Lifestyle

ငှက်ပျောသီး၏ အသုံးဝင်ပုံ (၅) မျိုး

ဒိုးမယ် ကိုနေ့စဉ်အားပေးဖတ်နေကြတဲ့ ကိုကိုမမများ ဌက်ပျောသီးမှာဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ ဆိုတာပြောပြရင် အံ့သြသွားမယ်ထင်တယ် ။ ဌက်ပျောသီးက ၁၂ ရာသီ ပေါ်နေတဲ့အသီးပါ ။ သဘာဝကပေးထားတဲ့လက်ဆောင်လို့လဲပြောလို့ရသလို လူတွေကိုလဲအလွန်အကျိုးပြုပါတယ်။

၁. ခုခံအားကောင်းစေခြင်း

ဌက်ပျောသီးကို နေ့စဉ်ပုံမှန်စားခြင်းအားဖြင့် ကျန်းမာရေးနဲ့ အစာအာဟာရ ကိုအလွန်ရရှိနိုင်ပါတယ် ။ ဌက်ပျောသီးကို တနေ့၂လုံးပုံမှန်စားခြင်းအားဖြင့် ကိုယ်ခံအားကိုကောင်းစေရုံသာမက လေဖြတ်ခြင်းကို တ်ကာကွယ်ပေးပါတယ်။ ဌက်ပျောသီးမှာ ဆိုဒီယမ် အနည်းငယ်သာပါဝင်ပြီး ပိုတက်စီယမ် များစွာပါဝင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။

၂. diet လုပ်သူများစားရန်

ဌက်ပျော်သီးကအစာစားချင်စိတ်ကို ထိန်းပေးလို့ diet လုပ်နေတဲ့သူတွေအတွက်လဲအလွန်သင့်တော်ပါတယ်နော်။ ညနက်မှဗိုက်ဆာတတ်တဲ့ကိုကိုမမတွေအတွက်လဲ ကျန်တဲ့အစားအစာတွေထက်ဌက်ပျော်သီးကအဆီမတက်တဲ့အတွက်ကြောင့် အမြဲစားသုံးရန်တိုက်တွန်းပြစေ

၃. သွားများကိုဖြူစေခြင်း

ဌက်ပျောသီးမှာ စားပီးသား ဌက်ပျောခွံလတ်လတ်ဆတ်ဆတ်ကို သွားများဖြူအောင်တိုက်သည့်နေရာမှာလဲအသုံးပြုကြပါတယ် ။ပိုတက်စီယမ် နှင့် ဗီတာမင် ဓါတ်ကြွယ်ဝလို့ သွားကိုဖြူစေတဲ့အပြင် ခိုင်ခံတဲ့သွားများကိုလဲရရှိစေပါတယ်။သွားတိုက်ပြီး ၂မိနစ်ကြာ ဌက်ပျောခွံကိုကပ်ထားပါ။သွားဖြူဖြူလေးနဲ့လူအများရှေ့မှာ အားရပါးရပြုံးလို့ရပီပေါ့။ ညစဉ်အိပ်ခါနီးတိုက်ပေးရုံနဲ့ ခံတွင်းနံကောင်းတဲ့အပြင်သွားများကိုဖြူစေလို့ညတိုင်းပြုလုပ်သင့်ပါတယ်နော်

4. မျက်နှာအတွက်facemask

ဌက်ပျောသီးကို ညအိပ်ခါနီးမှာ ကြက်ဥအကာနဲ့ရောပီး ပေါင်းတင်တဲ့နေရာမှာလဲအသုံးပြုကြပါတယ် ။ကြည်လင်တောက်ပတဲ့မျက်နှာနဲ့ အပြုံးပိုင်ရှင်လေးဖြစ်ဖို့ဆိုရင်တော့ညတိုင်းလုပ်ပေတော့

၅ .ဆံပင်နှစ်ခွဖြစ်ခြင်း နှင့် ဆံပင်ကျွတ်ခြင်းများကိုလဲကာကွယ်နိုင်ခြင်း

အသုံးပြုပုံလေးကတော့ ဌက်ပျောသီးကိုချေပြီး ပျားရည်နဲ့ရောပါ။ ရေမချိုးခင်ပြုလုပ်ထားတဲ့အရည်နဲ့လုပ်ပေးပါ ။နက်မှောင်သန်စွမ်းတဲ့ဆံပင်ကိုရရှိမှာဖြစ်ပါတယ်နော်။
ကယ်အခုဆိုဌက်ပျောသီးရဲ့အသုံးဝင်ပုံကို သိပြီဖြစ်တဲ့အတွက် ငွေကုန်ကြေးကျ အရမ်းမများပဲအသုံးဝင်တာကြောင့် သိသင့်တဲ့သူတွေကိုရှဲပေးလိုက်ကြပါဦး။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top