Lifestyle

တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ဆောင်ရန်ရှောင်ရန်များ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လူတော်တော်များများစိတ်ဝင်းစားကြတဲ့အတွက် လူစည်ကားတဲ့နေရာမှာ ဆောင်ရန်ရှောင်ရန်လေးတွေသိဖို့လိုပါတယ်နော်။ဖွင့်ပွဲမှီချင်ရင် ညနေ ၃နာရီကတည်းက စထွက်ပါ။

၁. အသားကပ်အကျီၤ

အဝတ်အစားတွေကို လုံလုံခြုံခြုံလေး ဝတ်ပြီး အသားကပ်အကျီင်္နဲ့ အနွေးထည်ကိုလဲ ထူထူထပ်ထပ်လေး ဝတ်သွားစေချင်ပါတယ်နော် တောင်ကြီးတန်ဆောင်တိုင်က ကွင်းထဲမှာ ဆိုတော့ ပိုပြီး အေးမှာ မို့လို့ပါ

၂. ဖိနပ်

ဖိနပ်စျေးအကြိးစားအကောင်းစားမလိုပါဘူးနော်။ညဆိုတော့မြင်မှာလဲမဟုတ် ( ဒေါက်မြင့်ဖိနပ်စီးလို့ကတော့ ငါးပါးမှောက်လိမ့်မယ် ။ ဟိုကမြေနီကွင်း )

၃. ထိုင်ဖို့အခင်း

ပွဲမှာ ဘေးကအချစ်လေးနဲ့ ၂ယောက်တည်းကိုကိုမမတွေကတော့ ထိုင်ဖို့ဆာလာအိတ်လေးယူလာပါ။

၄.ရှောင်ရန်

မီးပုံးပျံအနီးကပ်ကြည့်ဖို့မစဉ်းစားပါနဲ့ ။ မရဘူး အရမ်းကြည့်ချင်သပဆိုရင် လေဘယ်ဘက်တိုက်လဲအရင် ရှိုး (အပေါ်မှာမီးခိုးတွေဘယ်ဘက်သွားလဲဆိုတာ) လေတိုက်ရာဆန့်ကျင်ဘက်ကနေအနီးကပ်ကြည့်ပေတော့။ ဘေးကချစ်လေးလက်ကိုတော့မဖြုတ်မိစေနဲ့ငါးပါးမှောက်သွားလိမ့်မယ်။

၅. ပိုက်ဆံ

အစားသောက်တွက်ကတော့ အလွန်အကျွံစားတာသောက်တာ ၁၀၀၀၀ လောက်ဆိုရပြီ။ မဟုတ်ဘူး Channel Tgi Club ဘာညာတက်ချင်ရင်တော့ 20000 လောက်ပဲထည့်သွားပေးပါ။

၆. Mask

မျက်နှာအုပ်ဖို့ Mask ယူလာပါ။မယူလာဖြစ်ရင်လဲမပူပါနဲ့ ပွဲခင်းထဲမှာ တခု ၁၀၀၀ လောက်ပါပဲ။ ညထိကြည့်မယ်ဆိုရင် မျက်နှာအေးပီးအသားအရည်မပျက်စီးဖို့လိုပါတယ်နော်။
ကယ်ဒိုးမယ်ကိုအားပေးနေကြတဲ့ ပရိတ်သတ်ကြီးများ တန်ဆောင်တိုင်မှာ ပျော်ပျော်ရွင်ရွင်နဲ့ ဖြတ်သန်းကြဖို့ အကြံဉာဏ်လေးတွေ ပေးထားပါတယ်နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top