ရှမ်း

နာမည်ကြီးတဲ့ ရှမ်းရိုးရာစားစရာတချို့

တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အနောက်တိုင်းအစားအစာတွေနဲ့ ဗိုက်ဖြည့်ပြီးပြီဆိုရင် တိုင်းရင်းသားအစားအစာလေးတွေလည်း လှည့်ကြည့်ကြပါဦး။ ဒီတစ်ခါအလှည့်ကျတာကတော့ နာမည်ကြီးတဲ့ ရှမ်းအစားအစာတချို့ပေါ့..

ထူးထူးဆန်းဆန်း လူနေမှုဓလေ့နဲ့ အင်းလေးကိုပဲ သွားမလား၊ ရာသီဥတုအေးတဲ့ ကလောနဲ့ တောင်ကြီးကိုပဲ သွားမလား။ ရန်ကုန်မှာပဲ လျှောက်ပတ်စားမလား။ ကဲ ဘယ်ပဲသွားသွား ရှမ်းစာက စားလို့ရမှာပဲဆိုတော့ နာမည်ကြီးတဲ့ တချို့ရိုးရာစာလေးတွေအကြောင်း ပြောပြပေးမယ်။

ခေါပုတ်

ဒါက ငချိပ်နဲ့လုပ်ထားတာ.. စားခါနီးကျမှ ဖက်ရွက်ထဲကထုတ်ပြီး ကင်ပေးတာမျိုး.. တချို့ကျတော့လည်း ဆီနဲ့ ကြော်တယ်။ သူ့အရသာကိုက နည်းနည်းအငန်ဘက်ရောက်တယ်ပေါ့..။ ဆီတိုဖူး၊ ဆား ဒါမှမဟုတ် သကြားနဲ့ တွဲပြီးစားလို့ရတယ်။ တအားကြီးတော့ မပျော့ဘူး.. သူ့ပုံစံက ကောက်ညှင်းကျည်တောက်လိုမျိုးပဲ။

 

ဟင်းထုပ်

နာမည်အတိုင်းပဲ 😂  ထမင်းနဲ့ ဟင်းရောပြီးဖြစ်ဖြစ်၊ ဟင်းချည်းပဲသက်သက်ဖြစ်ဖြစ်ကို ဖက်ရွက်ထဲ ထည့်ထုပ်ပြီး ပေါင်းထားတာ။ အရသာက နည်းနည်းပေါ့တယ်.. ဗမာဟင်းတွေကျတော့ နည်းနည်းအရသာလေးလို့လားမသိဘူး။

 

ဆန်စေးနဲ့ ရှမ်းခေါက်ဆွဲ

ဒီနှစ်ခုကတော့ အကုန်လုံးလည်း သိပြီးသားအတိုင်းပါပဲ.. ဆန်စေးမှာက အရည်နဲ့ အသုပ်ဆိုပြီး နှစ်မျိုးရှိတယ်။ ဆန်စေးက ရှမ်းခေါက်ဆွဲလိုပုံစံမျိုးကိုမှ နည်းနည်းပိုစေးတဲ့ပုံစံလေးပေါ့။ ရှမ်းခေါက်ဆွဲထက် ဆန်စေးက နည်းနည်းပိုပြီး အလုံးကြီးတယ်။ ရှမ်းခေါက်ဆွဲက စပ်တဲ့အရသာမျိုးရှိပြီး ဆန်စေးကတော့ အချိုပဲ။ မသိတဲ့လူ မရှိလောက်ဘူးဆိုပေမဲ့ အကယ်၍များဆိုပြီး ထည့်ရေးပေးလိုက်ပါတယ်နော် 😆

 

ငါးထမင်းနယ်

ဒါကကျတော့ ငါးရံ့ကို အရင်ပြုတ်တယ်.. ပြီးတော့ အရိုးတွေဖယ်ပြီး ထမင်း၊ ဂျူးမြစ်တို့နဲ့ ရောနယ်တာမျိုးပေါ့။ နောက်ပြီး ငရုတ်သီးလှော်လေးနဲ့ ကြက်သွန်ဆီချက်ကို အပေါ်ကနေ အုပ်လိုက်တော့ အနံ့မွှေးသွားရော။ အရသာကတော့.. ထမင်းအရသာက နည်းနည်းလေးပြီး အသားကျတော့ ခပ်ပေါ့ပေါ့လေး။

 

ရှမ်းထမင်းချဉ်

သူကတော့ ငါးထမင်းနယ်လိုမျိုးကို သက်သက်လွတ် version ပေါ့နော်.. ကြက်သွန်ဆီချက်လည်းပါတယ်။ အပေါ်ကနေ ခရမ်းချဉ်သီးအနှစ်နဲ့ အုပ်လိုက်တာပဲ။ အရသာကတော့ နာမည်အတိုင်းပဲ နည်းနည်းချဥ်တာပေါ့။

Discover.Eat.Enjoy.Doemal

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top