Lifestyle

လှည်းတန်းက လူကြိုက်များတဲ့ ဆိုင် ငါး ဆိုင်

ဒီတစ်ခါကတော့ လှည်းတန်းတစ်ခွင်ပြဲပြဲစင်အောင် လျှောက်စားချင်တဲ့သူတွေအတွက် စျေးအသင့်အတင့်ရှိပြီး အရသာလည်းအဆင်ပြေတဲ့  စားသောက်ဆိုင်တွေကို ရွေးပေးထားတယ်။ ကြည့်ကြည့်ရအောင်…

လှည်းတန်းတစ်ဝိုက်က စားသောက်ဆိုင်တချို့

ကိုယ်တို့ရန်ကုန်မှာ လှည်းတန်းကတော့ လူသွားလူလာမပြတ်တဲ့နေရာတစ်ခုပါပဲ.. ပိတ်ရက်မှာ အိမ်တွင်းမအောင်းချင်လို့ သူငယ်ချင်းတွေနဲ့ လှည်းတန်းမှာ လျှောက်လည်ချင်ရင်လည်း စားသောက်ဆိုင်တွေ စုံပလုံစိနေအောင်ရှိတာမို့လို့ အစားအသောက်အတွက်ကတော့ ပူစရာကိုမလိုဘူး။ အဲ.. တစ်ခုပဲ စိတ်ပူရမှာက ဘာစားရင်ကောင်းမလဲဆိုပြီး မရွေးတတ်မှာကိုပါပဲနော်။

1500 ကျပ်လောက်နဲ့ ဗိုက်တင်းအောင်စားချင်ရင်တော့ လှည်းတန်းစိန်ဂေဟာရှေ့က My Banhmi ကိုပဲ သွားဖို့ အကြံပေးပါရစေ။ ပေါင်မုန့်အရှည်ကြီးကို အထဲမှာ ပူပူနွေးနွေး အသားအိအိလေးတွေနဲ့.. ပြောရင်းနဲ့တောင် ဗိုက်ဆာလာပြီ။ နွေးနေတုန်း စားတာကတော့ ပိုပြီးအရသာရှိတာ အမှန်ပဲ။ ပိုက်ဆံလည်း သိပ်မကုန်ဘဲ ဗိုက်ဝချင်ရင်တော့ တကယ်ကွက်တိ။ ဒါပေမဲ့ လူများရင်တော့ ဆိုင်မှာထိုင်စားဖို့ အဆင်မပြေလောက်ပါဘူး။

နောက်တစ်ခုက လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာရှိတဲ့ Wallace ပါ။ အေးအေးဆေးဆေးနဲ့ ထိုင်လို့ကောင်းတဲ့ဆိုင်မို့ အချိန်ကြာကြာဖြုန်းချင်တဲ့သူတွေအတွက်တော့ အတော်ပဲ။ ပလပ်ပေါက်ခုံလေးတွေရှိတာမို့လို့ assignment တို့ဘာတို့လုပ်ချင်ရင်လည်း အဆင်ပြေတယ်နော်။ မီနူးကလည်း စုံတော့ ကိုယ်စားချင်တာ ကိုယ်မှာရုံပါပဲ…

BBQ စားချင်တယ်ဆိုရင်တော့ စံရိပ်ငြိမ် ဂမုန်းပွင့်က Korean Taste ရှိတာပေါ့။ အရသာကတော့ ပြောစရာမလိုအောင် ကောင်းတာမို့လို့ ကိုရီးယားအကင်ကြိုက်တယ်ဆိုရင်တော့ အဆင်ပြေတယ်နော်။ ဒီလပိုင်းထဲမှာလည်း အမိုက်စား discount ကြီး ချသွားသေးတယ်။

နောက် BBQ တစ်ဆိုင်လည်း ပြောပြချင်သေးတယ်။ Ice Berry ဘေး ဇေယျာသီရိလမ်းထဲက Let’s Grill ပါ။ သူကတော့ ဘက်ဂျက်ဆိုင်လေးလို့ပြောလို့ရပေမဲ့ ပေးရတဲ့စျေးနဲ့ စားရတာနဲ့တန်ပါတယ်။ စျေးနည်းနည်းနဲ့ BBQ စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို သွားကြပါလို့။

မာလာရှမ်းကောခရေဇီတွေအတွက်တော့ ဇေယျာသီရိလမ်းထဲမှာပဲ The Unique ဆိုတဲ့ဆိုင်လေးလည်းရှိသေးတယ်။ စျေးလည်းသက်သာပြီး အရသာလည်းကောင်းတဲ့ဆိုင်လေးပါ.. အရသာကိုလည်း လိုသလိုပြင်ပေးတယ်။ လှည်းတန်းရောက်ရင်တော့ try ကြည့်ပါဦးနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top