Uncategorized

ကိုယ်အလေးချိန်အတွက်ရော ကျန်းမာရေးအတွက်ရော အဆင်ပြေတဲ့ ဒိန်ချဉ်လုပ်နည်း

ဒိန်ချဉ်ဆိုရင် မကြိုက်တဲ့လူက ရှားရှားပါးပါးပဲနော်။ အဲ့ဒါကြောင့် ဝိတ်ချချင်တဲ့လူတွေအတွက်လည်း အဆင်ပြေ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဒိန်ချဉ်လုပ်နည်းလေးကို ပြောပြပေးမယ်လေ.. အိမ်မှာတင် ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ လွယ်လွယ်ကူကူ လုပ်လို့ရတာမို့လို့ စမ်းလုပ်ကြည့်သင့်တဲ့နည်းလေးပေါ့။

ကိုယ်အလေးချိန်အတွက်ရော ကျန်းမာရေးအတွက်ရော အဆင်ပြေတဲ့ ဒိန်ချဉ်လုပ်နည်း

ကဲ.. အိမ်မှာ ဒိန်ချဉ်လုပ်စားကြမယ်​လေ။ ဘာတွေလိုသလဲဆိုရင်တော့ အချဥ်လုပ်ဖို့အတွက် နွားနို့အစိမ်းကို ပန်းကန်လုံးတစ်လုံးစာရယ်၊ နောက်ပြီး နွားနို့ ၁ ပိဿာရယ်၊ ဒါပဲ။

အရင်ဆုံး အချဥ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးမယ်။ အချဥ်လုပ်မဲ့ နွားနို့အစိမ်းကို ပန်းကန်တစ်လုံးစာထည့်ပြီး အခန်းအပူချိန်မှာ ၂၄ နာရီပြည့်အောင် ဒီအတိုင်းထားထားရုံနဲ့ အချဥ်ရပြီ။ နို့ထဲကို ဘာမှမထည့်ဘဲ ဒီအတိုင်း ပန်းကန်ထဲမှာ ထည့်ထားရမှာနော်..

အချဥ်လည်း အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ ဒိန်ချဉ်စလုပ်ဖို့အတွက် နွားနို့ ၁ ပိဿာကို ဆူအောင်ကျိုရမှာပါ။ နွားနို့ဆူတာနဲ့ တန်းပြီးမချဘဲ နည်းနည်းကြာကြာလေး ဆက်ပြီးကျိုပေးပါနော်.. ပြီးရင်တော့ မီးဖိုပေါ်ကချပြီး အအေးခံရမှာပါ။ တအား လုံးဝကြီး အေးသွားအောင်မဟုတ်ဘဲ ခပ်နွေးနွေးလေး အနေအထားလောက်ရောက်တာနဲ့ အချဥ်ကို ဟင်းခတ်ဇွန်းတစ်ဇွန်းစာယူပြီး ထည့်၊ ပြီးရင် နည်းနည်းမွှေပေးပေါ့။ အဲ့ဒါပြီးရင်တော့ ဒီတိုင်းပဲထားထားလိုက်လို့ရပါပြီ။ ၂၄ နာရီပြည့်တာနဲ့ အိမ်လုပ်ဒိန်ချဥ်လေး ရလာမှာပါနော်။

သတိထားရမှာက အိုးကိုပိတ်မထားဘဲ လေနည်းနည်းဝင်အောင်ထားဖို့နဲ့ ခပ်နွေးနွေးလေးဖြစ်တဲ့အချိန်မှာ အချဥ်ကိုထည့်ဖို့ပါပဲ။

အချိန်ကြာကြာစောင့်ရတယ်ဆိုပေမဲ့ သန့်သန့်ရှင်းရှင်းရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဒိန်ချဥ်လေးကို အိမ်မှာလုပ်ကြည့်ကြပါဦးနော်..

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top