ကျွန်မတို့နိုင်ငံဟာ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
မဲခေါင်ဒေသနိုင်ငံများထဲမှ ဒီဆောင်းပါးလေးမှာတော့ မြန်မာ၊ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှနာမည်ကြီးအစားအသောက်တစ်ခုစီ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီလေးနိုင်ငံဟာဆိုရင် လည်ပတ်ရတာလည်း လွယ်ကူပြီး အကုန်အကျလည်းသက်သာတာမို့ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။
အောက်မှာဆက်ပြီး ဖတ်ကြည့်ရအောင်နော်။
ကျွန်မတို့နိုင်ငံရဲ့ ပြယုဂ်အစားအစာတစ်ခုလို့တောင် ပြောလို့ရပါတယ်။
နိုင်ငံခြားသားများလည်းအကြိုက်တွေ့ကြပြီး အချိန်မရွေးစားသုံးလို့ ရတာမို့လို့ နာမည်ကဖော်ပြစရာမလိုအောင်ကို ကြီးပါတယ်။
ခေါက်ဆွဲတစ်မျိူးပါပဲ။ ခေါက်ဆွဲအကြည်ကို ဟင်းရည်လေးထည့်ပြီး ဓအရည်ကျဲလေးသောက်ရတာပါ။ ကြက်သားကိုပဲ အဓိကသုံးစွဲရတာမို့ အသားရှောင်တတ်တဲ့သူတွေ အတွက်ကတော့ အဆင်ပြေမှာပါ။
၃။ကမ္ဘောဒီးယားရဲ့ ဟိုမက်
ဟိုမက်ဆိုတာကတော့ ဖက်နဲ့ထုပ်ပြီးချက်ရတဲ့ ဟင်းတစ်မျိူးပါပဲ။
အုန်းနို့လည်းပါဝင်လို့ မွှေးကြိုင်အီစမ့်နေတာကတော့ အမှန်ပါပဲ။
လုပ်ရတာလည်းအရမ်းမခက်သလို ရေငွေ့နဲ့ပေါင်းရတဲ့ အတွက် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့
ပြောရမှာပါ။
ဖိုခေါက်ဆွဲဆိုတာကတော့ အမဲသား နှင့် ဝက်သားရောပြုတ်ထားတဲ့ ဟင်းရည်ထဲမှာ ခေါက်ဆွဲစိမ်စားရတာဖြစ်ပါတယ်။
အဆာပလာတွေကတော့ ဒေသအလိုက်လည်းကွဲပြားပါတယ်။
ခေါက်ဆွဲအမျိူးအစားကလည်း မိမိနှစ်သက်ရာကိုရွေးလို့ရပါတယ်။
ဒီလောက်ဆိုရင်တော့ ချစ်ပရိသတ်ကြီးတို့ ခရီးထွက်ချင်စိတ်တွေ ဖြစ်ကုန်ကြပြီလို့ထင်ပါတယ်။
ဆက်မတွေးပါနဲ့။စီစဉ်လိုက်ပြီး သွားသာမြည်းစမ်းလိုက်ပါ။
နောင်တမရစေရပါဖူး။ တကယ်ကောင်းလို့လည်းညွုန်းတာပါ။
ချစ်ပရိသတ်ကြီးတို့ပျော်ရွှင်ပါစေဆုတောင်းရင်း။
