမခံလိုက်ပါရစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top