Lifestyle

ဆောင်းဦးရာသီရဲ့ ရာသီပေါ်အသီးအနှံများ


ဆောင်းဦးလည်းရောက်ပြီနော် ချစ်ပရိသတ်ကြီးတို့ရေ။မနက်ပိုင်းတွေဆို အအေးဓာတ်လေးကလည်း ပိုလာပြီနော်။ ဒီလိုရာသီအကူးအပြောင်းကာလတွေမှာ ရာသီအလိုက် အသီးအနှံတွေကလည်း ပေါများလာတာကို တွေ့နေရစမြဲပါပဲ။ နှစ်တိုင်းမှာတွေ့နေရပေမဲ့လည်း ဘယ်တော့မှလည်းရိုးမသွားပါဖူး။ မျှော်ပြီးအရသာခံစားသုံးရတာက ကြည်နူးမှုတစ်ခုပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ အသီးအနှံလေးတွေအပြင် ဘယ်လို အလွယ်ဆုံးစားရမလည်းပါ ဖော်ပြပေးထားလို့ သိပ်ခေါင်းစားစရာ မလိုပါဖူးနော်။

ကီဝီသီး

စျေးကြီးတာကစရေးတယ်ဆိုပြီး မတွေးလိုက်ပါနဲ့ ပရိသတ်ကြီးတို့ရေ။ တကယ်ကိုလည်း တစ်နှစ်မှာတစ်ခါဖောဖောသီသီအပြင် စျေးသက်သက်သာသာလည်း ဒီလိုအချိန်ပဲရနိုင်တာမို့ လက်မလွှတ်ပဲ ဝယ်သာစားလိုက်ပါ။ ဒီအတိုင်းစားလို့လည်းရသလို ဒိန်ချဉ်နဲ့လည်း ဖျော်သောက်လို့ရပါတယ်နော်။

စတော်ဘယ်ရီ

မကြိုက်တဲ့သူ ခပ်ရှားရှားရယ်ပါနော်။ ဖျော်သောက်လို့လည်းရပါတယ်။ ဒိန်ချဉ်နဲ့ရောဖျော်လည်းရပါတယ်။ ရေခဲမုန့်နဲ့ တွဲဖက်စားလို့လည်းရပါတယ်။ သုပ်စားလို့ကတော့ အရသာဆန်းတစ်မျိုးနဲ့ အကြိုက်တွေ့စေမှာပါ။

ပိန်းဥ

စာရေးသူကတော့ အာလူးအစားထိုးလို့ပဲ ခေါ်လေ့ရှိပါတယ်။ ပြုတ်ပြီး ဆီနှင့်ဆားတို့ပြီးစားလို့ ရသလို စာရေးသူကတော့ ပုဇွန်အသေးလေးတွေေနဲ့ရောပြီး မဆလာများများလေးနဲ့ အရည်ကျဲဟင်းလေးချက်စားပါတယ်။

ဖရဲသီး

တော်တော်ကိုဖောဖောသီသီလေးတွေ့နိုင်ပါတယ်။ စာရေးသူကတော့ ဖျော်သောက်ရတာ ပိုကြိုက်တယ်။

ကြံ

နွေဘက်ရတဲ့ကြံနဲ့နည်းနည်းတော့ ကွာပါတယ်။ အရောင်ပိုညိုပြီး အရမ်းကြီးမချိူပါဖူး။ ဒီအတိုင်းကိုက်စားရတာ ပါးစပ်ညောင်းပေမဲ့ အရသာတော့ရှိလှပါတယ်။ အရည်ညှစ်သောက်ရင်လည်း တကယ့်ကို ချိူပြီး ရင်အေးစေပါတယ်။

ကဲ အခုလောက်ဆို ပရိသတ်ကြီးတို့ ရာသီပေါ်သီးနှံဘာတွေလည်းရှာနေစရာမလိုတော့သလို ဘယ်လိုစားရမလည်းဆိုတာကို ခေါင်းခဲပြီးတွေးနေစရာမလိုတော့ဖူးပေါ့နော်။

အစားအသောက်နဲ့ ပတ်သတ်တဲ့ Coupon တွေ ရယူချင်တယ်ဆိုရင် Doeml App ကို Down ထားဖို့ လိုမယ်နော်
Download App Link >>
📍 Andriod : http://bit.ly/2DI0beN
📍 IOS : https://apple.co/2HvgvDh

ပရိသတ်ကြီးတို့ရေ နောက်တစ်ပတ်ဆောင်းပါးမှာ ပြန်ဆုံမယ်နော်။
စာဖတ်သူပရိသတ်ကြီးတို့အမြဲပျော်ရွှင်ပါစေဆုတောင်းရင်း…….။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top