Uncategorized

ကချင်ပြည်နယ်မှာ လည်ရင်းပတ်ရင်း မြည်းစမ်းသင့်တဲ့အစားအစာတွေ…

ခရီးတွေထွက်ရင် ဓာတ်ဖမ်းတာလည်း ဓာတ်ဖမ်းတာပေမဲ့ ဒါလေးတွေ စားခဲ့ပါဦး.. အစားတစ်လိုင်းတို့အတွက် ကချင်ပြည်နယ်ကိုရောက်ရင် မြည်းကြည့်သင့်တဲ့ ဒေသိယအစားအစာတွေနော်…

အရင်တုန်းကဆိုရင် ကချင်ပြည်နယ်မှာ ဝါးကိုမီးဖုတ်ပြီးမှ အဲ့ထဲကို ဟင်းထည့်ချက်ကြသတဲ့.. တောင်ပေါ်ဒေသမှာ ပေါများတာက ဝါးဆိုတော့ လွယ်လွယ်ကူကူပဲ အသုံးများတာပေါ့။ ဒါကတော့ ဗဟုသုတပါ.. ကိုယ့်ကိုလည်း သူငယ်ချင်းတစ်ယောက်က ပြောပြတာလေး ပြန်ရှဲပေးတာ။

ကဲ.. မြန်မာပြည်မြေပုံထိပ်ဆုံးက ကချင်ပြည်နယ်ကို ခရီးထွက်ပြီဟေ့ဆိုရင် ဘာတွေမြည်းကြည့်သင့်သလဲဆိုတာကို ဒိုးမယ်က နည်းနည်းစာရင်းလေးလုပ်ထားတယ်။ စားရမှာတွေ များနေရင်တောင် ဒါလေးတွေကိုတော့ မြည်းကြည့်ကြည့်ပေါ့။ စားရတာပဲ.. အရှုံးမရှိပါဘူး ဟုတ်တယ်မလား 😆

 

၁။ ရိုးရာဟင်းရည်

ကချင်အစားအစာတော်တော်များများကိုက ဝက်ပြုတ်ရည်နဲ့ချက်ကြတယ်လို့ပြောတယ်။ (သက်သက်လွတ်ဟင်းအတွက်တော့ ချွင်းချက်ပေါ့) အဲ့ထဲမှာမှ ဒီဟာက ဝက်နံရိုးစွပ်ပြုတ်။ ဝက်ပြုတ်ရည်ထဲကို မုန်ညင်းချဥ်ခြောက်ရယ်၊ ပင်စိမ်း၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ပြီး ချက်ထားတာတဲ့။ သီးသန့်ကြီး ဒီတစ်ခုတည်း သောက်ရတာမျိုးမဟုတ်ဘဲ အရံဟင်းရည်သောက်အနေနဲ့တော့ ဒီရိုးရာဟင်းရည်က နာမည်ကြီးတယ်လို့ပြောတယ်။ ကိုယ်တွေလို ဝက်ဆိုရင် ဘာလာလာဒေါင်းတဲ့လူတွေကတော့ ငြင်းစရာမရှိလောက်ပါဘူး။

 

၂။ စီပါ

ဆီမပါဘဲချက်ထားတဲ့ စီပါဟင်းကတော့ ကချင်ရိုးရာဟင်းလှော်တစ်မျိုးပါ.. ဆန်မှုန့်ရယ် အသီးအရွက်အစုံနဲ့ချက်ထားတဲ့ ဒီဟင်းက သတ်သတ်လွတ်သမားတွေအတွက်အဆင်ပြေတဲ့ဟင်းလေးပေါ့။ ဘာတွေပါလဲဆိုတော့ ဖရုံသီး၊ ဖရုံရွက်၊ ကြွက်နားရွက်မှို၊ ပင်စိမ်း၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ရုံးပတီသီး.. တကယ့်ကို အသီးအရွက်တွေအများကြီးပါတာ။ အသီးအရွက်ဟင်းမိုလို့ အထင်တော့မသေးလိုက်နဲ့ဦးနော်။

 

၃။ ကြက်ကချင်ဟင်း

ဒါကတော့ တော်တော်များများလည်းသိပြီးဖြစ်မှာပါ.. ကြက်သားကို အရင်ဆုံး ငရုတ်သီးမှုန့်တို့လို တန်ဆာပလာတွေနဲ့ နယ်ပြီး နှပ်ထားပြီးမှ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဖက်ဖယ်ရွက်ရယ် နောက်ပြီး မျှစ်ချဥ်နဲ့ပေါင်းပြီးချက်ထားတာမျိုးလေး..။

 

၄။ ကချင်ဒံပေါက်

သူက ထမင်းရယ်၊ ပဲသီး၊ ကြက်သွန်ကြော်၊ မှို၊ မုန်လာဥတို့နဲ့လုပ်ထားတာမျိုး။ ပေါင်းထားတာဖြစ်မယ်ထင်တယ်.. သိပ်တော့မသေချာဘူး။ နောက်ပြီး အသားကျတော့ အမဲသား၊ ဝက်သား၊ ကြက်သားတို့နဲ့ ရောချက်ထားတာ။ ကချင်စတိုင်ပေါ့။

Discover.Eat.Enjoy.Doemal

Photos – credit

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top