Uncategorized

လူကြိုက်များနေတဲ့ Samyang ရဲ့ ထုတ်ကုန်အချို့

ရှိသလားဟေ့.. ကိုယ်တွေလို ခေါက်ဆွဲပဲ ခဏခဏပြုတ်စားနေလို့ အော်ခံထိနေတဲ့အချောလေးတွေ အလဲ့ 😂 Samyang ဆိုတဲ့ အသင့်စား ခေါက်ဆွဲတံဆိပ်ကို မကြားဖူးတဲ့လူ တော်တော်ရှားမယ်ထင်တာပဲ။ အဲ့ရှားရှားပါးပါးလေးတွေအတွက် ဒိုးမယ်က အညွှန်းလေးရေးပေးထားတယ်။ မစားခင် ဖတ်ကြည့်ကြည့်ပေါ့ >>

အရင်ဆုံး ခေါက်ဆွဲအကြောင်းမပြောခင် တရုတ်ကတစ်ပုံစံတည်း လိုက်ထုတ်ထားတဲ့အတုနဲ့ မှားမဝယ်မိဖို့တော့ သတိထားရမယ်နော်.. (အတုမိဖူးသူလေးရဲ့ ရင်တွင်းစကားသံလေးတွေပါ။) City Mart တို့ Ocean တို့က ဝယ်တာကတော့ စိတ်ချရမယ်ထင်ပါတယ်။

Samyang မှာက 80g အထုပ်သေးလေးနဲ့ 140g အထုပ်ကြီးဆိုပြီး ၂ မျိုးရှိတယ်။ ဒါပေမဲ့ အထုပ်သေးနဲ့ အထုပ်ကြီးက flavor တွေမတူဘူးနော်။ နောက်ထပ် ဘာကွာလဲဆိုတော့ 80g က တစ်ယောက်စာကွက်တိပဲ။ ခေါက်ဆွဲသားက 140g က ခေါက်ဆွဲထက် သေးတယ်ဆိုပေမဲ့ တခြားအသင့်စားခေါက်ဆွဲသားဆိုဒ်လို့တော့ ပြောလို့ရတယ်.. နောက်ပြီး စျေးက 850 ကျပ်။

140 g ကျတော့ ခေါက်ဆွဲမျှင်ဆိုဒ်က ကြီးတယ်.. တစ်ယောက်စာထက် နည်းနည်းပိုတော့ တခြားလူတွေနဲ့ ခွဲစားလို့ရပေမဲ့၊ တစ်ယောက်တည်းစားလို့ကုန်တယ် ဘယ်သူနဲ့မှ မျှမစားဘူးနော်ဆိုရင်လည်း အပီအပြင်စားပေရော့ပဲ.. စျေးကတော့ 1650 ကျပ်။ ဪ 140 g မှာက ဘူးနဲ့ အထုပ်ဆိုပြီး (၂)မျိုး ရတယ်နော်။ ကဲ ဒီတော့ အခု ကိုယ်သဘောကျတဲ့ flavor တချို့ကို ပြောပြပေးမယ်..

၁။ Bulgogi (80 g)

အစပ်မကြိုက်ဘူး.. ဒါပေမဲ့ နာမည်ကြီးနေတဲ့ Samyang မို့လို့ စားကြည့်ချင်တယ်ဆိုရင်တော့ ဒီ Bulgogi flavor ကို စားကြည့်ကြည့်။ ချိုချိုလေးမို့လို့ အစပ်ကြောက်တဲ့လူတွေအတွက် ကွက်တိ။ ဒါပေမဲ့ တစ်ယောက်စာလေးမို့လို့ ကိုယ်ကတော့ ဗိုက်သိပ်မဝဘူး 😂

၂။ Jjajang (80 g)

ကိုရီးယားကားတွေထဲမှာ ပဲခေါက်ဆွဲစားတိုင်း သရေကျနေပြီလား.. ဆိုင်မှာပဲ ခဏခဏသွားဝယ်စားနေရတာလည်း ပျင်းတယ်၊ အိမ်မှာပဲ ဇိမ်လေးနဲ့စားချင်တယ်ဆိုရင် ဒီ Jjajang အထုပ်လေး ပြေးဝယ်ပေတော့.. ပြုတ်ဖို့တော့ မပျင်းနဲ့ပေါ့နော်။ ပဲခေါက်ဆွဲအနှစ်လေးတွေက အသက်။ Bulgogi ထက်စာရင် ဒီအရသာကို ပိုကြိုက်တယ်.. တအားလည်းမချိုဘူး.. စပ်လည်းမစပ်ဘဲနဲ့ အရသာလေးက မိုက်တယ်။

၃။ Hot Chicken Flavor (140 g)

ဒါကတော့ တကယ့်ကို မီးတောက်အီမိုဂျီပဲ.. စပ်တာမှ ကြိုက်တယ်ဆိုရင် ဒီ flavor က တကယ် ပေးရတဲ့စျေးနဲ့ အရသာနဲ့တန်တယ်။ ကိုယ့်လို အစပ်မကြိုက်တဲ့လူအတွက်တော့ တော်တော်စပ်တယ်.. ဒါပေမဲ့ တစ်ရက်တုန်းကဆို ဝက်သားကို ပါးပါးလှီးပြီး ငရုတ်ကောင်းနည်းနည်းနဲ့ ကင်၊ ပြီးတော့ ဒီခေါက်ဆွဲနဲ့ ရောနယ်ပြီး စားကြတာ ရှယ်ပဲ။

၄။ Hot Chicken Flavor Jjajang (140 g)

မစပ်ရင် ပဲခေါက်ဆွဲကြီးက အီနေမှာပေါ့ဆိုတဲ့ ကိုကိုတို့ မမတို့အတွက်ကတော့ ဒီ အထုပ်ကြီးနဲ့ဆို ရှယ်ပဲပေါ့။ 140 g ဆိုတဲ့အတိုင်းပဲ ခေါက်ဆွဲသားကလည်းအကြီး၊ အထုပ်ကြီးဆိုတော့ အဝသာစားတော့။ 140 g မှာက ပဲစေ့လေးတွေနဲ့ အသားလည်းနည်းနည်းပါသေးတယ်.. ဒါပေမဲ့ Hot Chicken Flavor လောက်တော့ မစပ်ဘူးလို့ထင်တာပဲ။

၅။ Cheese (140 g)

ဒီတစ်ခုကလည်း စပ်တယ်.. သူကျတော့ ချိစ်အနံ့လေးနဲ့ပေါ့။ Cheese လား Hot Chicken flavor လားလို့ နှစ်ခုထဲက တစ်ခုကိုရွေးခိုင်းရင်တော့ Hot Chicken ကိုပဲ ရွေးမိမှာပဲ။

ဒီ Flavor တွေတင်မကသေးဘူး.. 80 g မှာဆိုရင် ကင်ချီအရသာတို့ တော့ပိုကီအရသာတို့လည်း ရှိသေးတယ်။ နောက်ပြီး 140 g မှာဆိုရင် မာလာအရသာ၊ seafood အရသာ၊ Hot Chicken Flavor Curry နဲ့ တခြားဟာတွေလည်းရှိပါ့.. နာမည်ကြီးတဲ့ 2x Hot Chicken Flavor ကိုတော့ ကိုယ်လည်း မြည်းမကြည့်ဖြစ်သေးဘူး 😂

ပရိသတ်ကြီးတို့ရေ နောက်တစ်ပတ်ဆောင်းပါးမှာ ပြန်ဆုံမယ်နော်။
စာဖတ်သူပရိသတ်ကြီးတို့အမြဲပျော်ရွှင်ပါစေဆုတောင်းရင်း…….။

အစားအသောက်နဲ့ ပတ်သတ်တဲ့ Coupon တွေ ရယူချင်တယ်ဆိုရင် Doeml App ကို Down ထားဖို့ လိုမယ်နော်
Download App Link >>
📍 Andriod : http://bit.ly/2DI0beN
📍 IOS : https://apple.co/2HvgvDh

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top