Lifestyle

ညလယ်စာတို့ရဲ့ ဆိုးကျိုးများ

ညမိုးချုပ်ကြီးမှ ဗိုက်ဆာတတ်တဲ့အကျင့်ရှိသူများဟာ တစ်ခါတစ်လေမှာ ဒုက္ခများတတ်ကြပါတယ်။ စားချင်တဲ့ အစားအသောက်ကိုရှာဖွေရတာတို့ သွားစားရတာတို့ကအခက်အခဲရှိတတ်ပါတယ်။

ဒါ့အပြင် ညလယ်စာ အမြဲပုံမှန်စားလို့ ကြာလာခဲ့ရင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။ 

အမြန်မဟုတ်ပေမဲ့ တစ်ဖြည်းဖြည်းနှင့် ကြာလာခဲ့ရင် ကျန်းမာရေးကိုပါ ထိခိုက်တဲ့ အထိဖြစ်လာနိုင်ပါတယ်။ 

ဒီဆောင်းပါးလေးမှာတော့ ချစ်ပရိသတ်ကြီးတို့ရဲ့ ကျန်းမာရေးကို အလေးထားပြီးတော့ ညလယ်စာစားရင်ဘာတွေဖြစ်နိုင်မလည်းဆိုတာကို ဖော်ပြလိုက်ရပါတယ်။

ပထမဦးဆုံးအရေးကြီးတာကတော့ ဝိတ်တက်ခြင်းဆိုတဲ့ ဆိုးကျိူးကိုရရှိမှာဖြစ်ပါတယ်။

ညဘက်အချိန်မှာ အစာအိမ်ရဲ့ အစာချေနှုန်းနှေးတာကြောင့် လိုအပ်တဲ့ အာဟာရတွေကိုမရပဲ အဆီတွေပိုမိုတိုးပွားလာနိုင်ပြီး အချိန်ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာ အဆီများလာခြင်း အကျိူးဆက်ရဲ့ရောဂါတွေကို ခံစားရမှာဖြစ်ပါတယ်။

 ကိုလက်စတရောဓာတ်မြင့်မားလာနိုင်ပြီး ကိုယ်ခန္ဓာတွင်းရှိ အစိတ်အပိုင်းများမှာ အဆီဖုံးခြင်း နှင့် သွေးကြောပိတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အထိခိုက်နိုင်ဆုံးကတော့ နှလုံးပါ။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါဖြစ်နိုင်ချေ အလားအလာများသွားပါပြီ။

ဒုတိယအနေနဲ့ကတော့ ညလယ်စာ ပုံမှန်စားတဲ့ သူတော်တော်များများက ကိုယ်ခန္ဓာရဲ့ လည်ပတ်မှုတွေကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်သလိုမျိုးဖြစ်တဲ့အတွက် သူများနဲ့မတူတဲ့ ဇီဝလည်ပတ်မှုတွေကို ကြုံတွေ့နိုင်ရပါတယ်။

တတိယအနေနဲ့ကိုတော့ ဘယ်လိုဖြေရှင်းမလည်းဆိုတာကို ဖော်ပြလိုက်ရပါတယ်။ ညအိပ်ခါနီးဗိုက်ဆာလာရင် စားပါ။မစားပဲမနေပါနဲ့။အစာအိမ်ထိခိုက်နိုင်ပါတယ်။ စားရင်လည်း တစ်နပ်စာဗိုက်ဝအောင် မစားပဲ အဆာပြေသာစားပါ။ အသီးအနှံတွေစားတာကလည်းအကောင်းဆုံးပါပဲ။

နောက်ဆုံးအနေနဲ့မှာချင်တာကတော့ ညလယ်စာ စားပြီးတိုင်း ချက်ချင်းမအိပ်ဖို့ပါပဲ။ အိပ်ပျော်တဲ့ အချိန်မှာ အစာအိမ်က အလုပ်လုပ်တာနေှးသွားတဲ့အတွက် အစာမကြေဖြစ်ပြီး အူတွေကိုပါ ထိခိုက်နိုင်ပါတယ်။

ချစ်ပရိတ်သတ်ကြီးတို့ကျန်းမာရွှင်လန်းပါစေဆုတောင်းရင်း ဒီမှာပဲနားပါရစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top