၂၀၂၀ ရဲ့ ပထမဆုံးပိတ်ရက်ကတော့ စိတ်မကောင်းစွာနဲ့ပဲ စနေနေ့ပါ 😂 ဒါပေမဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ အိမ်တွင်းမပုန်းမဲ့ foodie တို့အတွက် မြည်းစမ်းကြည့်သင့်တဲ့ စားသောက်ဆိုင်တချို့ကို ရှာတွေ့ထားတယ်နော်!
Yang’s Braised Chicken Rice
ဒီဆိုင်လေးက တရုတ်စားသောက်ဆိုင်လေးပေါ့။ စံရိပ်ငြိမ် ဂမုန်းပွင့်မှာ ရှိပြီး ၁ လပိုင်း ၁၅ ရက်နေ့အထိ 20% discount ရှိနေပါတယ်နော်.. သူက အဓိကကတော့ အမဲသား၊ ကြက်သား၊ ဝက်သားနဲ့ ဝက်နံရိုးဆိုပြီး လေးမျိုးရွေးလို့ရတယ်.. အစပ် level ကိုလည်း ကိုယ်ကြိုက်သလို ရွေးလို့ရသေးတယ်။ အရသာကတော့ အထွေအထူး ပြောပြနေစရာတောင် မလိုဘူးထင်တာပဲ။ တကယ် try သင့်ပါတယ်နော်။
Mr. Jerry Thai BBQ and Hotpot
အသားကင်နဲ့ ချိစ်လေးနဲ့.. တွေးရင်းနဲ့တောင် သရေကျလာပြီ။ ဟော့ပေါ့၊ BBQ၊ side dishes, အအေးတွေကို စိတ်ကြိုက်စားတာတောင်မှ တစ်ယောက်ကို 13800 နော်။ အချိန်အကန့်အသတ်လည်းမရှိဘူး အေးအေးဆေးဆေး စားပေတော့ပဲ။ ဆိုင်လိပ်စာလေးကတော့ အောင်ရတနာဆေးရုံနဲ့ မျက်စောင်းထိုးလောက်၊ ဝေဇယန္တာလမ်းမပေါ်မှာပါ။
Chuan Hotpot
ကဲ buffet hotpot အဖြစ် ပြောင်းထားတာမို့လို့ တန်တန်တန်လွန်းနေတဲ့ဆိုင်လေးပါပဲ။ သူလည်း အချိန်အကန့်အသတ်မရှိဘဲ တစ်ယောက်ကို 15800 ဆိုတော့ ကိုယ်စားနိုင်ရင် စားနိုင်သလောက် ပေးရတာနဲ့တန်ပါတယ်။ menu စုံတာကတော့ ပြောစရာတောင်မလိုဘူးထင်ပါတယ်.. ဟင်းရည်ကတော့ tom yum ကို recommend ပါတယ်နော်.. ဆိုင်က Junction square နဲ့ Capital မှာလည်းရှိသလို Myanmar Plaza မှာလည်းဆိုင်ခွဲရှိပါတယ်။
