ကမ္ဘာကြီးမှာ လူဦးရေတိုးပွားလာတာနဲ့အမျှ အစာရေစာရှားပါးမှုတွေကို တချိူ့နေရာတွေမှာ ကြုံတွေ့လာရပါတယ်။ ရှားပါးလာမှုကို ဖြေရှင်းဖို့အတွက်ကတော့ စားလို့ရတဲ့ ဘယ်အရာကိုမဆို သတ်ဖြတ်ဖျက်ဆီးပြီး စားသောက်ကြတာပါပဲ။ ဒီလိုဖြေရှင်းတဲ့အခါမှာ ဘေးထွက်ဆိုးကျိူးကတော့ သက်ရှိမျိူးစိတ်တွေနည်းပါးရာကနေ ရှားပါးပြီး မျိူးတုန်းတဲ့အထိတွေဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ သဘာဝပတ်ဝန်းကျင်မှာ ဇီဝစနစ်တွေ ပျက်သုဉ်းကုန်ပြီး ရာသီဥတုဒဏ်တွေကို ခံရတော့တာပါပဲ။ အဲ့ဒီတော့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မျိူးတုန်းစပြုနေတဲ့ သတ္တဝါတွေကို သတ်ဖြတ်စားသုံးခြင်းကို လုံးဝရှောင်ကျဉ်တာအကောင်းဆုံးပါ။ ဘယ်လိုသတ္တဝါတွေလည်းဆိုတာတော့ အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။
၁။ အစိမ်းရောင်လိပ်
အစိမ်းရောင်ဖန့်ဖန့်လေးရှိတဲ့လိပ်တစ်မျိူးပါ။ မြန်မာနိုင်ငံမှာ ကမ်းခြေတွေမှာ လိပ်သားကို စားသုံးဖို့ရောင်းချတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ လိပ်အမျိုးအစားအစုံ ဖမ်းမိသမျှကိုရောင်းချတာ ဖြစ်တဲ့အတွက် သတိထားဝယ်ယူသင့်ပါတယ်။
၂။ ငါးမန်း
ငါးမန်းသားကလည်း ကမ္ဘာအနှံ့အပြားမှာ စားသုံးတာကိုတွေ့ရပါတယ်။ ငါးမန်းမျိူးစိတ်တွေထဲမှာဆိုရင် လွှငါးမန်း နှင့် ဆူးတောင်ချွန်ငါးမန်းတို့ကတော့ ရှားပါးစာရင်းထဲ ဝင်ထားပါတယ်။
၃။ ငှက်ကုလားအုတ်
အရမ်းကိုရှားပါးတဲ့ သတ္တဝါစာရင်းထဲပါနေပြီး စားသုံးခြင်းကို တားမြစ်အရေးယူတဲ့ နိုင်ငံတွေတောင်ရှိပါတယ်။ဒါပေမဲ့ တချိူ့နိုင်ငံတွေမှာတော့ ငှက်ကုလားအုတ်ဥကို ရောင်းချစားသုံးတာကို တွေ့နိုင်ပါတယ်။ စျေးကလည်းတော်တော်မြောက်ပါတယ်။
၄။ မြစ်ရေချိုလင်းပိုင်
မြစ်ရေချိူလင်းပိုင်တွေကတော့ တော်တော်လေးကိုသတိကြီးကြီးထားရမှာပါ။ တော်တော်လေးကို ရှားပါးလာပြီး စာရေးသူတို့နိုင်ငံမှာလည်း ရှိတဲ့အတွက်တော့ အမြဲစိတ်ထဲထည့်ထားသင့်ပါတယ်။
၅။ ဥရောပငါးရှဉ့်
ဥရောပဘက်ပိုင်းကငါးရှဉ့်တစ်မျိုးဟာ မျိူးတုန်းလုနီးပါးဖြစ်နေပေမဲ့ စားသုံးမှုကလျော့ကျခြင်းမရှိတဲ့ အတွက်လည်း မစားမိဖို့ကို အလေးထားရပါမယ်။
၆။ မျောက်မောင်းမ
တချိူ့နိုင်ငံတွေမှာ စားသုံးမှုများတဲ့အတွက် အချိန်ကြာလာရင် ပျောက်ကွယ်သွားနိုင်ချေရှိပါတယ်။
ကဲ ပရိသတ်ကြီးတို့လည်း ခရီးသွားရင်းလာရင်းဒီသတ္တဝါလေးတွေကို သတ်ဖြတ်စားသုံးမှုကို တွေ့ခဲ့ရင် အသိပေးတားမြစ်ဖို့ လက်မနှေးစေချင်ပါဖူး။
ကဲ စိမ်းလန်းစိုပြေတဲ့ကမ္ဘာကြီးဖြစ်လာအောင် တစ်ထောင့်တစ်နေရာကနေပါဝင်လိုက်ရအောင်နော်။
