Lifestyle

ခရီးထွက်ရင်း စားသောက်ဖို့မှတ်သားစရာလေးများ

tips for travel

ပရိသတ်ကြီးတို့ရေ ခုဆိုရင် ခရီးသွားရာသီကိုရောက်နေပြီနော်။

ရာသီဥတုလေးကလည်း သာသာယာယာရှိလှတဲ့အပြင် ခရီးသွားရာသီမို့ ဈေးတွေကလည်း အပြိုင်အဆိုင်ချနေတာမို့ စရိတ်စကသက်သာတာလည်း အမှန်မို့ ခရီးထွက်ဖို့အကောင်းဆုံး အချိန်ကာလပါပဲ။

‌ခရီးထွက်တိုင်းမှာ သေချာတာက အားလုံးအတွက် အရေးကြီးဆုံးက စားရေးသောက်ရေးပါပဲ။ဒါပေမဲ့ ‌နေရာဒေသအပြောင်းအလဲကြောင့်ကော နေ့စဉ်ပုံမှန်မဟုတ်တဲ့ အစားအစာတွေကို စားသောက်တဲ့အခါမှာ မလိုလားအပ်တဲ့ပြသနာတွေရှိနိုင်ပါတယ်။ကျန်းမာရေးထိခိုက်တာကအစ ခံတွင်းမတွေ့လို့စိတ်ညစ်ရတာအဆုံးပေါ့။
‌အဲ့တော့ အဆင်ပြေချောမွေ့ချင်ရင် အောက်ကအချက်လေးတွေ ကိုမှတ်သားလိုက်ပေါ့ ဒိုးမယ်ပရိသတ်ကြီးရေ။

၁။ ကို့ရဲ့Allergyအကြောင်းကို ကိုယ်တိုင်သိပါစေ။


တချို့တွေသာ ကိုယ်နဲ့ဘယ်အရာက ဓာတ်မတည့်လည်းဆိုတာကိုမသိပါဖူး။ဒါဟာအရေးကြီးဆုံးမို့သိသင့်ပါတယ်။ ခရီးတစ်ခုမှာ အစားအစာအသစ်အဆန်းကို ပထမဆုံးအကြိမ်စတင် မြည်းဆမ်းတဲ့အခါမှာ ကိုယ်နဲ့ဓာတ်မတည့်တဲ့ အရာပါဝင်နေရင် ကျန်းမာရေးထိခိုက်နိုင်တာမို့ သိရှိဖို့လိုအပ်ပါတယ်။မသိသေးဖူးဆို ‌ဆေးရုံဆေးခန်းတွေမှာ စစ်ဆေးလို့ရပါတယ်။

၂။ အဆာပြေစားစရာပါပါစေ။


ကို့နဲ့မကွာထားတဲ့ အိတ်လေးတစ်လုံးတော့ ခရီးသွားရင်လူတိုင်းပါပါတယ်။ အထဲမှာ ကိုအဆာပြေစားတတ်တဲ့ မုန့်တစ်ခုခုတော့ဝယ်ထည့်ထားတာအကောင်းဆုံးပါပဲ။ အဆာလွန်တာမဖြစ်တော့မဲ့အပြင် အများနဲ့သွားလာရလို့ အကြိုက်မတူတဲ့အခါမှာ ငြင်းခုံနေစရာသိပ်မလိုတော့ဖူးပေါ့။

၃။တွေ့ကရာရေမသောက်ပါနှင့်။


ရေဆာတတ်ရင် ကိုနဲ့မကွာ ရေသန့်ဆောင်ထားပါ။ နေရာဒေသအပြောင်းအလဲမှာ ရေကိုဘယ်လောက်ပဲသန့်စင်ထားတယ်ပြောပြော ရေထဲမှာ ပါဝင်တဲ့ဓာတ်တချိူ့က ကျိူချက်ရုံနဲ့မပျောက်ကွယ်ပါဖူး။ ကိုနဲ့ မတည့်တဲ့ဓာတ်ပါဝင်လာနိုင်တာကိုသတိပြုပါ။
၄။ဒေသခံများကိုမေးမြန်းပါ။
ဘယ်ဆိုင်ရွေးရမှန်းမသိရင် ဒေသခံတွေကိုမေးမြန်းတာက အကောင်းဆုံးပါပဲ။ ခရီးသွားတွေ စားလေ့စားထရှိတဲ့ဆိုင်ဟာ အသင့်တော်ဆုံးဆိုတာ အသေအချာပါပဲ။ သက်သက်လွတ်သမားနှင့် ‌အသားအချို့မစားတဲ့သူတွေက ပိုလို့တောင်မေးမြန်းသင့်ပါတယ်။

၅။အစားမများပါစေနှင့်။


အစားအသောက်တစ်ခုခုကို မြည်းစမ်းပြီးကြိုက်သွားရင် ဗိုက်ပြည့်ရုံလောက်ပဲစားပါ။ အရမ်းလျာကိုအလိုလိုက်ပြီး အရသာခံစားရင် အစာမကြေတာကစပြီး အခြားသောဆိုးကျိူးတွေဖြစ်လာနိုင်ပါတယိ။

၆။ တောတောင်ထဲမှာတွေ့ကရာမစားပါနှင့်။


တောင်တက်သူတွေနဲ့ စွန့်စားခရီးသွားသူတွေသတိထားရမှာပါ။တွေ့ကရာ အသီးတိုင်းခူးစားမိရာက အဆိပ်သင့်နိုင်ပါတယ်။

၇။အသားများကိုကျက်မကျက်စစ်ဆေးပါ။


တချိူ့ဒေသ‌ေတွမှာ အသားကို မကျက်တကျက်စားတာတို့ အစိမ်းစားတာတို့ရှိတတ်ပါတယ်။ကိုကစားလေ့စားထမရှိရင်မစားတာကောင်းပါတယ်။ သန်ထဖို့အခွင့်အရေးများလို့ပါပဲ။

၈။ ဆေးဝါးများဆောင်ပါ။


ကိုက အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သတ်လို့ ခနခန မကျန်းမာဖြစ်တတ်ရင် ကိုပုံမှန်သေယက်နေကျဆေးဝါးလေးတွေအပြင် ဝမ်းပိတ်ဆေးတို့ ဝမ်းနှုတ်ဆေးတို့ အစာကြေဆေးတို့ဆောင်သွားသင့်ပါတယ်။
ပရိသတ်ကြီးရေ ရောက်လေရာမှာ တည့်တဲ့အစားအစာဆို မြည်းစမ်းဖို့တော့ မမေ့နဲ့နော်။
အပေါ်ကအချက်လေးတွေလည်းသတိထားပေါ့။
ခရီးတွေထွက်ရင်းပျော်ရွှင်ကြပါစေ တောင်းဆုပြုရင်း။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top